သံသရာတစ်ကွေ့မှာ သူနဲ့ ခဏခလုတ်တိုက်ခဲ့ရုံပါ …

သံသရာတစ်ကွေ့မှာ သူနဲ့ ခဏခလုတ်တိုက်ခဲ့ရုံပါ …

တွေ့ဆုံခြင်းတွေဟာ ဘယ်တော့မှ မတော်တဆမဟုတ်ဘူးတဲ့ … ငြင်းပါရစေ တကယ်တော့ သူနဲ့ ဆုံခဲ့တာတော့ တကယ့်ကို မတော်တဆ သက်သက်ပဲ ဖြစ်မှာပါ ခလုတ်လေး တိုက်မိတယ် ပြီးတော့ ကိုယ့်လမ်းကိုယ် လျှောက်သွားတယ် ဒါပါပဲ ထူးဆန်းတာက အဲ့ဒီထွက်သွားတာလေးကို ကိုယ်က ငေးကြည့်နေမိသေးတာ

တစ်ချိန်ချိန်မှာ ကိုယ့်နာမည်ကို မှတ်မိနေဦးမယ်ဆိုရင် တော်တော်လေး ကံကောင်းနေပြီလို့ပဲ ဆိုရတာတော့မှာပေါ့ အရာရာကို မှတ်မိနေတဲ့ကိုယ်က အဲ့ဒီဆုံတွေ့ချိန်တိုင်းကို အမြဲအမှတ်ရနေတာတော့ ခက်တယ် ဘယ်လိုပြုံးပြဖူးတာကအစ စကားပြောရင် သူ့နှုတ်ခမ်းလေး ဘယ်လိုဖြစ်သွားတာအဆုံး အသေးစိတ် မှတ်မိနေတာခက်တယ်

သူက ပေါ့ပါးတယ် ဘယ်အရာကိုမှ သိပ်အလေးအနက်မထားတတ်ဘူး ကျွန်တော်တို့တွေ တကယ်ပဲ ချစ်ခဲ့တာဆိုတာကိုတောင် သူ စိတ်ထဲရှိမနေတော့ဘူး သံသရာတစ်ကွေ့မှာ ခဏခလုတ်တိုက်ပြီး ကိုယ့်လမ်းကိုယ်ဆက်ပြီးလျှောက်ကြသလို သူကတော့ ပေါ့ပေါ့ပါးပါးလေးပဲ သူ့လမ်းသူ ဆက်လျှောက်သွားတယ်

တားလိုက်ရမလား …. ကြိုးစားကြည့်ခဲ့ဖူးတယ် မျက်ရည်တွေနဲ့ဆိုရင်ကော ငိုခဲ့ရဖူးပါတယ် ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အနားမှာ မပျော်တဲ့သူ ကိုယ်နဲ့ဝေးမယ့်အရပ်ကိုပဲ ရွေးတာ သဘာဝကျပါတယ် သဘာဝမကျခဲ့တာက သူတောင် ဒီလို အေးစက်ပြီးနေနိုင်ရင် ငါကကော ဘာလို့မနေနိုင်တာလဲ ဆိုတဲ့ အဖြေတွေဟာ ရှိမနေခဲ့တာပါပဲ ရှာကြည့်ဖူးတယ် ပိုလွမ်းတာပါပဲ

ထားပါတော့ … ပြီးသွားတော့မယ့်ဇာတ်လမ်းဟာ ပြီးသွားတော့မှာပါပဲ ခဏဆုံခဲ့တာပဲလေ ခဏချစ်ခဲ့တာပဲလေ တစ်သက်စာအတွက် ရည်ရွယ်နေမိတဲ့ကိုယ်ကပဲ ဒီဇာတ်လမ်းမှာ နာကျင်ရတာပါ သူ့လို ပေါ့ပေါ့ပါးပါးလေး ထားလိုက်ရင် ကိုယ်လဲ လွတ်လပ်နေမှာပါပဲ ။

သျှင်ယွန်း

သံသရာတစ္ေကြ့မွာ သူနဲ႔ ခဏခလုတ္တုိက္ခဲ့ရံုပါ …

ေတြ့ဆံုျခင္းေတြဟာ ဘယ္ေတာ့မွ မေတာ္တဆမဟုတ္ဘူးတဲ့ … ျငင္းပါရေစ တကယ္ေတာ့ သူနဲ႔ ဆံုခဲ့တာေတာ့ တကယ့္ကိုိ မေတာ္တဆ သက္သက္ပဲ ျဖစ္မွာပါ ခလုတ္ေလး တုိက္မိတယ္ ျပီးေတာ့ ကိုယ့္လမ္းကိုယ္ ေလွ်ာက္သြားတယ္ ဒါပါပဲ ထူးဆန္းတာက အဲ့ဒီထြက္သြားတာေလးကို ကိုယ္က ေငးၾကည့္ေနမိေသးတာ

တစ္ခ်ိန္ခ်ိန္မွာ ကိုယ့္နာမည္ကို မွတ္မိေနဦးမယ္ဆုိရင္ ေတာ္ေတာ္ေလး ကံေကာင္းေနျပီလုိ့ပဲ ဆုိရတာေတာ့မွာေပါ့ အရာရာကို မွတ္မိေနတဲ့ကုိယ္က အဲ့ဒီဆံုေတြ့ခ်ိန္တိုင္းကိုိ အျမဲအမွတ္ရေနတာေတာ့ ခက္တယ္ ဘယ္လုိျပံဳးျပဖူးတာကအစ စကားေျပာရင္ သူ့နွုတ္ခမ္းေလး ဘယ္လုိျဖစ္သြားတာအဆံုး အေသးစိတ္ မွတ္မိေနတာခက္တယ္

သူက ေပါ့ပါးတယ္ ဘယ္အရာကိုမွ သိပ္အေလးအနက္မထားတတ္ဘူး ကြ်န္ေတာ္တို့ေတြ တကယ္ပဲ ခ်စ္ခဲ့တာဆိုတာကိုေတာင္ သူ စိတ္္ထဲရွိမေနေတာ့ဘူး သံသရာတစ္ေကြ့မွာ ခဏခလုတ္တိုက္ျပီး ကိုယ့္လမ္းကိုယ္ဆက္ျပီးေလွ်ာက္ၾကသလုိ သူကေတာ့ ေပါ့ေပါ့ပါးပါးေလးပဲ သူ့လမ္းသူ ဆက္ေလွ်ာက္သြားတယ္

တားလုိက္ရမလား …. ၾကိဳးစားၾကည့္ခဲ့ဖူးတယ္ မ်က္ရည္ေတြနဲ႔ဆုိရင္ေကာ ငိုခဲ့ရဖူးပါတယ္ ဘယ္လုိပဲျဖစ္ျဖစ္ ကုိုယ့္အနားမွာ မေပ်ာ္တဲ့သူ ကိုယ္နဲ႔ေ၀းမယ့္အရပ္ကိုပဲ ေရြးတာ သဘာ၀က်ပါတယ္ သဘာ၀မက်ခဲ့တာက သူေတာင္ ဒီလို ေအးစက္ျပီးေနနိုင္ရင္ ငါကေကာ ဘာလို့မေနနိုင္တာလဲ ဆိုတဲ့ အေျဖေတြဟာ ရွိမေနခဲ့တာပါပဲ ရွာၾကည့္ဖူးတယ္ ပိုိလြမ္းတာပါပဲ

ထားပါေတာ့ … ျပီးသြားေတာ့မယ့္ဇာတ္လမ္းဟာ ျပီးသြားေတာ့မွာပါပဲ ခဏဆံုခဲ့တာပဲေလ ခဏခ်စ္ခဲ့တာပဲေလ တစ္သက္စာအတြက္ ရည္ရြယ္ေနမိတဲ့ကိုယ္ကပဲ ဒီဇာတ္လမ္းမွာ နာက်င္ရတာပါ သူ့လုိ ေပါ့ေပါ့ပါးပါးေလး ထားလုိက္ရင္ ကိုယ္လဲ လြတ္လပ္ေနမွာပါပဲ ။

သွ်င္ယြန္း