အကွာအဝေးတွေကြောင့်တော့ ကျွန်မ သွေးမအေးခဲ့ပါဘူး ဒါပေမယ့် တစ်ဖက်ကတော့ အရင်လို မနွေးထွေးတော့တာ သေချာပါတယ်

အကွာအဝေးတွေက လူနှစ်ယောက်ရဲ့အချစ်ကို သွေးအေးသွားစေသတဲ့ အရင်တုန်းကတော့ နှစ်ယောက်စလုံးရဲ့ ရင်ထဲမှာတစ်ယောက်ကို တစ်ယောက် ရှိနေရင် ဘယ်တော့မှ မဝေးဘူးလို့ ယုံကြည်ထားခဲ့မိတာ တကယ်တမ်းကျတော့ အကွာအဝေးတွေက တကယ်ကိုပဲ လူနှစ်ယောက်ကို ဝေးစေပါတယ် တဖြေးဖြေးနဲ့ ကိုယ်ဆိုတာ ပျောက်ကွယ်သွားတာမျိုးပေါ့ …

တစ်နှစ်မှ တစ်ခေါက်တောင် တွေ့ဖို့မသေချာတဲ့ လူနှစ်ယောက် အရင်တုန်းကလောက် ဖုန်းတွေ မပြောဖြစ်တော့တဲ့အခါ ပိုပြီးတော့ဆိုးလာတယ် … ကိုယ့်ဘက်က ပြောစရာတွေ အများကြီးရှိပေမယ့်လို့သူဟာ ကိုယ့်အတွက် အချိန်တွေမပေးချင်တော့တဲ့အခါ စားပြီးပြီလား နေကောင်းလားဆိုတာနဲ့တင် အစပြုပြီး အဆုံးသတ်တယ် လွမ်းလိုက်တာဆိုပြီး ပြေးတွေ့ခွင့်တွေမရှိတဲ့ ဘဝတွေက တကယ်ပဲ ဆိုးတယ် …

တစ်နေ့နီးဖို့ဆိုတဲ့ မျှော်လင့်ချက်တွေက အရင်ကလောက် မသေချာတော့ဘူး … တစ်နေ့မှ မနီးတော့တာမျိုးလဲဖြစ်လာနိုင်တယ်ဆိုပြီး အဆုံးစွန်ထိတွေးပြီး အဆုံးစွန်ထိ ဝမ်းနည်းခဲ့ဖူးတယ်လို့ ပြောရင်ရူးတယ်လို့ပဲ စွပ်စွဲပါ .. တကယ်ကို မနွေးထွေးနေတော့ဘူး သူ့အပြောလေးတွေ သူ့အပြုံးလေးတွေ အရာရာကိုအရင်တုန်းကလို ဟုတ်မနေတော့ဘူး အစကလို တစ်နေ့ကျရင်ဆိုတဲ့ စကားလုံးတွေနဲ့ ကျွန်မကို မပျော်စေတော့ဘူး …

နီးမယ့်တစ်နေ့ကို မျှော်လင့်ရင်း အဝေးကြီးမှာ နေခဲ့မိတာ မှားပြီနဲ့တူပါတယ် … ဘယ်တော့မှ မနီးတော့သလို အရင်တုန်းကလောက် မနီးတော့သလို ကျွန်မ ခံစားမိလာတယ် … အကွာအဝေးတွေက ငါတို့ကို ဘယ်တော့မှ မဝေးစေဘူးဆိုပြီး ကြွားလုံးထုတ်ခဲ့သမျှ ခုတော့ မျက်ရည်တွေနဲ့ပဲ ဖြေသိမ့်ရတယ် ကိုယ့်အချစ်တွေ စစ်မှန်ရင်ဆိုပြီးသာ တိုင်တည်ရတယ် …

အဝေးမှာ နေရင်းက ကိုယ့်ရဲ့နေရာတွေက တဖြေးဖြေးေ၀ဝါးလာတယ် ကိုယ့်ရဲ့ အရေးပါမှုတွေဟာ တဖြေးဖြေးပျောက်ဆုံးလာခဲ့တယ် ဒီလိုနဲ့ ကျွန်မဆိုတာလဲ သူ့ဘဝထဲ တဖြေးဖြေး အရေးမပါပဲ ဖြစ်လာတယ် အကွာအဝေးတွေကြောင့်တော့ ကျွန်မ သွေးမအေးခဲ့ပါဘူး ဒါပေမယ့် တစ်ဖက်ကတော့ အရင်လို မနွေးထွေးတော့တာ သေချာပါတယ် ။

သျှင်ယွန်း

အကြာအေ၀းေတြက လူနွစ္ေယာက္ရဲ႔အခ်စ္ကို ေသြးေအးသြားေစသတဲ့ အရင္တုန္းကေတာ့ နွစ္ေယာက္စလံုးရဲ႔ ရင္ထဲမွာတစ္ေယာက္ကုိ တစ္ေယာက္ ရွိေနရင္ ဘယ္ေတာ့မွ မေ၀းဘူးလုိ့ ယံုၾကည္ထားခဲ့မိတာ တကယ္တမ္းက်ေတာ့ အကြာအေ၀းေတြက တကယ္ကိုပဲ လူနွစ္ေယာက္ကို ေ၀းေစပါတယ္ တေျဖးေျဖးနဲ႔ ကိုယ္ဆိုတာ ေပ်ာက္ကြယ္သြားတာမ်ိဳးေပါ့ …

တစ္နွစ္မွ တစ္ေခါက္ေတာင္ ေတြ့ဖို့မေသခ်ာတဲ့ လူနွစ္ေယာက္ အရင္တုန္းကေလာက္ ဖုန္းေတြ မေျပာျဖစ္ေတာ့တဲ့အခါ ပိုျပီိးေတာ့ဆုိးလာတယ္ … ကိုုယ့္ဘက္က ေျပာစရာေတြ အမ်ားၾကီးရွိေပမယ့္လုိ ့သူဟာ ကိုယ့္အတြက္ အခ်ိန္ေတြမေပးခ်င္ေတာ့တဲ့အခါ စားျပီးျပီလား ေနေကာင္းလားဆုိတာနဲ႔တင္ အစျပဳျပီး အဆံုးသတ္တယ္ လြမ္းလုိက္တာဆုိျပီး ေျပးေတြ့ခြင့္ေတြမရွိတဲ့ ဘ၀ေတြက တကယ္ပဲ ဆုိးတယ္ …

တစ္ေန့နီးဖို့ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေတြက အရင္ကေလာက္ မေသခ်ာေတာ့ဘူး … တစ္ေန့မွ မနီိးေတာ့တာမ်ိဳးလဲျဖစ္လာနုိင္တယ္ဆုိျပီး အဆံုးစြန္ထိေတြးျပီး အဆံုးစြန္ထိ ၀မ္းနည္းခဲ့ဖူးတယ္လုိ့ ေျပာရင္ရူးတယ္လုိ့ပဲ စြပ္စြဲပါ .. တကယ္ကို မေႏြးေထြးေနေတာ့ဘူး သူ့အေျပာေလးေတြ သူ့အျပံဳးေလးေတြ အရာရာကိုုအရင္တုန္းကလို ဟုတ္မေနေတာ့ဘူး အစကလို တစ္ေန့က်ရင္ဆုိတဲ့ စကားလံုးေတြနဲ႔ ကြ်န္မကို မေပ်ာ္ေစေတာ့ဘူး …

နီးမယ့္တစ္ေန့ကို ေမွ်ာ္လင့္ရင္း အေ၀းၾကီးမွာ ေနခဲ့မိတာ မွားျပီနဲ႔တူပါတယ္ … ဘယ္ေတာ့မွ မနီးေတာ့သလို အရင္တုန္းကေလာက္ မနီးေတာ့သလုိ ကြ်န္မ ခံစားမိလာတယ္ … အကြာအေ၀းေတြက ငါတို့ကို ဘယ္ေတာ့မွ မေ၀းေစဘူးဆိုျပီး ၾကြားလံုးထုတ္ခဲ့သမွ် ခုေတာ့ မ်က္ရည္ေတြနဲ႔ပဲ ေျဖသိမ့္ရတယ္ ကိုိယ့္အခ်စ္ေတြ စစ္မွန္ရင္ဆုိျပီးသာ တုိင္တည္ရတယ္ …

အေ၀းမွာ ေနရင္းက ကိုယ့္ရဲ႔ေနရာေတြက တေျဖးေျဖးေ၀၀ါးလာတယ္ ကိုယ့္ရဲ႔ အေရးပါမႈေတြဟာ တေျဖးေျဖးေပ်ာက္ဆံုးလာခဲ့တယ္္ ဒီလုိနဲ႔ ကြ်န္မဆုိတာလဲ သူ့ဘ၀ထဲ တေျဖးေျဖး အေရးမပါပဲ ျဖစ္လာတယ္ အကြာအေ၀းေတြေၾကာင့္ေတာ့ ကြ်န္မ ေသြးမေအးခဲ့ပါဘူး ဒါေပမယ့္ တစ္ဖက္ကေတာ့ အရင္လုိ မေႏြးေထြးေတာ့တာ ေသခ်ာပါတယ္ ။

သွ်င္ယြန္း