ကျွန်မ မှားခဲ့တာတွေကတော့ တော်တော်လေးကိုများတယ်

လူဆိုတာလဲ အမှားနဲ့မကင်းတတ်ဘူးတဲ့ ကျွန်မလဲ လူထဲကလူတစ်ယောက်ပါပဲ အမှားနဲ့တော့ဘယ်ကင်းပါ့မလဲ သို့သော် ကျွန်မ မှားခဲ့တာတွေကတော့ တော်တော်လေးကိုများတယ်

ဥပမာ -စေတနာတွေ ပေးတာလဲ မှားတယ် အရမ်းပေါပေါပဲပဲပေးလိုက်မိတာ ကျွန်မ အရမ်းမှားတယ်လေမေတ္တာထားတာလဲ မှားတယ် မေတ္တာဆိုတာ ဘယ်ဆီဘယ်၀ယ်မှန်းမသိတဲ့လူကို တစ်နေ့နားလည်မှာပါဆိုပြီး ပေးနေမိတာ ကျွန်မ မှားတယ်

မျှော်လင့်ချက်ထားခဲ့မိတာလဲ မှားတယ် ပါးစပ်ဖျားလေးတင် ပြီးစလွယ်ပြောလိုက်တဲ့ စကားကို တကယ်ကြီးယုံမှတ်ပြီး မျှော်လင့်နေမိတဲ့ ကျွန်မမှားတယ် ယုံကြည်ခဲ့မိတာလဲ မှားတယ် ကတိပေးပါတယ် နောက်မလုပ်တော့ပါဘူး ထပ်မဖြစ်စေရပါဘူး ဒီစကါးတွေကို အထပ်ထပ် ယုံကြည်နေမိတဲ့ ကျွန်မ မှားတယ်

အားနာတတ်တာလဲ မှားတယ် ကိုယ့်ဘက် တစ်ချက်မှ ငဲ့မကြည့်တတ်တဲ့လူကို အားတွေနာပြီး မငြင်းရက် မငြင်းခဲ့ပဲ သူ့အတွက်ကြီးပဲကြည့်ခဲ့မိတဲ့ ကျွန်မ မှားတယ် ။ကိုယ့်ဘက်သူ့ဘက် မကြည့်တတ်တဲ့ လူတစ်ယောက်အတွက် ကျွန်မမှာ အချိန်တွေအများကြီး ပေးဆပ်ခဲ့ရတာလေ

ဒါပေမယ့် ပြန်ပြီးရလာတာဆိုလို့ နောင်တတွေပဲ ရှိတယ် နောက်ပိုင်းကျတော့ ကျွန်မ မှားနေတာတွေ မြင်လာတယ် ပြန်ပြီး ပြင်ဖို့လဲ ကြိုးစားနေပါတယ် နောက်ဆို ဒီထက်ပိုပြီး ကျွန်မ ဆင်ခြင်မှ ရတော့မယ်လေ မဟုတ်ရင် ကိုယ့်မှာ ရလာနိုင်တာဆိုလို့ ဒဏ်ရာအနာတရတွေနဲ့ နာကျင်စရာတွေပဲ မြင်တယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

လူဆိုတာလဲ အမွားနဲ့မကင္းတတ္ဘူးတဲ့ ကြ်န္မလဲ လူထဲကလူတစ္ေယာက္ပါပဲ အမွားနဲ့ေတာ့ဘယ္ကင္းပါ့မလဲ သို့ေသာ္ ကြ်န္မ မွားခဲ့တာေတြကေတာ့ ေတာ္ေတာ္ေလးကိုမ်ားတယ္

ဥပမာ -ေစတနာေတြ ေပးတာလဲ မွားတယ္ အရမ္းေပါေပါပဲပဲေပးလိုက္မိတာ ကြ်န္မ အရမ္းမွားတယ္ေလေမတၱာထားတာလဲ မွားတယ္ ေမတၱာဆိုတာ ဘယ္ဆီဘယ္ဝယ္မွန္းမသိတဲ့လူကို တစ္ေန့နားလည္မွာပါဆိုျပီး ေပးေနမိတာ ကြ်န္မ မွားတယ္

ေမွ်ာ္လင့္ခ်က္ထားခဲ့မိတာလဲ မွားတယ္ ပါးစပ္ဖ်ားေလးတင္ ျပီးစလြယ္ေျပာလိုက္တဲ့ စကားကို တကယ္ျကီးယံုမွတ္ျပီး ေမွ်ာ္လင့္ေနမိတဲ့ ကြ်န္မမွားတယ္ ယံုျကည္ခဲ့မိတာလဲ မွားတယ္ ကတိေပးပါတယ္ ေနာက္မလုပ္ေတာ့ပါဘူး ထပ္မျဖစ္ေစရပါဘူး ဒီစကါးေတြကို အထပ္ထပ္ ယံုျကည္ေနမိတဲ့ ကြ်န္မ မွားတယ္

အားနာတတ္တာလဲ မွားတယ္ ကိုယ့္ဘက္ တစ္ခ်က္မွ ငဲ့မျကည့္တတ္တဲ့လူကို အားေတြနာျပီး မျငင္းရက္ မျငင္းခဲ့ပဲ သူ့အတြက္ျကီးပဲျကည့္ခဲ့မိတဲ့ ကြ်န္မ မွားတယ္ ။ကိုယ့္ဘက္သူ့ဘက္ မျကည့္တတ္တဲ့ လူတစ္ေယာက္အတြက္ ကြ်န္မမွာ အခ်ိန္ေတြအမ်ားျကီး ေပးဆပ္ခဲ့ရတာေလ

ဒါေပမယ့္ ျပန္ျပီးရလာတာဆိုလို့ ေနာင္တေတြပဲ ရွိတယ္ ေနာက္ပိုင္းက်ေတာ့ ကြ်န္မ မွားေနတာေတြ ျမင္လာတယ္ ျပန္ျပီး ျပင္ဖို့လဲ ျကိုးစားေနပါတယ္ ေနာက္ဆို ဒီထက္ပိုျပီး ကြ်န္မ ဆင္ျခင္မွ ရေတာ့မယ္ေလ မဟုတ္ရင္ ကိုယ့္မွာ ရလာနိုင္တာဆိုလို့ ဒဏ္ရာအနာတရေတြနဲ့ နာက်င္စရာေတြပဲ ျမင္တယ္ ။

မိန္းမသားတို့အတြက္
သွ်င္ယြန္း