အစကောင်းခဲပေမယ့် အဆုံးသတ်တွေဟာ နာကျင်စရာ …

အစကောင်းခဲပေမယ့် အဆုံးသတ်တွေဟာ နာကျင်စရာ …

အစကောင်းမှ အနှောင်းသေချာတယ်တဲ့ … ကျွန်မအချစ်ရေးတွေရဲ့အစမှာလေ ကျွန်မကိုယ်ကျွန်မ သိပ်ကိုကံကောင်းလှပြီးထင်နေခဲ့တာ .. ဘယ်တော့မှ မထားပါဘူးဆိုတဲ့ ကတိတွေ အကြိမ်ကြိမ်ပေးပြီး တဖွဖွ ချစ်တယ်ပြောတတ်တဲ့ လူတစ်ယောက် ကိုယ့်ကို သည်းသည်းလှုပ် ဂရုစိုက်နေခဲ့တာလေ …

မျက်နှာလေးများပျက်ရင် ဘာဖြစ်တာလဲ အမောတကော ရောက်လာတတ်သေးတာ ဗိုက်နာသလား ရေဆာသလား စတဲ့ အသေးအမွှားတွေကအစ ဂရုတစိုက်ရှိလှတဲ့သူ့ကို တစ်သက်လုံးအတွက် ဆိုပြီး အိပ်မက်တွေ မက်နေခဲ့မိတာ … သူ့နဲ့ ချစ်နေတုန်းကလေ ကိုယ့်မိဘတွေကအစ အသိပေးပြီး ဒီတစ်ယောက်နဲ့ အိုမင်းရပါလို၏ဆိုတဲ့ ဆုတွေတောင်းခဲ့တာ …

ကျွန်မဟာ ရှင့်အတွက် တစ်ဦးတည်းသော လူဆို … ကျွန်မကို ဘယ်တော့မှ ထားမသွားဘူးဆို … ကျွန်မ မျက်ရည်ကျရင် မပြောနဲ့ မျက်နှာလေးပျက်ရင်တောင် မနေတတ်ဘူးဆို …ဘယ်တော့မှ မငိုစေရဘူးဆိုတဲ့ လူက အခုတော့ ကျွန်မမဟုတ်တဲ့ တခြားတစ်ယောက်နဲ့ အချစ်တွေကို အဆုံးသတ်သွားတယ် သူနဲ့အတူဆိုပြီး အိပ်မက်တွေ အများကြီး မက်ခဲ့တဲ့ ကျွန်မမှာ အဲ့ဒီအိပ်မက်တွေကို ပြန်ဆက်ချင်နေတုန်းပဲ …

နှစ်ယောက်အတူဆိုပြီး မျှော်လင့်ခဲ့ရတဲ့ ဘဝလမ်းတွေမှာ ကိုယ်တစ်ယောက်တည်းကျန်ခဲ့ပါလားဆိုတဲ့အသိတွေ ရှိပေမယ့် ငါတစ်ယောက်တည်းပါလားဆိုပြီး လက်ခံလိုက်ဖို့ သတ္တိတွေမဲ့နေသေးတယ် … နေ့တွေ ညတွေတိုင်း စကားတွေ ပြောနေတာ အကျင့်ဖြစ်နေပြီးမှ ဘာစာမှမလာ ဘာအသံမှမကြားပဲ အဆက်အသွယ်တွေ တိကနဲ ဖြတ်ခံလိုက်ရခြင်းတွေမှာ နေသားမကျသေးဘူး

ခုလက်ရှိအဖြစ်အပျက်တွေဟာ အိပ်မက်ဆိုရင် ကျွန်မ နိုးထလိုက်ချင်ပြီ .. ဆက်ပြီးနာကျင်နေရတဲ့ဒဏ်ကို မခံနိုင်တော့ဘူး … ပြန်လာနိုးနိုး ခေါ်လာနိုးနိုးနဲ့ မျှော်နေရတဲ့ရက်တွေဟာ သူမရှိတော့ကတည်းကဆိုရင် ခုဆို အတော့်ကို ကြာပြိီလေ… အစတွေကောင်းရင် အနှောင်းသေချာသတဲ့ … အစကတော့ သူကျွန်မကို သိပ်ချစ်ပြခဲ့တာပါပဲ ..

ဒါပေမယ့် အဆုံးသတ်တွေကတော့ တခြားတစ်ယောက်နဲ့ ဆုံးတယ်. … ပြီးတော့ ကျွန်မကို အိပ်မက်တွေကြားမှာ ချန်ထားပြီး နာကျင်စေရုံသက်သက်ပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

အစေကာင္းခဲေပမယ့္ အဆံုးသတ္ေတြဟာ နာက်င္စရာ …

အစေကာင္းမွ အေနွာင္းေသခ်ာတယ္တဲ့ … ကြ်န္မအခ်စ္ေရးေတြရဲ႔အစမွာေလ ကြ်န္မကုိယ္ကြ်န္မ သိပ္ကိုကံေကာင္းလွျပီးထင္ေနခဲ့တာ .. ဘယ္ေတာ့မွ မထားပါဘူးဆိုတဲ့ ကတိေတြ အၾကိမ္ၾကိမ္ေပးျပီး တဖြဖြ ခ်စ္တယ္ေျပာတတ္တဲ့ လူတစ္ေယာက္ ကုိယ့္ကို သည္းသည္းလႈပ္ ဂရုစိုက္ေနခဲ့တာေလ …

မ်က္နွာေလးမ်ားပ်က္ရင္ ဘာျဖစ္တာလဲ အေမာတေကာ ေရာက္လာတတ္ေသးတာ ဗိုက္နာသလား ေရဆာသလား စတဲ့ အေသးအမႊားေတြကအစ ဂရုတစိုက္ရွိလွတဲ့သူ့ကို တစ္သက္လံုးအတြက္ ဆုိျပီး အိပ္မက္ေတြ မက္ေနခဲ့မိတာ … သူ႔နဲ႔ ခ်စ္ေနတုန္းကေလ ကိုယ့္မိဘေတြကအစ အသိေပးျပီး ဒီတစ္ေယာက္နဲ႔ အိုမင္းရပါလို၏ဆုိတဲ့ ဆုေတြေတာင္းခဲ့တာ …

ကြ်န္မဟာ ရွင့္အတြက္ တစ္ဦးတည္းေသာ လူဆုိ … ကြ်န္မကို ဘယ္ေတာ့မွ ထားမသြားဘူးဆုိ … ကြ်န္မ မ်က္ရည္က်ရင္ မေျပာနဲ႕ မ်က္ႏွာေလးပ်က္ရင္ေတာင္ မေနတတ္ဘူးဆုိ …ဘယ္ေတာ့မွ မငိုေစရဘူးဆုိတဲ့ လူက အခုေတာ့ ကြ်န္မမဟုတ္တဲ့ တျခားတစ္ေယာက္နဲ႔ အခ်စ္ေတြကို အဆံုးသတ္္သြားတယ္ သူနဲ႔အတူဆိုျပီး အိပ္မက္ေတြ အမ်ားၾကီး မက္ခဲ့တဲ့ ကြ်န္မမွာ အဲ့ဒီအိပ္မက္ေတြကို ျပန္ဆက္ခ်င္ေနတုန္းပဲ …

နွစ္ေယာက္အတူဆုိျပီး ေမွ်ာ္လင့္ခဲ့ရတဲ့ ဘ၀လမ္းေတြမွာ ကိုယ္တစ္ေယာက္တည္းက်န္ခဲ့ပါလားဆိုတဲ့အသိေတြ ရွိေပမယ့္ ငါတစ္ေယာက္တည္းပါလားဆိုျပီး လက္ခံလုိက္ဖို့ သတၱိေတြမဲ့ေနေသးတယ္ … ေန့ေတြ ညေတြတုိင္း စကားေတြ ေျပာေနတာ အက်င့္ျဖစ္ေနျပီးမွ ဘာစာမွမလာ ဘာအသံမွမၾကားပဲ အဆက္အသြယ္ေတြ တိကနဲ ျဖတ္ခံလုိက္ရျခင္းေတြမွာ ေနသားမက်ေသးဘူး

ခုလက္ရွိအျဖစ္အပ်က္ေတြဟာ အိပ္မက္ဆိုရင္ ကြ်န္မ နုိးထလုိက္ခ်င္ျပီ .. ဆက္ျပီးနာက်င္ေနရတဲ့ဒဏ္ကို မခံနုိင္ေတာ့ဘူး … ျပန္လာနုိးနိုး ေခၚလာနုိးနုိးနဲ႔ ေမွ်ာ္ေနရတဲ့ရက္ေတြဟာ သူူူမရွိေတာ့ကတည္းကဆိုရင္ ခုဆို အေတာ့္ကို ၾကာျပီိေလ… အစေတြေကာင္းရင္ အေနွာင္းေသခ်ာသတဲ့ … အစကေတာ့ သူကြ်န္မကိုု သိပ္ခ်စ္ျပခဲ့တာပါပဲ ..

ဒါေပမယ့္ အဆံုးသတ္ေတြကေတာ့ တျခားတစ္ေယာက္နဲ႔ ဆံုးတယ္. … ျပီးေတာ့ ကြ်န္မကို အိပ္မက္ေတြၾကားမွာ ခ်န္ထားျပီး နာက်င္ေစရံုသက္သက္ပါ ။

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း