ဘာပြောစရာရှိလို့လဲဆိုတဲ့ စကားတွေနောက်မှာ

ဘာပြောစရာရှိလို့လဲ တဲ့….

စကားလေးတစ်ခွန်းပဲ … သာမန်အချိန်တွေမှာ ဘာမှဖြစ်မသွားနိုင်ပေမယ့် တကယ်သိပ်လွမ်းနေလို့ ဖုန်းဆက်တဲ့အခါ ဘာပြောစရာရှိလို့လဲဆိုတဲ့ စကားတွေနောက်မှာ ပြောမယ်လို့ကြံရွယ်ထားတာတွေအားလုံး ပျောက်သွားခဲ့ဖူးတယ် …

ဟင့်အင်း ဘာမှမဖြစ်ပါဘူးပေါ့ ဒီတိုင်းလေးပဲ ဆက်ဖြစ်လိုက်ရုံပါ အသံကြားလိုက်ရပြီပဲ အဆင်ပြေနေပြီဆိုတာသိရုံနဲ့တင် ဖုန်းချလိုက်ဖို့လုံလောက်ပြီလေ ဆက်ပြောစရာ စကားလုံးတွေရှိပေမယ့်လဲ ဆက်ပြောနိုင်မယ့်အင်အားတွေ မဲ့သွားအခါ အလိုလို လက်က ဖုန်းချပြီးသားဖြစ်သွားတယ်

မျှော်နေမယ်ထင်တယ်ဆိုတဲ့အတွေးနဲ့ ကိုယ်က မိုက်ရူးရဲဆန်နေမိတာ … အဆင်ပြေပါ့မလားဆိုတဲ့အတွေးနဲ့ စိတ်ပူနေခဲ့မိတာ သူက ပျော်အောင် နေတတ်တယ် ကိုယ်ပဲ ပျော်အောင်မနေတတ်ခဲ့သေးတာလေ … ချစ်သူနှစ်ဦးမှာ ပြောစရာတွေ ဘာမှမရှိဘူးတဲ့လား

ကိုယ့်ဘက်က စပြီးပြောမှ ဝတ်ကျေတမ်းကျေပြောလာမယ့် စကားတွေကို နားထောင်နိုင်ဖို့အင်အားတွေလဲ တဖြေးဖြေး မဲ့မဲ့လာပါပြီ … သူ့မှာ ဘာမှ ပြောစရာရှိမနေမှန်း အရင်ကတည်းက သိမနေခဲ့တာကိုက ကိုယ် ညံ့ခဲ့တာလို့လဲ ဖြေပါမယ် … တကယ် လိုအပ်လိမ့်မယ်လို့ထင်ခဲ့တာ

ဘာပြောစရာရှိလို့လဲ တဲ့ … စကားလုံးလေးတစ်လုံးပဲ သိပ်လွမ်းလို့ဆက်မိတဲ့ကိုယ့်အတွက်တော့ ဘာမှဆက်မပြောနိုင်တော့အောင် ဆွံ့အသွားမိတယ် … စကားလုံးလေး တစ်လုံးပါပဲ အကြောင်းအရာတွေမရှိလဲ အသံလေးကြားချင်တဲ့ကိုယ့်အတွက်တော့ သိပ်အခံရခက်တယ် …ဘာပြောစရာရှိလို့လဲ တဲ့….

မိန်းမသားတို့အတွက်
သျှင်ယွန်း

ဘာေျပာစရာရွိလုိ့လဲ တဲ့….

စကားေလးတစ္ခြန္းပဲ … သာမန္အခ်ိန္ေတြမွာ ဘာမွျဖစ္မသြားနိုင္ေပမယ့္ တကယ္သိပ္လြမ္းေနလို့ ဖုန္းဆက္တဲ့အခါ ဘာေျပာစရာရွိလုိ့လဲဆိုတဲ့ စကားေတြေနာက္မွာ ေျပာမယ္လုိ့ၾကံရြယ္ထားတာေတြအားလံုး ေပ်ာက္သြားခဲ့ဖူးတယ္ …

ဟင့္အင္း ဘာမွမျဖစ္ပါဘူးေပါ့ ဒီတိုင္းေလးပဲ ဆက္ျဖစ္လိုက္ရံုပါ အသံၾကားလုိက္ရျပီပဲ အဆင္ေျပေနျပီဆိုတာသိရံုနဲ႕တင္ ဖုန္းခ်လုိိက္ဖို့လံုေလာက္ျပီေလ ဆက္ေျပာစရာ စကားလံုးေတြရွိေပမယ့္လဲ ဆက္ေျပာနိုင္မယ့္အင္အားေတြ မဲ့သြားအခါ အလုိလို လက္က ဖုန္းခ်ျပီးသားျဖစ္သြားတယ္

ေမွ်ာ္ေနမယ္ထင္တယ္ဆုိတဲ့အေတြးနဲ႕ ကိုယ္က မိုက္ရူးရဲဆန္ေနမိတာ … အဆင္ေျပပါ့မလားဆိုတဲ့အေတြးနဲ႕ စိတ္ပူေနခဲ့မိတာ သူက ေပ်ာ္ေအာင္ ေနတတ္တယ္ ကိုယ္ပဲ ေပ်ာ္ေအာင္မေနတတ္ခဲ့ေသးတာေလ … ခ်စ္သူနွစ္ဦးမွာ ေျပာစရာေတြ ဘာမွမရွိဘူးတဲ့လား

ကိုယ့္ဘက္က စျပီးေျပာမွ ၀တ္ေက်တမ္းေက်ေျပာလာမယ့္ စကားေတြကို နားေထာင္နိုင္ဖို့အင္အားေတြလဲ တေျဖးေျဖး မဲ့မဲ့လာပါျပီ … သူ့မွာ ဘာမွ ေျပာစရာရွိမေနမွန္း အရင္ကတည္းက သိမေနခဲ့တာကိုက ကိုယ္ ညံ့ခဲ့တာလုိ့လဲ ေျဖပါမယ္ … တကယ္ လိုအပ္လိမ့္မယ္လို့ထင္ခဲ့တာ

ဘာေျပာစရာရွိလုိ့လဲ တဲ့ … စကားလံုးေလးတစ္လံုးပဲ သိပ္လြမ္းလို့ဆက္မိတဲ့ကိုယ့္အတြက္ေတာ့ ဘာမွဆက္မေျပာနုိင္ေတာ့ေအာင္ ဆြံ႕အသြားမိတယ္ … စကားလံုးေလး တစ္လံုးပါပဲ အေၾကာင္းအရာေတြမရွိလဲ အသံေလးၾကားခ်င္တဲ့ကိုယ့္အတြက္ေတာ့ သိပ္အခံရခက္တယ္ …

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း