နာသွားတဲ့စိတ်ကို ဘာဆေးနဲ့မှ ကုလို့မရတော့ဘူး …

နာသွားတဲ့စိတ်ကို ဘာဆေးနဲ့မှ ကုလို့မရတော့ဘူး …

သိပ်ချစ်ခဲ့ဖူးတယ် … ကိုယ့်ကို ဘယ်လောက်ပဲ နာကျင်နေပါစေ တစ်နေ့ကျရင်တော့ ကိုယ့်အချစ်တွေမြင်ပြီး ပြန်ကြင်နာမှာပါဆိုတဲ့အတွေးနဲ့ အချိန်တွေ အကြာကြီး ရပ်နေခဲ့မိတာလေ … တန်ဖိုးမထားခံရခြင်းတွေကိုလဲ သိတယ် ဒါပေမယ့် အမှန်မြင်လာတဲ့တစ်နေ့ကျရင်တော့ အကျင့်တွေ ပြင်လာမှာပါဆိုပြီး တန်ဖိုးမဲ့နေသလို ဘဝမျိုးမှာ နှစ်တွေ အကြာကြီး ဖြုန်းတီးခဲ့ဖူးတယ် …

အခုတော့ အရင်တုန်းက ကျွန်မကို ပြန်လိုချင်နေလို့ မရတော့ဘူး … အရင်တုန်းကလို အချစ်ကိုရူးပြီး ကိုယ့်အတွက်ကို မကြည့်တတ်တဲ့ ကောင်မလေးကို ပြန်လွမ်းနေလို့မရတော့ဘူး … မချစ်တော့ဘူးလား ဆို ချစ်သေးတယ် ဒါပေမယ့် နာသွားတဲ့စိတ်ကိုတော့ ဘာဆေးထည့်ထည့် ကုလို့မရတော့ဘူးလေ … ချစ်တဲ့စိတ်တွေထက်ကို စိတ်တွေက ပိုနာတတ်သွားခဲ့တာ …

လွမ်းတယ်ဆိုပြီး မင်းအကြောင်း တွေးလိုက်တာနဲ့ အနောက်မှာ ကိုယ့်အပေါ် ဘယ်လိုမကောင်းခဲ့တာဆိုတဲ့ အတိတ်တွေဟာ ပိုပြီးပေါ်လာတယ် တစ်ခါပေါ်လာတိုင်း တစ်ခါပိုပြီး နာရတယ် ဒါကြောင့်ပဲ တိတ်ဆိတ်နေခဲ့လိုက်တာပါ မခေါ်ဖြစ်တော့ဘူး အသံတောင်မကြားချင်တော့ဘူး … မင်းနဲ့ပတ်သက်တာ မင်းနဲ့သက်ဆိုင်တာ ဘာတစ်ခုမှ ကိုယ့်ဘဝထဲမှာ မရှိတော့ရင် ပိုလို့တောင် ကောင်းဦးမယ် ..

သိပ်ချစ်တယ်ဆိုပြီး ဖက်တွယ်ထားတုန်းက အနိုင်ယူဖို့လောက်ပဲ တွေးခဲ့တာလေ ကျေးဇူးပြုပြီးတော့ ဂရုစိုက်ပါ ပြောခဲ့တုန်းက ပစ်ထားခဲ့တာလေ … ဒါတွေ လုပ်ခဲ့တဲ့သူကတော့ ဘယ်မှတ်မိပါ့မလဲ ခံစားရတဲ့သူမှာ ဖွဲမီးလိုပဲ ရင်ထဲ တမြေ့မြေ့ လောင်ကျွမ်းရတယ် ပြီးတော့ ပူလောင်ရတယ် .. သေချာလေးတွေးကြည့်တော့မှ ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်ကို နာကျင်အောင်လုပ်နေတဲ့သူကို ဖက်တွယ်ထားတာ ဝဋ်ကြွေးပါလားဆိုပြီး သဘောပေါက်လာတာပါ

နှစ်တွေတောင်ကြာခဲ့ပြီပဲ ကျွန်မ ကိုယ့်ဘဝနဲ့ကိုယ်ပဲ ရှင်သန်ပါရစေ … ရှင်လဲ ရှင့်ဘဝနဲ့ရှင်ပဲ ရှင်သန်ပါ … ဝဋ်ကြွေးတွေဆိိုရင်တောင် ကျေဖို့သင့်ပြီလေ … ကိုယ်တတ်နိုင်တာထက် ပိုပြီး လုပ်ပေးခဲ့သလို ကိုယ်ပေးနိုင်တာထက် ပိုပြီး ပေးခဲ့ပြီးပြီပဲ ကိုယ့်အတွက်ကိုယ် ကိုယ်မိသားစုနဲ့ကိုယ် ပျော်ခွင့်လေးပေးပါတော့ … နာတတ်တဲ့စိတ်ဟာ ဘာဆေးနဲ့မှ ကုလို့မရဘူးလေ … အရင်လိုပြန်ချစ်လာဖို့ အရင်လိုပြန်ဖြစ်လာဖို့ဆိုတာ ဘယ်တော့မှ ဖြစ်မလာနိုင်တော့ပါဘူး

မိန်းမသားတို့အတွက်
သျှင်ယွန်း

နာသြားတဲ့စိတ္ကုိ ဘာေဆးနဲ႔မွ ကုလုိ့မရေတာ့ဘူး …

သိပ္ခ်စ္ခဲ့ဖူးတယ္ … ကိုယ့္ကို ဘယ္ေလာက္ပဲ နာက်င္ေနပါေစ တစ္ေန့က်ရင္ေတာ့ ကုိယ့္အခ်စ္ေတြျမင္ျပီး ျပန္္ၾကင္နာမွာပါဆုိတဲ့အေတြးနဲ႔ အခ်ိန္ေတြ အၾကာၾကီး ရပ္ေနခဲ့မိတာေလ … တန္ဖိုးမထားခံရျခင္းေတြကိုလဲ သိတယ္ ဒါေပမယ့္ အမွန္ျမင္လာတဲ့တစ္ေန့က်ရင္ေတာ့ အက်င့္ေတြ ျပင္လာမွာပါဆိုျပီး တန္ဖုိးမဲ့ေနသလုိ ဘ၀မ်ိဳးမွာ နွစ္ေတြ အၾကာၾကီး ျဖဳန္းတီးခဲ့ဖူးတယ္ …

အခုေတာ့ အရင္တုန္းက ကြ်န္မကို ျပန္လုိခ်င္ေနလုိ့ မရေတာ့ဘူး … အရင္တုန္းကလုိ အခ်စ္ကိုရူူးျပီး ကိုယ့္အတြက္ကုိ မၾကည့္တတ္တဲ့ ေကာင္မေလးကို ျပန္လြမ္းေနလုိ့မရေတာ့ဘူး … မခ်စ္ေတာ့ဘူးလား ဆုိ ခ်စ္္ေသးတယ္ ဒါေပမယ့္ နာသြားတဲ့စိတ္ကိုေတာ့ ဘာေဆးထည့္ထည့္ ကုလုိ့မရေတာ့ဘူးေလ … ခ်စ္္တဲ့စိတ္ေတြထက္ကို စိတ္ေတြက ပိုနာတတ္သြားခဲ့တာ …

လြမ္းတယ္ဆုိျပီး မင္းအေၾကာင္း ေတြးလိုက္တာနဲ႔ အေနာက္မွာ ကိုယ့္အေပၚ ဘယ္လုိမေကာင္းခဲ့တာဆုိတဲ့ အတိတ္ေတြဟာ ပိုျပီးေပၚလာတယ္ တစ္ခါေပၚလာတိုင္း တစ္ခါပိုျပီး နာရတယ္ ဒါေၾကာင့္ပဲ တိတ္ဆိတ္ေနခဲ့လုိက္တာပါ မေခၚျဖစ္ေတာ့ဘူး အသံေတာင္မၾကားခ်င္ေတာ့ဘူး … မင္းနဲ႔ပတ္္သက္တာ မင္းနဲ႔သက္္ဆိုင္တာ ဘာတစ္ခုမွ ကိုယ့္ဘ၀ထဲမွာ မရွိေတာ့ရင္ ပုိလို့ေတာင္ ေကာင္းဦးမယ္ ..

သိပ္ခ်စ္တယ္ဆိုျပီး ဖက္တြယ္ထားတုန္းက အနုိင္ယူဖို့ေလာက္ပဲ ေတြးခဲ့တာေလ ေက်းဇူးျပဳျပီးေတာ့ ဂရုစိုက္ပါ ေျပာခဲ့တုန္းက ပစ္ထားခဲ့တာေလ … ဒါေတြ လုပ္ခဲ့တဲ့သူကေတာ့ ဘယ္မွတ္မိပါ့မလဲ ခံစားရတဲ့သူမွာ ဖြဲမီးလိုပဲ ရင္ထဲ တေျမ့ေျမ့ ေလာင္ကြ်မ္းရတယ္ ျပီးေတာ့ ပူေလာင္ရတယ္ .. ေသခ်ာေလးေတြးၾကည့္ေတာ့မွ ကိုယ့္ထမင္းကိုယ္စားျပီး ကိုယ့္ကုိ နာက်င္ေအာင္လုပ္ေနတဲ့သူကို ဖက္တြယ္ထားတာ ၀ဋ္ေၾကြးပါလားဆုိျပီး သေဘာေပါက္လာတာပါ

နွစ္ေတြေတာင္ၾကာခဲ့ျပီပဲ ကြ်န္မ ကိုယ့္ဘ၀နဲ႔ကိုယ္ပဲ ရွင္သန္္ပါရေစ … ရွင္လဲ ရွင့္ဘ၀နဲ႔ရွင္ပဲ ရွင္သန္ပါ … ၀ဋ္ေၾကြးေတြဆိုိရင္ေတာင္ ေက်ဖို့သင့္ျပီေလ … ကိုယ္တတ္နုိင္တာထက္ ပိုျပီး လုပ္ေပးခဲ့သလုိ ကိုယ္ေပးနုိင္တာထက္ ပုိျပီး ေပးခဲ့ျပီးျပီပဲ ကိုယ့္အတြက္ကိုယ္ ကုိယ္မိသားစုနဲ႔ကိုယ္ ေပ်ာ္ခြင့္ေလးေပးပါေတာ့ … နာတတ္တဲ့စိတ္ဟာ ဘာေဆးနဲ႔မွ ကုလို့မရဘူးေလ … အရင္လုိျပန္ခ်စ္လာဖုိ့ အရင္လုိျပန္ျဖစ္လာဖို့ဆုိတာ ဘယ္ေတာ့မွ ျဖစ္မလာနုိင္ေတာ့ပါဘူး

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း

Item added to cart.
0 items - Ks0.00