ကျွန်မကပဲ …ဂရုစိုက်ဖို့ မထိုက်တန်ခဲ့တာလား ….

ကျွန်မကပဲ …ဂရုစိုက်ဖို့ မထိုက်တန်ခဲ့တာလား ….

တစ်ခါတစ်လေတွေးမိတယ် … ကိုယ်အလေးဘယ်လောက်ပဲထားထား ဘယ်လောက်ပဲ ​ကောင်းအောင်နေနေပါ ပြန်ပြီး ဂရုစိုက်ဖို့က ကျွန်မကိုယ်တိုင်ကပဲ မထိုက်တန်လားလို့ … ကိုယ့်ကိုယ် ပြန်ပြီး ဆန်းစစ်နေမိတယ် ။

ကျွန်မကပဲ ဂရုစိုက်ခံချင်လွန်းနေတာလား မဟုတ်ပါဘူး မိန်းကလေးဆိုတာမျိုးကလေ … ကိုယ်တစ်ခုခုပြောင်းလဲသွားတဲ့အခါ ပထမဆုံး ကိုယ်ချစ်ရတဲ့သူကို မေးတတ်ကြတယ်

ကျွန်မ ဒီနေ့ ဘာပြောင်းလဲသွားလဲဆိုတာမျိုးပေါ့ ။ သူဂရုစိုက်ပါလားဆိုတဲ့ အတွေးလေးနဲ့ ကြည်နူးချင်ရုံပါ ။

အဲ့ထက်ပိုပြီး ဘာမှ မလိုချင်ခဲ့ဘူး ။ လိုချင်ပါတယ်ဆိုလို့လဲ ရခဲ့တာမှ မဟုတ်တာပဲလေ ။

ကို်ယ်တန်ဖိုးထားတဲ့ လူတစ်ယောက်ဆီက ပြန်ပြီး ဂရုစိုက်ခံရတဲ့ကံ ကျွန်မလဲ လိုချင်တယ် ။ ကျွန်မကို ဂရုစိုက်စရာမလိုဘူးလို့ပဲ ထင်သွားတာနေမှာပါ ။

သူစိတ်ညစ်သွားမှာစိုးလို့ ဘာမှမဖြစ်ပါဘူးလို့ ဖြေခဲ့တဲ့ ရက်တွေမှာ … မျက်လုံးမှာ မျက်ရည်တွေ ဝဲနေခဲ့တာတွေလဲ သူမသိဘူး ။

ဖုန်းတွေ ဆက်နေမိတာက … ကိုယ်နေထိုင်မကောင်းတဲ့အခါ အတောင့်တဆုံး သူဖြစ်နေတယ်ဆိုတာ သူမသိဘူး ။

မိန်းကလေးတစ်ယောက်ဆိုတာ သူမျက်ရည်ကျရင်တောင် သူ ယုံကြည်ရတဲ့သူ သူအားကိုးတဲ့သူ တစ်ယောက်ရဲ့အရှေ့မှာပဲ ကျတတ်တာတွေ သူမသိခဲ့ပါဘူး ။

ဘာကြောင့် မသိခဲ့တာလဲလို့မေးရင် … သူကျွန်မကို နဲနဲလေးမှ ဂရုမစိုက်ခဲ့ဘူးလေ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း