သူမင်းကို မချစ်ဘူး …

သူမင်းကို မချစ်ဘူး …

ဒါကိုလက်ခံလိုက်ပါတော့…အချိန်တွေ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ ပြီးတော့ ဘယ်လောက်တောင် နာကျင်ခဲ့ရပြီလဲ တကယ်ဆိုရင်လေ အစောကြီးကတည်းက သိခဲ့သင့်တာ အခုတော့လဲ နောက်တော့ မကျသေးပါဘူး ဒါပေမယ့် တစ်နေ့ကျရင်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ အချိန်တွေ အများကြီး ဖြုန်းခဲ့မိပြီ ။

သူသာ တကယ်ချစ်ရင် ငိုစေဖို့မပြောနဲ့ မျက်နှာလေးညှိုးမှာတောင် လိုလားမှာ မဟုတ်ဘူး ပစ်ထားဖို့မပြောနဲ့ အချိန်တွေ မအားရင်တောင် အားတဲ့အချိန်လေးမှာ သတိတရလေး ရှိနေလိမ့်မယ် … ကိုယ့်ဘက်မှ စခေါ်ရလို့ မဟုတ်ဘူး ဒါပေမယ့် အမြဲတမ်းချည်း ကိုယ့်စခေါ်မှ အသက်ဝင်တာမျိုးကျ မဟုတ်တော့ဘူးလေ … လက်ဆောင်ပစ္စည်းတွေ မလိုအပ်ပါဘူး ဂရုစိုက်မှုလေးရှိခဲ့ရင် နွေးထွေးပါတယ် .

သူ့ကို သိပ်ချစ်တယ်ဆိုတဲ့ စိတ်နဲ့သာကပ်တွယ်နေမိတာလေ .. တကယ်တမ်းကျတော့ ကိုယ်ဘာဖြစ်နေလဲ သူမသိတာကြာပေါ့ ။ ကိုယ်ငိုနေရင် မျက်ရည်လွယ်လိုက်တာ အမြဲတမ်းမျက်ရည်ကျနေတာပဲ ဆိုတဲ့ စကားတွေပဲ ကြားရတယ် … ဘာဖြစ်လို့လဲဆိုတဲ့မေးခွန်းမျိုးဘယ်တုန်းက မှ မမေးခဲ့ဘူး သူမသိချင်လို့လဲ ပါမှာပါ ။

ကိုယ်စကားမပြောတဲ့အခါ သူက ပိုပြီးတော့သာယာတယ် ကိုယ့်ဘက်ကပဲ မျှော်ရတာပါ ပြီးတော့ လွမ်းရတာပါ ။ တစ်နေ့ကျရင်တော့ ကိုယ့်အချစ်တွေ မြင်လာမှာပါဆိုတဲ့အတွေးတွေနဲ့ ရပ်နေခဲ့မိတာ ကိုယ့်အတွက်ကိုယ် ပြန်မကြည့်ဖြစ်တာတောင် အတော်ကြာခဲ့ပြီး ဒီနေ့ဒီရက်မှာတော့ လက်ခံရတော့မယ်

သူတကယ် မင်းကိုမချစ်ဘူးဆိုတဲ့ ကိုယ့်အတွက်ကြည့်ပြီးပြောတဲ့လူတွေရဲ့ စကားကိုပေါ့ … တချိန်တုန်းက တစ်လောကလုံးနဲ့ ဆန့်ကျင်ပြီး မင်းကို ချစ်ခဲ့တယ် ခုတော့ ကိုယ့်နှလုံးသားကို ဆန့်ကျင်ပြီး ကိုယ့်အတွက်ကိုယ် ပြန်ကြည့်ရတော့မယ်လေ ။

သျှင်ယွန်း

သူမင္းကို မခ်စ္ဘူး …

ဒါကိုလက္ခံလုိက္ပါေတာ့…အခ်ိန္ေတြ ဘယ္ေလာက္ေတာင္ ၾကာခဲ့ျပီလဲ ျပီးေတာ့ ဘယ္ေလာက္ေတာင္ နာက်င္ခဲ့ရျပီလဲ တကယ္ဆုိရင္ေလ အေစာၾကီးကတည္းက သိခဲ့သင့္တာ အခုေတာ့လဲ ေနာက္ေတာ့ မက်ေသးပါဘူး ဒါေပမယ့္ တစ္ေန့က်ရင္ဆုိတဲ့ ေမွ်ာ္လင့္္ခ်က္ေတြနဲ႔ အခ်ိန္ေတြ အမ်ားၾကီး ျဖဳန္းခဲ့မိျပီ ။

သူသာ တကယ္ခ်စ္ရင္ ငိုေစဖို့မေျပာနဲ႔ မ်က္နွာေလးညွဳိးမွာေတာင္ လုိလားမွွာ မဟုတ္ဘူး ပစ္ထားဖို့မေျပာနဲ႔ အခ်ိန္ေတြ မအားရင္ေတာင္ အားတဲ့အခ်ိန္္ေလးမွာ သတိတရေလး ရိွေနလိမ့္မယ္ … ကိုယ့္ဘက္မွ စေခၚရလုိ့ မဟုတ္ဘူး ဒါေပမယ့္ အျမဲတမ္းခ်ည္း ကိုယ့္စေခၚမွ အသက္၀င္တာမ်ိဳးက် မဟုတ္ေတာ့ဘူးေလ … လက္ေဆာင္ပစၥည္းေတြ မလိုိအပ္ပါဘူး ဂရုစို္က္မႈေလးရွိခဲ့ရင္ ေႏြးေထြးပါတယ္ .

သူ့ကို သိပ္ခ်စ္တယ္ဆုိတဲ့ စိတ္နဲ႔သာကပ္တြယ္ေနမိတာေလ .. တကယ္တမ္းက်ေတာ့ ကိုယ္ဘာျဖစ္ေနလဲ သူမသိတာၾကာေပါ့ ။ ကို္ယ္ငိုေနရင္ မ်က္ရည္လြယ္လုိက္တာ အျမဲတမ္းမ်က္ရည္က်ေနတာပဲ ဆုိတဲ့ စကားေတြပဲ ၾကားရတယ္ … ဘာျဖစ္လုိ့လဲဆုိတဲ့ေမးခြန္းမ်ဳိးဘယ္တုန္းက မွ မေမးခဲ့ဘူး သူမသိခ်င္လုိ့လဲ ပါမွာပါ ။

ကိုယ္စကားမေျပာတဲ့အခါ သူက ပိုျပီးေတာ့သာယာတယ္ ကိုယ့္ဘက္ကပဲ ေမွ်ာ္ရတာပါ ျပီးေတာ့ လြမ္းရတာပါ ။ တစ္ေန့က်ရင္ေတာ့ ကိုယ့္အခ်စ္ေတြ ျမင္လာမွာပါဆုိတဲ့အေတြးေတြနဲ႔ ရပ္ေနခဲ့မိတာ ကိုယ့္အတြက္ကုိယ္ ျပန္မၾကည့္ျဖစ္တာေတာင္ အေတာ္ၾကာခဲ့ျပီး ဒီေန့ဒီရက္မွာေတာ့ လက္ခံရေတာ့မယ္

သူတကယ္ မင္းကိုမခ်စ္ဘူးဆိုတဲ့ ကိုယ့္အတြက္ၾကည့္ျပီးေျပာတဲ့လူေတြရဲ႔ စကားကိုေပါ့ … တခ်ိန္တုန္းက တစ္ေလာကလံုးနဲ႔ ဆန့္က်င္ျပီိး မင္းကို ခ်စ္ခဲ့တယ္ ခုေတာ့ ကိုယ့္နွလံုးသားကို ဆန့္က်င္ျပီိး ကိုယ့္အတြက္ကိုယ္ ျပန္ၾကည့္ရေတာ့မယ္ေလ ။

သွ်င္ယြန္း