ကိုယ်ဆွဲထားတဲ့လက်က ကိုယ့်အတွက် သီးသန့်ဖြစ်တည်လာခဲ့တာမှ မဟုတ်တာ

ကိုယ်ဆွဲထားတဲ့လက်က ကိုယ့်အတွက် သီးသန့်ဖြစ်တည်လာခဲ့တာမှ မဟုတ်တာ ။

 

မြဲမယ်ထင်လို့ပဲ ဆွဲခဲ့တာပါ ။ ကိုယ့်တစ်ယောက်တည်းအတွက်ပ​ဲ ဖြစ်လာလိမ့်မယ်လို့ စိတ်ကူးတွေယဥ်ခဲ့ဖူးတာပါ ။ ဒါပေမယ့် အချစ်နဲ့ ့ပတ်သက်ရင် … ကျိန်စာတွေ မိနေတုန်းပဲ ။

 

 

ကိုယ်ဖက်က ဘယ်လောက်ပဲ ဖြူစင်ဖြူစင်ပါ …အဲ့ဒီလက်တွေဟာ ဘယ်တော့မှ မဖြူစင်ကြဘူး ။

 

​ကိုယ့်အနားမှာ ရပ်နေရင်းနဲ့ တခြားကို ငေးနေတဲ့ မျက်လုံးတွေကို တဖြေးဖြေး မြင်လာခဲ့ရတယ် အရင်လို မနွေးထွေးတော့ဘူး ။

 

မိန်းကလေးဆိုတာမျိုးကလေ … သူ့အပေါ် နွေးထွေးလား အေးစက်လား ပြေးကြည့်စရာမလိုအပ်ပါဘူး အလိုလို ခံစားသိတတ်ကြတယ် ။

 

သူ့အတွေးတွေမှာ … ကျွန်မက ချစ်စရာ မကောင်းတော့ဘူး ။ တစ်ခုခုပြောတဲ့အခါ ကျွန်မရဲ့ စေတနာပါလို့ သူမမြင်တော့ဘူး ။

 

ပွစိပွစိလုပ်တယ်လို့ပဲထင်လာတတ်သလို ။ ကျွန်မ သ၀န်တိုတာကို သ၀န်တိုတယ်လို့ မထင်လာတော့ဘူး ။ အပြစ်တွေ ပိုပြီးမြင်လာတယ် ။

 

ကျွန်မထင်ခဲ့တာက … ကျွန်မများ ဘာတွေ မှားနေခဲ့လဲလို့ တစ်ချိန်လုံး တွေးပြီး အဖြေတွေ ရှာနေခဲ့မိတာ …

 

တကယ်တမ်းကျတော့ ကိုယ်မြဲမယ်ထင်ပြီး ဆွဲခဲ့တဲ့လက်က … ကိုယ့်အတွက် သီးသန့်ဖြစ်တည်လာခဲ့တာမှ မဟုတ်ပဲလေ ။

 

ကိုယ်ဘယ်လောက်ပဲစစ်မှန်စစ်မှန် တစ်နေ့ ကျွန်မ ကျန်ခဲ့မှာ ။ ဘယ်လောက်ပဲ ချစ်ချစ် တစ်နေ့ကျရင် ကျွန်မကို ပစ်ပြီးထွက်သွားမှာပါပဲ ။

ဒါဟာ ဘယ်သူ့အပြစ်လဲလို့ မေးရင် ကျွန်မလို့ပဲ ဖြေချင်တယ် ။ ကိုယ့်အတွက် သီးသန့်မဟုတ်တဲ့ လက်ကိုမှ မြဲချင်ခဲ့တာလေ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း