ကိုယ့်ကို မေ့ထားတဲ့သူကို … ကိုယ်လဲ မေ့ထားနိုင်ဖို့ ကြိုးစားမယ်

ကိုယ့်ကို မေ့ထားတဲ့သူကို … ကိုယ်လဲ မေ့ထားနိုင်ဖို့ ကြိုးစားမယ် ။

မာနတွေထားလိုက်ရင် လူနှစ်ယောက် ဝေးသွားတော့မယ်ဆိုတာမှန်း ကျွန်မ ကောင်းကောင်းကြီး သိထားပါတယ် ။ ဒါပေမယ့် ဒီတစ်ခေါက်တော့ လက်ကျန်မာနလေး ထားပါစေ ။

သတိရလို့ ဖုန်းဆက်ပေမယ့် အနှောင့်အယှက်သက်သက်ပဲ ဖြစ်စေခဲ့တယ်ထင်ပါတယ် ။

ကိုယ်မဆက်လို့ သူများဆက်လာလေမလားလို့ မျှော်ပေမယ့်လဲ မျှော်နေမိတဲ့ ကိုယ်ပဲ အရူးဖြစ်ရတယ် ။

သူက ကိုယ်မရှိပဲလဲ နေနိုင်တယ် ။ အဲ့တာကို လက်ခံဖို့ပဲ လိုတော့တာပါ ။

မနက်တွေ နေ့လည်တွေ ညတွေ … တစ်ရက်မှာ နှစ်ဆယ့်လေးနာရီ ရှိခဲ့တာတောင် ကျွန်မ အတွက် ၁၀မိနစ် ၁၅ မိနစ်လောက် အချိန်မပေးနိုင်ခဲ့တဲ့ ရက်တွေမှ အများကြီးပဲ ။

အဲ့ဒီရက်တွေမှာ မျှော်ရင်းနဲ့လဲ ငိုခဲ့ဖူးသလို ငိုရင်းနဲ့လဲ အိပ်ပျော်သွားဖူးတယ် ။ သူတော့ သိလိမ့်မယ် မထင်ပါဘူး ။

ခုတော့ .. ကိုယ်လဲ သူ့လို မနေရင် မဖြစ်တော့တဲ့ အခြေအနေမို့ပါ ။ ကျွန်မ ဒီထက်ပိုပြီး ဂရုမစိုက်တာ တန်ဖိုးမထားတာတွေကို ခံနိုင်ရည် မရှိတော့ဘူး ။

မျှော်ရတာတွေလဲ မောလှပြီဖြစ်သလို ငိုရတာတွေအတွက် ကိုယ့်ကိုယ်ကိုယ် မုန်းလှပြီ ။

သူက မေ့ထားလိုက်ရင် ကျွန်မလဲ မေ့ထားလိုက်ဖို့ကိုရွေးတယ် ။ တခြားနေရာမှာ ပျော်အောင်နေနိုင်ရင် ကျွန်မလဲ မလွမ်းအောင်နေမယ် ။

ကိုယ့်အတွက် မဟုတ်တဲ့ Active Now တွေကို သတိရလို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့ မနှောင့်ယှက်တော့ဘူး ။ ကိုယ့်အတွက် အမြဲBusy ဖြစ်နေတဲ့ဖုန်းတွေကို … မဆက်တော့ဘူး ။

သူက ကိုယ့်ကို မေ့ထားရင်းနဲ့ အဆင်ပြေတယ်ဆိုရင် ကိုယ်ကလဲ အဆင်ပြေဖို့ ကြိုးစားရင်းနဲ့ မေ့ထားဖို့လမ်းကို ရွေးမယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း