သူ့စိတ်ထဲမှာ ငါမှ မရှိတော့တာ …

သူ့စိတ်ထဲမှာ ငါမှ မရှိတော့တာ …

ဘယ်လောက်ပဲ အရေးပါဖို့ကြိုးစားကြိုးစား ကိုယ့်အတွက် နေရာမရှိတဲ့ သူ့အတွက်တော့ ကိုယ်ဘယ်လောက်ပဲ ကောင်းနေပါစေ နေရာရလာမှာ မဟုတ်တော့ဘူးလေ … သူ့စိတ်ထဲမှာ ငါမှ မရှိတော့တာ လက်လွှတ်လိုက်ဖို့ပဲ တွေးပါတယ် … ဒါပေမယ့် အမှန်အတိုင်း ဝန်ခံရရင် တော်တော်လေး နာကျင်ခံစားရတယ် …

လွယ်လွယ်ကူကူလေးတော့ ဒီလိုတွေးခဲ့တာတော့ ဘယ်ဟုတ်ပါ့မလဲ … နောက်ထပ် အချိန်တွေအကြာကြီးရပ်နေလဲ အဖြေတွေပြောင်းလဲတော့မှာ မဟုတ်မှန်း ကိုယ်လက်သင့်ခံလိုက်လို့သာ ဒီလိုတွေးခဲ့တာပါ … ရပ်နေခဲ့ဖူးတယ် တစ်ခါတစ်လေဆို ကိုယ်ရှိလို့ရှိနေမှန်းတောင် မသိဘူးထင်ပါတယ် ဂရုစိုက်ဖို့ဆိုတာ တကယ့်ကို အိပ်မက်ထဲမှာ ။

တစ်ခါလေးငဲ့ကြည့်ဖို့အရေးကို အကြိမ်ကြိမ်တောင်းပန်ခဲ့ဖူးတာတောင် တစ်ကြိမ်မှ ကျွန်မအတွက် ငဲ့မကြည့်ခဲ့ဖူးဘူး သူသာ ကျွန်မ နေရာမှာဆို ဘယ်လိုနေမလဲဆိုပြီး တွေးကြည့်ဖူးတယ် သေချာတာတော့ ဒီလောက်တောင် ကြာခဲ့မယ်မထင်ပါဘူးလေ … ကိုယ်ဘာဖြစ်နေလဲဆိုတာထက် သူဘာဖြစ်နေပါတယ်ဆိုတာကိုပဲ ရှေ့တန်းတင်တတ်တယ် သူ့အတ္တတွေလောက်တောင် ကျွန်မကိုမှ မချစ်ပဲလေ …..

သူနေထိုင်မကောင်းဖြစ်တဲ့အခါ ကိုယ့်မှာ ပြာယာခတ်တတ်သလောက် ကိုယ်ဖြစ်တဲ့အခါ သူက သိပ်ကို နေနိုင်တယ် ကိုယ်တိ်တ်ဆိတ်လိုက်မယ်ဆိုရင် သူက ဘာမှမပြောပဲနဲ့လဲ နေနိုင်တယ် ကိုယ်ခေါ်မှထူးတတ်တဲ့ လူလေ … တစ်ကြိမ်တစ်ခါမှ သူ့ဘက်က ကြိုးစားယူခဲ့တာတွေ မရှိခဲ့ဘူး ကိုယ်ကပဲ နီးစပ်ချင်ခဲ့တာပါ ဒါပေမယ့် သူကတော့ ဒီတိုင်းလေးရပ်နေတယ် …

သူ့စိတ်ထဲမှာ ကိုယ်မှမရှိတာ လွှတ်ချလိုက်ဖို့ပဲ တွေးပါတယ် … လွယ်လွယ်ကူကူလေးတော့မဟုတ်ဘူးပေါ့ … နာနာကျင်ကျင်နဲ့ကို ဒီလမ်းကို ရွေးခဲ့တာပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

သူ့စိတ္ထဲမွာ ငါမွ မရွိေတာ့တာ …

ဘယ္ေလာက္ပဲ အေရးပါဖုိ့ၾကိဳးစားၾကိဳးစား ကိုယ့္အတြက္ ေနရာမရွိတဲ့ သူ့အတြက္ေတာ့ ကိုယ္ဘယ္ေလာက္ပဲ ေကာင္းေနပါေစ ေနရာရလာမွာ မဟုတ္ေတာ့ဘူးေလ … သူ့စိတ္ထဲမွာ ငါမွ မရွိေတာ့တာ လက္လႊတ္လုိက္ဖို့ပဲ ေတြးပါတယ္ … ဒါေပမယ့္ အမွန္အတုိင္း ၀န္ခံရရင္ ေတာ္ေတာ္ေလး နာက်င္ခံစားရတယ္ …

လြယ္လြယ္ကူကူေလးေတာ့ ဒီလုိေတြးခဲ့တာေတာ့ ဘယ္ဟုတ္ပါ့မလဲ … ေနာက္ထပ္ အခ်ိန္ေတြအၾကာၾကီးရပ္ေနလဲ အေျဖေတြေျပာင္းလဲေတာ့မွာ မဟုတ္မွန္း ကိုယ္လက္သင့္ခံလုိက္လုိ့သာ ဒီလုိေတြးခဲ့တာပါ … ရပ္ေနခဲ့ဖူးတယ္ တစ္ခါတစ္ေလဆို ကိုယ္ရွိလုိ့ရွိေနမွန္းေတာင္ မသိဘူးထင္ပါတယ္ ဂရုစိုက္ဖုိ့ဆုိတာ တကယ့္ကို အိပ္မက္ထဲမွာ ။

တစ္ခါေလးငဲ့ၾကည့္ဖုိ့အေရးကို အၾကိမ္ၾကိမ္ေတာင္းပန္ခဲ့ဖူးတာေတာင္ တစ္ၾကိမ္မွ ကြ်န္မအတြက္ ငဲ့မၾကည့္ခဲ့ဖူးဘူး သူသာ ကြ်န္မ ေနရာမွာဆုိ ဘယ္လိုေနမလဲဆိုျပီး ေတြးၾကည့္ဖူးတယ္ ေသခ်ာတာေတာ့ ဒီေလာက္ေတာင္ ၾကာခဲ့မယ္မထင္ပါဘူးေလ … ကိုယ္ဘာျဖစ္ေနလဲဆိုတာထက္ သူဘာျဖစ္ေနပါတယ္ဆုိတာကိုပဲ ေရွ႕တန္းတင္တတ္တယ္ သူ့အတၱေတြေလာက္ေတာင္ ကြ်န္မကိုမွ မခ်စ္ပဲေလ …..

သူေနထိုင္မေကာင္းျဖစ္တဲ့အခါ ကိုယ့္မွာ ျပာယာခတ္တတ္သေလာက္ ကိုယ္ျဖစ္တဲ့အခါ သူက သိပ္ကို ေနနိုင္တယ္ ကိုယ္တိ္တ္ဆိတ္လုိက္မယ္ဆုိရင္ သူက ဘာမွမေျပာပဲနဲ႔လဲ ေနနိုင္တယ္ ကိုယ္ေခၚမွထူးတတ္တဲ့ လူေလ … တစ္ၾကိမ္တစ္ခါမွ သူ့ဘက္က ၾကိဳးစားယူခဲ့တာေတြ မရွိခဲ့ဘူး ကိုယ္ကပဲ နီးစပ္ခ်င္ခဲ့တာပါ ဒါေပမယ့္ သူကေတာ့ ဒီတုိင္းေလးရပ္ေနတယ္ …

သူ့စိတ္ထဲမွာ ကုိယ္မွမရွိတာ လႊတ္ခ်လုိက္ဖို့ပဲ ေတြးပါတယ္ … လြယ္လြယ္ကူကူေလးေတာ့မဟုတ္ဘူးေပါ့ … နာနာက်င္က်င္နဲ႔ကို ဒီလမ္းကို ေရြးခဲ့တာပါ ။

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း