ကိုယ်သိပ်ချစ်တဲ့သူကို အဝေးတစ်နေရာကနေ ငေးကြည့်နေခဲ့ဖူးလား… အရမ်းနာကျင်ရတာပဲ

ကိုယ်သိပ်ချစ်တဲ့သူကို အဝေးတစ်နေရာကနေ ငေးကြည့်နေခဲ့ဖူးလား… အရမ်းနာကျင်ရတာပဲ ။ သူပြုံးနေတဲ့အခါ ပျော်ပါတယ်ဆိုပေမယ့် ငါ့ကြောင့်မှ မဟုတ်တာဆိုတဲ့ အတွေးတွေဝင်လာရင် သိမ်ငယ်ရတယ် ။ ကိုယ်လဲ ပျော်အောင် ထားပေးချင်ခဲ့ဖူးပါတယ် ။

အရင်က အသံချိုချိုလေးတွေကို ပြန်ကြားချင်လို့ ဖုန်းတွေ ဆက်မယ်ကြံရင်တောင် ဦးနှောက်ကတားတယ် သူက မင်းနဲ့မှ မဆိုင်တော့တာတဲ့… အလွတ်ရနေတဲ့ နံပါတ်လေးကို ခဏခဏနှိပ် ခဏခဏ ပျက်ဖျက်ရတာဟာလဲ ရင်နာစရာပါ ။

တချိန်က အတူရှိခဲ့ဖူးတဲ့ဆိုတာ ကိုယ်တစ်ယောက်တည်း မှတ်မိနေတဲ့ အမှတ်တွေလိုပါပဲ သူကတော့ ကိုယ်မရှိရင် ပိုပြီးတော့ အဆင်ပြေတယ်လေ Active Now ကိုတွေ့ပေမယ့်လဲ စားပြီးပြီလား နေကောင်းလားဆိုတဲ့ မေးခွန်းလေးတွေတောင် မေးခွင့်မရှိတော့ဘူး ဒီလိုသာ အဆုံးသတ်မယ်မှန်းသိရင် ဘယ်တုန်းကမှ နီးစပ်ဖို့ ဆုမတောင်းခဲ့ပါဘူး ။

ခုတော့… ကိုယ့်အတွက် ဘာမှမရှိတဲ့ သူ့ Wall ပေါ်ကို သူမသိတဲ့ account လေးနဲ့ ခိုးခိုးကြည့်ပြီး တစ်ခုခုဆို ကိုယ့်မှာ ငိုရတယ် ။ အချိန်တွေက ကုစားသွားမှာပါတဲ့ဘယ်အချိန်မှလဲ ။ ရက်တွေကို လစား လတွေကို နှစ်တွေတောင် စားနေပြီလေ ခုထိ နေလို့မရသေးဘူး ။

နေ့ဘက်တွေမှာလဲ တမ်းတမ်းတတကို လွမ်းမိသလို ညဘက်တွေမှာဆို အိပ်မက်ထဲထိတောင် လိုက်ပြီးနှောင့်ယှက်တတ်သေးတာ ။ မလာပါနဲ့လို့တော့ မနှင်ရက်ခဲ့ဘူး ကိုယ်က သူ့ကို အခုချိန်ထိ ချစ်နေမိသေးတာလေ ဒါပေမယ့် နာကျင်နေရတာတွေတော့ သက်သာချင်ပြီ ။

သျှင်ယွန်း

ကိုယ္သိပ္ခ်စ္တဲ့သူကို အေဝးတစ္ေနရာကေန ေငးၾကည့္ေနခဲ့ဖူးလား… အရမ္းနာက်င္ရတာပဲ ။ သူၿပဳံးေနတဲ့အခါ ေပ်ာ္ပါတယ္ဆိုေပမယ့္ ငါ့ေၾကာင့္မွ မဟုတ္တာဆိုတဲ့ အေတြးေတြဝင္လာရင္ သိမ္ငယ္ရတယ္ ။ ကိုယ္လဲ ေပ်ာ္ေအာင္ ထားေပးခ်င္ခဲ့ဖူးပါတယ္ ။

အရင္က အသံခ်ိဳခ်ိဳေလးေတြကို ျပန္ၾကားခ်င္လို႔ ဖုန္းေတြ ဆက္မယ္ႀကံရင္ေတာင္ ဦးေႏွာက္ကတားတယ္ သူက မင္းနဲ႔မွ မဆိုင္ေတာ့တာတဲ့… အလြတ္ရေနတဲ့ နံပါတ္ေလးကို ခဏခဏႏွိပ္ ခဏခဏ ပ်က္ဖ်က္ရတာဟာလဲ ရင္နာစရာပါ ။

တခ်ိန္က အတူရွိခဲ့ဖူးတဲ့ဆိုတာ ကိုယ္တစ္ေယာက္တည္း မွတ္မိေနတဲ့ အမွတ္ေတြလိုပါပဲ သူကေတာ့ ကိုယ္မရွိရင္ ပိုၿပီးေတာ့ အဆင္ေျပတယ္ေလ Active Now ကိုေတြ႕ေပမယ့္လဲ စားၿပီးၿပီလား ေနေကာင္းလားဆိုတဲ့ ေမးခြန္းေလးေတြေတာင္ ေမးခြင့္မရွိေတာ့ဘူး ဒီလိုသာ အဆုံးသတ္မယ္မွန္းသိရင္ ဘယ္တုန္းကမွ နီးစပ္ဖို႔ ဆုမေတာင္းခဲ့ပါဘူး ။

ခုေတာ့… ကိုယ့္အတြက္ ဘာမွမရွိတဲ့ သူ႔ Wall ေပၚကို သူမသိတဲ့ account ေလးနဲ႔ ခိုးခိုးၾကည့္ၿပီး တစ္ခုခုဆို ကိုယ့္မွာ ငိုရတယ္ ။ အခ်ိန္ေတြက ကုစားသြားမွာပါတဲ့ဘယ္အခ်ိန္မွလဲ ။ ရက္ေတြကို လစား လေတြကို ႏွစ္ေတြေတာင္ စားေနၿပီေလ ခုထိ ေနလို႔မရေသးဘူး ။

ေန႔ဘက္ေတြမွာလဲ တမ္းတမ္းတတကို လြမ္းမိသလို ညဘက္ေတြမွာဆို အိပ္မက္ထဲထိေတာင္ လိုက္ၿပီးေႏွာင့္ယွက္တတ္ေသးတာ ။ မလာပါနဲ႔လို႔ေတာ့ မႏွင္ရက္ခဲ့ဘူး ကိုယ္က သူ႔ကို အခုခ်ိန္ထိ ခ်စ္ေနမိေသးတာေလ ဒါေပမယ့္ နာက်င္ေနရတာေတြေတာ့ သက္သာခ်င္ၿပီ ။

သွ်င္ယြန္း