ဒီအချိန် အကြောင်းပြချက်ကောင်းကောင်းသာရှိရင် ပြိုလဲသွားမှာသေချာပါတယ်

ဒီအချိန် အကြောင်းပြချက်ကောင်းကောင်းသာရှိရင် ပြိုလဲသွားမှာသေချာပါတယ်

တစ်စုံတစ်ရာမပျော်စေဘူးဆိုရင်တောင် တခြားအရာတစ်ခုခုနဲ့ ဖြေသိမ့်လို့ရနေသေးရင် အဆင်ပြေပါတယ် အရာရာကိုက အဆင်မပြေတော့တဲ့အခါ မာန်တင်းထားတဲ့ကြားက ခြေထောက်တွေက ယိုင်ယိုင်သွားသေးတယ်လေ … ဒီအချိန်မှာသာ အကြောင်းပြချက် ကောင်းကောင်းလေးသာ ရှိနေခဲ့ရင် တကယ်ကို ပြိုလဲသွားမှာပါ

ပျော့ညံ့လိုက်တာဆိုတဲ့ ခေါင်းစဉ် အရင်ဆုံးမတပ်ပါနဲ့ … အထီးကျန်ရခြင်းတွေမှာ ဘယ်လောက်ပဲ အသားကျပါတယ်ပြောပြော ကိုယ်ချစ်တဲ့သူဆီက ရတဲ့ ဥပေက္ခာတွေ ကြားမှာတော့ ဘယ်သူမှ အသားကျအောင် မနေနိုင်သေးပါဘူး … ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေရယ် ငါ့ကျမှ ဆိုတဲ့ အပြစ်တင်သံတွေကြားမှာ ဆွဲထားရမယ့်လက်တွေကလဲ ရှားတယ် …

မက်နေတဲ့ အိပ်မက်တွေ ပျက်ပြယ်သွားတဲ့အခါ ဆက်ပြီးမက်ပါဆိုပြီး အားပေးမယ့်လူကလဲ ကိုယ့်ကို ပိုပြီး ထိုးနှက်လာတဲ့အခါ မက်လက်စအိပ်မက်တွေတောင် ဆက်ပြီး မက်ရမှာကို ကြောက်လာတတ်တယ်လေ အရင်က အတူတူဆိုပြီး မျှော်လင့်ခဲ့တဲ့လမ်းထက်မှာ တစ်ယောက်တည်း ကျန်ခဲ့ခြင်းတွေကလဲ ပြိုလဲချင်စရာပါပဲလေ ….

မဖြစ်သေးပါဘူးဆိုတဲ့ အတွေးနဲ့သာ အနောက်ဘဝတွေကို ကြည့်ရင်း ဆက်ပြီး ရပ်နေတာပါ အပြုံးတွေမှာ အသက်မပါတော့ဘူး လမ်းတွေ လျှောက်နေပေမယ့်လဲ ပန်းတိုင်တွေဟာ မရေရာ မသေချာတော့ဘူး ဘာကို မျှော်လင့်ပြီး နေရမယ်ဆိုတာ မသိတော့တဲ့ အခိုက်အတန့်တွေလေ …

တကယ်ကို သိပ်ပင်ပန်းနေပါပြီ … ဒီအချိန် အကြောင်းပြချက်ကောင်းကောင်းလေး တစ်ခုသာရှိရင် တကယ်ပဲ ပြိုလဲသွားမယ့်သူဟာ ကိုယ်ပါ ။

သျှင်ယွန်း

ဒီအခ်ိန္ အေၾကာင္းျပခ်က္ေကာင္းေကာင္းသာရွိရင္ ျပိဳလဲသြားမွာေသခ်ာပါတယ္

တစ္စံုတစ္ရာမေပ်ာ္ေစဘူးဆုိရင္ေတာင္ တျခားအရာတစ္ခုခုနဲ႔ ေျဖသိမ့္လို့ရေနေသးရင္ အဆင္ေျပပါတယ္ အရာရာကုိက အဆင္မေျပေတာ့တဲ့အခါ မာန္တင္းထားတဲ့ၾကားက ေျခေထာက္ေတြက ယိုင္ယိုင္သြားေသးတယ္ေလ … ဒီအခ်ိန္မွာသာ အေၾကာင္းျပခ်က္ ေကာင္းေကာင္းေလးသာ ရွိေနခဲ့ရင္ တကယ္ကို ျပိဳလဲသြားမွာပါ

ေပ်ာ့ညံ့လုိက္တာဆိုတဲ့ ေခါင္းစဥ္ အရင္ဆံုးမတပ္ပါနဲ႔ … အထီးက်န္ရျခင္းေတြမွာ ဘယ္ေလာက္ပဲ အသားက်ပါတယ္ေျပာေျပာ ကုိယ္ခ်စ္တဲ့သူဆီက ရတဲ့ ဥေပကၡာေတြ ၾကားမွာေတာ့ ဘယ္သူမွ အသားက်ေအာင္ မေနနိုင္ေသးပါဘူး … ဘာေၾကာင့္လဲဆုိတဲ့ ေမးခြန္းေတြရယ္ ငါ့က်မွ ဆုိတဲ့ အျပစ္တင္သံေတြၾကားမွာ ဆြဲထားရမယ့္လက္ေတြကလဲ ရွားတယ္ …

မက္ေနတဲ့ အိပ္မက္ေတြ ပ်က္ျပယ္သြားတဲ့အခါ ဆက္ျပီးမက္ပါဆုိျပီး အားေပးမယ့္လူကလဲ ကိုယ့္ကို ပိုျပီး ထိုးနွက္လာတဲ့အခါ မက္လက္စအိပ္မက္ေတြေတာင္ ဆက္ျပီး မက္ရမွာကို ေၾကာက္လာတတ္တယ္ေလ အရင္က အတူတူဆုိျပီး ေမွ်ာ္လင့္ခဲ့တဲ့လမ္းထက္မွာ တစ္ေယာက္တည္း က်န္ခဲ့ျခင္းေတြကလဲ ျပိဳလဲခ်င္စရာပါပဲေလ ….

မျဖစ္ေသးပါဘူးဆိုတဲ့ အေတြးနဲ႔သာ အေနာက္ဘ၀ေတြကို ၾကည့္ရင္း ဆက္ျပီး ရပ္ေနတာပါ အျပံဳးေတြမွာ အသက္မပါေတာ့ဘူး လမ္းေတြ ေလွ်ာက္ေနေပမယ့္လဲ ပန္းတိုင္ေတြဟာ မေရရာ မေသခ်ာေတာ့ဘူး ဘာကို ေမွ်ာ္လင့္ျပီး ေနရမယ္ဆိုတာ မသိေတာ့တဲ့ အခိုက္အတန့္ေတြေလ …

တကယ္ကို သိပ္ပင္ပန္္းေနပါျပီ … ဒီအခ်ိန္္ အေၾကာင္းျပခ်က္ေကာင္းေကာင္းေလး တစ္ခုသာရွိရင္ တကယ္ပဲ ျပိဳလဲသြားမယ့္သူဟာ ကိုယ္ပါ ။

သွ်င္ယြန္း