သူ့ဘဝနဲ့သူ နေပါစေ …

သူ့ဘဝနဲ့သူ နေပါစေ …

ကိုယ်မရှိလို့လဲ ဘာမှမဖြစ်တဲ့ သူ့ကို ကိုယ့်အနားနေစေချင်ရုံနဲ့ ဆွဲထားမနေနဲ့တော့ ။ လွှတ်ချလိုက်ဖို့ဆိုတာ သိပ်ချစ်တဲ့လူတစ်ယောက်အဖို့တော့ မလွယ်တတ်မှန်းသိပေမယ့်လေ အခုကော သူ့ကိုချစ်နေရတာ လွယ်ကူရဲ့လား အရင်တုန်းကဆိုတဲ့ အမှတ်တရတွေ ပြန်မြင်ယောင်လာတိုင်းမှာ ကိုယ့်ကိုယ်ကို သတ်သေနေရသလိုပါပဲ အသက်တွေရှူနေပေမယ့်လို့ မျှော်လင့်ချက်တွေက သေရပါတယ်

နေပါစေတော့ … ကိုယ်မခေါ်လို့လဲ ထူးပြီး မလွမ်းတဲ့သူတစ်ယောက်ကို ဒီတိုင်းလေးပဲ ပျော်နေစေချင်တဲ့ စေတနာကြောင့် နေ့စဉ်ရက်ဆက်ခေါ်ချင်တဲ့ စိတ်လေးရှိပါရဲ့ မခေါ်ပဲ လွမ်းနေဖြစ်တာပါ အသံလေး ကြားရုံနဲ့ ဖြစ်ပါတယ်ဆိုပေမယ့် အဲ့ဒီအသံက ကိုယ့်ကို ကြည်ဖြူတဲ့ အသံမျိုးမှ မဟုတ်ပဲလေ ဟယ်လိုဆိုတဲ့ အသံလေး ကြားရုံနဲ့ ဖြစ်ပေမယ့်လဲ ဘာပြောချင်လို့လဲ ဆိုတဲ့ စကားတွေနောက်မှာတော့ မျက်ရည်တွေကျ စကားတွေ ပျောက်ရတယ် ။

နေပါစေတော့ … သူက သူ့ဘဝလေးမှာ ကိုယ်မပါလဲ ပျော်အောင်နေတတ်တယ် ပျော်နေတတ်တယ် ကိုယ်ကသာ သူမရှိရင်မဖြစ်ပါဘူးဆိုတဲ့ အတွေးတွေနဲ့ သူမပါတဲ့ နေ့ရက်တွေတိုင်းမှာ လမ်းတွေ ပျောက်နေတတ်တာလေ … တကယ်ဆိုရင် သူ့အနားမှာ ကိုယ်ရှိမနေသင့်တော့တာပါ ဦးနှောက်ထက် နှလုံးသားက ခေါင်းမာလို့သာ အတင်းတွယ်ကပ်နေမိတာ ဘာများဆိုင်လို့လဲ ဆိုတဲ့ မေးခွန်းတွေအောက်မှာ သက်ဆိုင်ခဲ့ဖူးတဲ့ အတိတ်မှာ ပိတ်မိနေတဲ့ ကိုယ်က ရူးတာပါ

ရှိပါစေတော့ … မျှော်လင့်ထားသလို နှစ်ယောက်အတူ ပျော်ရွှင်စာပေါင်းဖက်ရင်း ဇာတ်သိမ်းသွားကြလေသတည်းဆိုတဲ့ ဇာတ်သိမ်းလေးမှ မကြုံခဲ့ရတာ ကြုံလာတဲ့ ဇာတ်သိမ်းလေးမှာပဲ မသိမ်းချင်သေးတဲ့ကိုယ်က ဆက်ကရုံပေါ့ ဘယ်တတ်နိုင်မလဲ တစ်ဘဝစာဆိုပြီး သူ့ကိုမှ ရူးရူးမူးမူးချစ်ခဲ့တဲ့ ကိုယ့်မှာ သူမရှိပဲ ပျော်အောင်နေတတ်ဖို့ အချိန်အကြာကြီး ကြိုးစားရဦးမယ်

သူ့ဘဝနဲ့သူ နေပါစေတော့ … ကိုယ်မရှိပဲ အဆင်မပြေတဲ့ သူ့ဘဝလေးကို မင်းမရှိလို့မဖြစ်လို့ပါဆိုတဲ့ ကိုယ့်ရဲ့ ရူးသွပ်မှုတွေနဲ့ မနှောင့်ယှက်ချင်တော့ပါဘူး … ပါးစပ်လေးပိတ် တိတ်ဆိတ်ခြင်းတွေနဲ့ မင်းကို လွမ်းတယ်လို့ မပြောတော့ပဲ မင်းကို သိပ်ချစ်တာပဲလို့ မပြောတော့ ပဲ တိတ်ဆိတ်ပေးလိုက်ပါတယ် ။

သျှင်ယွန်း

သူ့ဘ၀နဲ႔သူ ေနပါေစ …

ကုိယ္မရွိလုိ့လဲ ဘာမွမျဖစ္တဲ့ သူ့ကိုု ကိုယ့္အနားေနေစခ်င္ရံုနဲ႔ ဆြဲထားမေနနဲ႔ေတာ့ ။ လႊတ္ခ်လိုက္ဖို့ဆုိတာ သိပ္ခ်စ္တဲ့လူတစ္ေယာက္အဖို့ေတာ့ မလြယ္တတ္မွန္းသိေပမယ့္ေလ အခုေကာ သူ့ကိုခ်စ္ေနရတာ လြယ္ကူရဲ႔လား အရင္တုန္းကဆိုတဲ့ အမွတ္တရေတြ ျပန္ျမင္ေယာင္လာတိုင္းမွာ ကိုိယ့္ကိုယ္ကို သတ္ေသေနရသလုိပါပဲ အသက္ေတြရွဴေနေပမယ့္လုိ့ ေမွ်ာ္လင့္ခ်က္ေတြက ေသရပါတယ္

ေနပါေစေတာ့ … ကိုယ္မေခၚလုိ့လဲ ထူးျပီး မလြမ္းတဲ့သူတစ္ေယာက္ကို ဒီတုိင္းေလးပဲ ေပ်ာ္ေနေစခ်င္တဲ့ ေစတနာေၾကာင့္ ေန့စဥ္ရက္ဆက္ေခၚခ်င္တဲ့ စိတ္ေလးရွိပါရဲ႕ မေခၚပဲ လြမ္းေနျဖစ္တာပါ အသံေလး ၾကားရံုနဲ႔ ျဖစ္ပါတယ္ဆုိေပမယ့္ အဲ့ဒီအသံက ကိုယ့္ကို ၾကည္ျဖဴတဲ့ အသံမ်ိဳးမွ မဟုတ္ပဲေလ ဟယ္လုိဆိုတဲ့ အသံေလး ၾကားရံုနဲ႔ ျဖစ္ေပမယ့္လဲ ဘာေျပာခ်င္လို့လဲ ဆုိတဲ့ စကားေတြေနာက္မွာေတာ့ မ်က္ရည္ေတြက် စကားေတြ ေပ်ာက္ရတယ္ ။

ေနပါေစေတာ့ … သူက သူ့ဘ၀ေလးမွာ ကိုယ္္မပါလဲ ေပ်ာ္ေအာင္ေနတတ္တယ္ ေပ်ာ္ေနတတ္တယ္ ကိုယ္ကသာ သူမရွိရင္မျဖစ္ပါဘူးဆုိတဲ့ အေတြးေတြနဲ႔ သူမပါတဲ့ ေန့ရက္ေတြတိုင္းမွာ လမ္းေတြ ေပ်ာက္ေနတတ္တာေလ … တကယ္ဆုိရင္ သူ့အနားမွာ ကိုယ္ရွိမေနသင့္ေတာ့တာပါ ဦးေႏွာက္ထက္ နွလံုးသားက ေခါင္းမာလို့သာ အတင္းတြယ္ကပ္ေနမိတာ ဘာမ်ားဆိုင္လိုိ့လဲ ဆုိတဲ့ ေမးခြန္းေတြေအာက္မွာ သက္ဆိုင္ခဲ့ဖူးတဲ့ အတိတ္မွာ ပိတ္မိေနတဲ့ ကိုယ္က ရူးတာပါ

ရိွပါေစေတာ့ … ေမွ်ာ္လင့္ထားသလို နွစ္ေယာက္အတူ ေပ်ာ္ရႊင္စာေပါင္းဖက္ရင္း ဇာတ္သိမ္းသြားၾကေလသတည္းဆိိုတဲ့ ဇာတ္သိမ္းေလးမွ မၾကံဳခဲ့ရတာ ၾကံဳလာတဲ့ ဇာတ္သိမ္းေလးမွာပဲ မသိမ္းခ်င္ေသးတဲ့ကိုယ္က ဆက္ကရံုေပါ့ ဘယ္တတ္နိုင္မလဲ တစ္ဘ၀စာဆုိျပီိး သူ့ကိိုမွ ရူးရူးမူးမူးခ်စ္ခဲ့တဲ့ ကိုယ့္မွာ သူမရွိပဲ ေပ်ာ္ေအာင္ေနတတ္ဖို့ အခ်ိန္အၾကာၾကီး ၾကိဳးစားရဦးမယ္

သူ့ဘ၀နဲ႔သူ ေနပါေစေတာ့ … ကိုယ္မရွိပဲ အဆင္မေျပတဲ့ သူ့ဘ၀ေလးကုိ မင္းမရွိလုိ့မျဖစ္လို့ပါဆိုတဲ့ ကိုယ့္ရဲဲ႔ ရူးသြပ္မႈေတြနဲ႔ မေနွာင့္ယွက္ခ်င္ေတာ့ပါဘူး … ပါးစပ္ေလးပိတ္ တိတ္ဆိတ္ျခင္းေတြနဲ႔ မင္းကို လြမ္းတယ္လုိ့ မေျပာေတာ့ပဲ မင္းကို သိပ္ခ်စ္တာပဲလုိ့ မေျပာေတာ့ ပဲ တိတ္ဆိတ္ေပးလိုုက္ပါတယ္ ။

သွ်င္ယြန္း