ပင်ပန်းလွန်းမက ပင်ပန်းလာတဲ့အခါ အရာရာကို လွှတ်ချလိုက်ဖို့တွေးတယ် …

ပင်ပန်းလွန်းမက ပင်ပန်းလာတဲ့အခါ အရာရာကို လွှတ်ချလိုက်ဖို့တွေးတယ် …

လူတစ်ယောက် ဘယ်လောက်ထိ ခံနိုင်ရှိသလဲဆိုပြီး လူတချို့က စမ်းသပ်ချင်ကြတယ်ထင်ပါတယ် …. တစ်ခါ ခွင့်လွှတ်ပေးလိုက်ရင် နောက်တစ်ကြိမ်လဲ ခွင့်လွှတ်လိမ့်မယ်လို့ ထင်သွားတတ်ကြတယ် .. တစ်ခါ ကူညီပေးလိုက်ရင် အမြဲတမ်းကူညီနေလိမ့်မယ်ဆိုတဲ့ စိတ်ကြီးစွဲသွားတယ် တစ်ခါ သည်းခံလိုက်ရင် အမြဲတမ်း သည်းခံနေမှာပဲဆိုပြီး အနိုင်ကျင့်ဖို့ တွေးကြတယ် …

လူလေ .. အသွေးအသားနဲ့ တည်ဆောက်ထားတာ ခုန်နေတဲ့ နှလုံးသား ရှိတယ် စီးဆင်းနေတဲ့ သွေးတွေရှိတယ် ခံစားတတ်တဲ့ စိတ်ရှိတယ် တွေးတောတတ်တဲ့ ဦးနှောက်ရှိတယ် သည်းခံတယ် ဘယ်လောက်ထိ သည်းခံနိုင်မှာလဲ ဖိပါများရင်တော့ တွန်းကန်ထွက်တဲ့ သဘောလိုပါပဲ သည်းခံရပါများရင်း ပင်ပန်းလာတဲ့အခါ ဘယ်သူ့မျက်နှာမှ မကြည့်ပဲ ပေါက်ကွဲတတ်လာတယ် … အဲ့ဒီအချိန်မှ လူဆိုးကြီးဆိုတဲ့ ခေါင်းစဉ်တွေမတပ်နဲ့ပေါ့ ….

ပူလောင်လွန်းမက ပူလောင်လာတဲ့အခါ ကိုယ် ရပ်နေတဲ့ ဘယ်အရပ်ကဖြစ်ဖြစ် ဘယ်သူမဆို လှည့်ထွက်ဖြစ်ခဲ့မှာပါပဲ … မျက်နှာတွေ ကြည့်ရတာ ပူလောင်လာတဲ့အခါ စကားတွေပြောနေတာ ပူလောင်လာတဲ့အခါ အဲ့ဒီအရပ်မှာ ဘယ်သူမှ ကြာကြာ ရပ်မနေနိုင်တော့ဘူး … အေးချမ်းအောင် မနေနိုင်သေးရင်တောင် အရမ်းပူလောင်လွန်းတဲ့အရပ်တွေမှာတော့ ဘယ်သူမှ ကြာကြာမနေချင်ကြပါဘူး

ဆွဲထားရတာ ပင်ပန်းလာတဲ့အခါကျရင်တော့ … ကိုယ်ဘယ်လောက်ပဲ မြတ်နိုးတဲ့အရာပဲဖြစ်ဖြစ် လက်လွှတ်ပေးလိုက်မှာပါ … ချစ်ခြင်းမေတ္တာဟာ အေးမြတယ်ဆိုပေမယ့် ကိုယ့်ကို မချစ်တဲ့သူကို ချစ်နေမိခြင်းက သိပ်ကို ပင်ပန်းစေတယ်ဆိုတာ ချစ်ဖူးသူတိုင်းပဲသိပါတယ် အနားနေချင်ပေမယ့်လို့ နာကျင်လာရတဲ့အခါ ဆက်လျှောက်ရမှာကို ကြောက်တတ်လာတယ်

ကင်ဆာမှ ကျွမ်းတတ်တာမှ မဟုတ်ပဲလေ နှလုံးသားမှာ သိမ်းထားမိတဲ့ နာကျင်မှုတွေကလဲ နှလုံးသားကို လောင်ကျွမ်းစေပါတယ် မီးတောက်တွေ မထွက်ပေမယ့်လို့ ပူူရတတ်တယ် …. ပင်ပန်းလွန်းမက ပင်ပန်းလာတဲ့အခါ ဘယ်အရာကိုမှ မပိုင်ရတော့မယ့်အတူတူ ဘယ်အရာကိုမှ မပိုင်ချင်တော့ပဲ လွှတ်ချလိုက်မိမှာပါ ။

သျှင်ယွန်း

ပင္ပန္းလြန္းမက ပင္ပန္းလာတဲ့အခါ အရာရာကို လႊတ္ခ်လုိက္ဖုိ့ေတြးတယ္ …

လူတစ္ေယာက္ ဘယ္ေလာက္ထိ ခံနုိင္ရွိသလဲဆုိျပီး လူတခ်ိဳ႕က စမ္းသပ္ခ်င္ၾကတယ္ထင္ပါတယ္ …. တစ္ခါ ခြင့္လႊတ္ေပးလုိက္ရင္ ေနာက္တစ္ၾကိမ္လဲ ခြင့္လႊတ္လိမ့္မယ္လုိ့ ထင္သြားတတ္ၾကတယ္ .. တစ္ခါ ကူညီေပးလုိက္ရင္ အျမဲတမ္းကူညီေနလိမ့္မယ္ဆိုတဲ့ စိတ္ၾကီးစြဲသြားတယ္ တစ္ခါ သည္းခံလိုက္ရင္ အျမဲတမ္း သည္းခံေနမွာပဲဆိုျပီး အနုိင္က်င့္ဖို့ ေတြးၾကတယ္ …

လူေလ .. အေသြးအသားနဲ႔ တည္ေဆာက္ထားတာ ခုန္ေနတဲ့ ႏွလံုးသား ရွိတယ္ စီးဆင္းေနတဲ့ ေသြးေတြရွိတယ္ ခံစားတတ္တဲ့ စိတ္ရွိတယ္ ေတြးေတာတတ္တဲ့ ဦးေနွာက္ရွိတယ္ သည္းခံတယ္ ဘယ္ေလာက္ထိ သည္းခံနုိင္မွာလဲ ဖိပါမ်ားရင္ေတာ့ တြန္းကန္ထြက္တဲ့ သေဘာလုိပါပဲ သည္းခံရပါမ်ားရင္း ပင္ပန္းလာတဲ့အခါ ဘယ္သူ့မ်က္နွာမွ မၾကည့္ပဲ ေပါက္ကြဲတတ္လာတယ္ … အဲ့ဒီအခ်ိန္မွ လူဆိုးၾကီးဆိုတဲ့ ေခါင္းစဥ္ေတြမတပ္နဲ႔ေပါ့ ….

ပူေလာင္လြန္းမက ပူေလာင္လာတဲ့အခါ ကိုယ္ ရပ္ေနတဲ့ ဘယ္အရပ္ကျဖစ္ျဖစ္ ဘယ္သူမဆို လွည့္ထြက္ျဖစ္ခဲ့မွာပါပဲ … မ်က္ႏွာေတြ ၾကည့္ရတာ ပူေလာင္လာတဲ့အခါ စကားေတြေျပာေနတာ ပူေလာင္လာတဲ့အခါ အဲ့ဒီအရပ္မွာ ဘယ္သူမွ ၾကာၾကာ ရပ္မေနနိုင္ေတာ့ဘူး … ေအးခ်မ္းေအာင္ မေနနိုင္ေသးရင္ေတာင္ အရမ္းပူေလာင္လြန္းတဲ့အရပ္ေတြမွာေတာ့ ဘယ္သူမွ ၾကာၾကာမေနခ်င္ၾကပါဘူး

ဆြဲထားရတာ ပင္ပန္းလာတဲ့အခါက်ရင္ေတာ့ … ကိုယ္ဘယ္ေလာက္ပဲ ျမတ္နုိးတဲ့အရာပဲျဖစ္ျဖစ္ လက္လႊတ္ေပးလုိက္မွာပါ … ခ်စ္ျခင္းေမတၱာဟာ ေအးျမတယ္ဆုိေပမယ့္ ကုိယ့္ကို မခ်စ္တဲ့သူကို ခ်စ္ေနမိျခင္းက သိပ္ကို ပင္ပန္္းေစတယ္ဆုိတာ ခ်စ္ဖူးသူတိုင္းပဲသိပါတယ္ အနားေနခ်င္ေပမယ့္လုိ့ နာက်င္လာရတဲ့အခါ ဆက္ေလွ်ာက္ရမွာကို ေၾကာက္တတ္လာတယ္

ကင္ဆာမွ ကြ်မ္းတတ္တာမွ မဟုတ္ပဲေလ နွလံုးသားမွာ သိမ္းထားမိတဲ့ နာက်င္မႈေတြကလဲ နွလံုးသားကို ေလာင္ကြ်မ္းေစပါတယ္ မီးေတာက္ေတြ မထြက္ေပမယ့္လုိ့ ပူူရတတ္တယ္ …. ပင္ပန္းလြန္းမက ပင္ပန္းလာတဲ့အခါ ဘယ္အရာကိုမွ မပုိင္ရေတာ့မယ့္အတူတူ ဘယ္အရာကိုမွ မပိုင္ခ်င္ေတာ့ပဲ လႊတ္ခ်လုိက္မိမွာပါ ။

သွ်င္ယြန္း