ကျွန်မက တိတ်တိတ်လေး ကြေကွဲနေတတ်သူပါ …

ကျွန်မက တိတ်တိတ်လေး ကြေကွဲနေတတ်သူပါ …

အချိန်တွေအတော်ကြာပြီ ကိုယ့်ဝမ်းနည်းမှု ကိုယ့်နာကျင်မှုတွေကို မဖော်ပြပဲ သိမ်းထားဖြစ်ခဲ့တာလေ ။ လူတိုင်းမှာ ကိုယ့်အပူနဲ့ ကိုယ်ပါပဲဆိုပြီး ကိုယ် ဘာဖြစ်နေလဲဆိုတာ သိအောင် ပြောမပြချင်ခဲ့ ပြောမပြတတ်ခဲ့ဘူး တိတ်ဆိတ်နေရုံနဲ့ ဘာမှ မဖြစ်ဘူးမထင်ပါနဲ့ ငြိမ်သက်နေရုံနဲ့ မခံစားရဘူး မထင်ပါနဲ့ ကျွန်မက တိတ်တိတ်လေး ကြေကွဲနေတတ်သူပါ ။

နာကျင်နေပါတယ်လို့ အကျယ်ကြီးမအော်တတ်ခဲ့တော့ ဘာမှ မဖြစ်ပါဘူးလေဆိုပြီး ထင်သွားတတ်ကြတယ် တကယ်တော့လေ အိပ်မပျော်တဲ့ ညတွေလဲ အများကြီးပဲ စားမဝင်ခဲ့တဲ့အချိန်တွေလဲ အများကြီးပဲ တချို့က ပွင့်လင်းတယ် ငါနာကျင်နေပြီဆိုပြီး သူတို့က ပြောတတ်ကြတယ် တချို့က ရိုးရှင်းတယ် နာကျင်နေတဲ့အခါ မျက်နှာမှာ အတိုင်းသားနဲ့ မျက်ရည်တွေအဝိုင်းသားနဲ့ ။

ကျွန်မလို လူတွေကျတော့ လူတော်တော်များများထင်ကြတာ အဆင်ပြေနေပါတယ် ဘာမှ မဖြစ်ပါဘူးပေါ့ ပုံကြည့်လိုက်ရင် ပေကပ်ကပ်နဲ့ အသည်းတွေ သိပ်မာသလိုနဲ့ တကယ်တမ်းကျတော့ တစ်စစီ ကြေကွဲနေတာ ဘယ်သူမှ သတိမထားမိခဲ့ဘူး… ဘာမှ မဖြစ်ဘူး ဆိုပြီး မာန်တင်းထားရုံပါ အဲ့ဒီမာန်လျှော့လိုက်ရုံနဲ့ ပုံလဲကျသွားမှာလေ ငါက သန်မာတယ်ဆိုပြီး ကိုယ့်ကိုယ်က လိမ်ရင်း ပြိုလဲ ကျနေတဲ့အချိန်တွေ ဘယ်သူမှ မသိခဲ့ပါဘူး

ကျွန်မက တိတ်တိတ်လေး ကြေကွဲနေတတ်သူပါ … ခံစားလွယ်ပေမယ့် ခံစားနေရတဲ့အကြောင်း ဘယ်သူမှ မသိအောင်နေတယ် … ပေါက်ကွဲချင်ပေမယ့် ဘယ်သူ့မှ မသိတဲ့အခါမှသာ ဘယ်သူမှ မရှိတဲ့အခါမှသာ ပေါက်ကွဲနေတတ်တယ် …

သျှင်ယွန်း

ကြ်န္မက တိတ္တိတ္ေလး ေၾကကြဲေနတတ္သူပါ …

အခ်ိန္ေတြအေတာ္ၾကာျပီ ကုိယ့္၀မ္းနည္းမႈ ကိုယ့္နာက်င္မႈေတြကို မေဖာ္ျပပဲ သိမ္းထားျဖစ္ခဲ့တာေလ ။ လူတိုင္းမွာ ကိုယ့္အပူနဲ႔ ကိုယ္ပါပဲဆုိျပီး ကိုယ္ ဘာျဖစ္ေနလဲဆိုတာ သိေအာင္ ေျပာမျပခ်င္ခဲ့ ေျပာမျပတတ္ခဲ့ဘူး တိတ္ဆိတ္ေနရံုနဲ႔ ဘာမွ မျဖစ္ဘူးမထင္ပါနဲ႔ ျငိမ္သက္ေနရံုနဲ႔ မခံစားရဘူး မထင္ပါနဲ႔ ကြ်န္မက တိတ္တိတ္ေလး ေၾကကြဲေနတတ္သူပါ ။

နာက်င္ေနပါတယ္လုိ့ အက်ယ္ၾကီးမေအာ္တတ္ခဲ့ေတာ့ ဘာမွ မျဖစ္ပါဘူးေလဆုိျပီး ထင္သြားတတ္ၾကတယ္ တကယ္ေတာ့ေလ အိပ္မေပ်ာ္တဲ့ ညေတြလဲ အမ်ားၾကီးပဲ စားမ၀င္ခဲ့တဲ့အခ်ိန္ေတြလဲ အမ်ားၾကီးပဲ တခ်ိဳ႔က ပြင့္လင္းတယ္ ငါနာက်င္ေနျပီဆုိျပီး သူတို့က ေျပာတတ္ၾကတယ္ တခ်ိဳ႕က ရိုးရွင္းတယ္ နာက်င္ေနတဲ့အခါ မ်က္နွာမွာ အတိုင္းသားနဲ႔ မ်က္ရည္ေတြအ၀ိုင္းသားနဲ႔ ။

ကြ်န္မလုိ လူေတြက်ေတာ့ လူေတာ္ေတာ္မ်ားမ်ားထင္ၾကတာ အဆင္ေျပေနပါတယ္ ဘာမွ မျဖစ္ပါဘူးေပါ့ ပံုၾကည့္လုိက္ရင္ ေပကပ္ကပ္နဲ႔ အသည္းေတြ သိပ္မာသလုိနဲ႔ တကယ္တမ္းက်ေတာ့ တစ္စစီ ေၾကကြဲေနတာ ဘယ္သူမွ သတိမထားမိခဲ့ဘူး… ဘာမွ မျဖစ္ဘူး ဆုိိျပီး မာန္တင္းထားရံုပါ အဲ့ဒီမာန္ေလွ်ာ့လိုက္ရံုနဲ႔ ပံုလဲက်သြားမွာေလ ငါက သန္မာတယ္ဆိုိျပီး ကိုယ့္ကိုယ္က လိမ္ရင္း ျပိဳလဲ က်ေနတဲ့အခ်ိန္ေတြ ဘယ္သူမွ မသိခဲ့ပါဘူး

ကြ်န္မက တိတ္တိတ္ေလး ေၾကကြဲေနတတ္သူပါ … ခံစားလြယ္ေပမယ့္ ခံစားေနရတဲ့အေၾကာင္း ဘယ္သူမွ မသိေအာင္ေနတယ္ … ေပါက္ကြဲခ်င္ေပမယ့္ ဘယ္သူ့မွ မသိတဲ့အခါမွသာ ဘယ္သူမွ မရွိတဲ့အခါမွသာ ေပါက္ကြဲေနတတ္တယ္ …

သွ်င္ယြန္း