ဝေးသွားကြပြီဆိုပေမယ့် လွမ်းနေမိတုန်းပဲ

ဝေးသွားကြပြီဆိုပေမယ့် လွမ်းနေမိတုန်းပဲ

တွေ့ဆုံခြင်းတွေကို ခုံမင်ရင် လမ်းခွဲခြင်းတွေအတွက် ခံနိုင်ရည်ရှိရမယ်တဲ့ ကျွန်မ ခံနိုင်ရည်ရှိခဲ့တယ်ထင်ပါတယ် ခွဲခွါခြင်းတွေကို ပြုံးပြုံးလေး လက်သင့်ခံနိုင်ပေမယ့် ဝေးပြီးတဲ့နောက်မှာ ထပ်ပြီးတော့ လွမ်းနေမိသေးတယ် ပြန်လိုချင်လို့ လွမ်းတာမျိုးမဟုတ်ပဲ တချိန်က အတူရှိခဲ့ဖူးပါလားဆိုတဲ့ အတိတ်ကို ခဏပြေးမြင်ကြည့်ရုံပါ …

အရင်လို ပြန်ဖြစ်ချင်တယ်ဆိုတဲ့ အတ္တတွေရှိမနေတော့သလို သူ့အနား ပြန်ရောက်ပြီး အရင်လို နာကျင်ရတာမျိုးလဲ ခံနိုင်ရည်မရှိတော့ဘူးလေ .. ခုလို ဝေးနေခြင်းတွေက ပိုပြီးကောင်းပါတယ် ကိုယ်လွမ်းတဲ့အချိန် ကိုယ်အမှတ်ရမိတဲ့ အမှတ်တရလေးကို တသသလေး ထားမယ် ကိုယ်မလွမ်းချင်တဲ့အချိန် ပေါ့ပေါ့ပါးပါးလေးပဲ ကိုယ့်စိတ်ကို ထားမယ်

အနားမှာရှိပြီး ပူလောင်နေရတာထက်စာရင် အဝေးကကြည့်ရင်း အေးချမ်းနေရတာကောင်းပါတယ်ဆိုတာ အခုမှ ပိုပြီးသိလာရတာပါ တချိန်တုန်းက ကိုယ်မှာ ဆုံးရှုံးရမှာစိုးတဲ့စိတ်နဲ့ ပူလောင်ရတယ် မချစ်ပါလားဆိုတဲ့ အသိနဲ့ နာကျင်ရတယ် ပစ်ထားပါလားဆိုပြီးတော့လဲ သိမ်ငယ်ရတယ် … တကယ် ခွဲခွါကြတဲ့အခါမှာတော့ အစပိုင်း လတွေမှာ သိပ်ကို နာကျင်ရတယ် နေလို့မပျော်ခဲ့သလို ပျော်အောင်လဲ နေလို့မရခဲ့ဘူးလေ …

ခုတော့ ဝေးခဲ့တာကြာပါပြီဆိုတဲ့ စကားလေးကို သုံးပြီး တစ်ခါတစ်ခါ လွမ်းမိတာက လွဲရင် ကျွန်မ ဘဝမှာ အရာအားလုံးဟာ တဖြေးဖြေးနဲ့ နေသားတကျဖြစ်လာပါပြီ

မိန်းမသားတို့အတွက်
သျှင်ယွန်း

ေ၀းသြားၾကျပီဆုိေပမယ့္ လြမ္းေနမိတုန္းပဲ

ေတြ့ဆံုျခင္းေတြကို ခံုမင္ရင္ လမ္းခြဲျခင္းေတြအတြက္ ခံနုိင္ရည္ရွိရမယ္တဲ့ ကြ်န္မ ခံနုိင္ရည္ရွိခဲ့တယ္ထင္ပါတယ္ ခြဲခြါျခင္းေတြကို ျပံဳးျပံဳးေလး လက္သင့္ခံနုိင္ေပမယ့္ ေ၀းျပီးတဲ့ေနာက္မွာ ထပ္ျပီးေတာ့ လြမ္းေနမိေသးတယ္ ျပန္လုိခ်င္လုိ့ လြမ္းတာမ်ိဳးမဟုတ္ပဲ တခ်ိန္က အတူရွိခဲ့ဖူးပါလားဆိုတဲ့ အတိတ္ကို ခဏေျပးျမင္ၾကည့္ရံုပါ …

အရင္လုိ ျပန္ျဖစ္ခ်င္တယ္ဆုိတဲ့ အတၱေတြရွိမေနေတာ့သလုိ သူ့အနား ျပန္ေရာက္ျပီး အရင္လုိ နာက်င္ရတာမ်ိဳးလဲ ခံနုိင္ရည္မရွိေတာ့ဘူးေလ .. ခုလုိ ေ၀းေနျခင္းေတြက ပုိျပီးေကာင္းပါတယ္ ကိုယ္လြမ္းတဲ့အခ်ိန္ ကိုယ္အမွတ္ရမိတဲ့ အမွတ္တရေလးကို တသသေလး ထားမယ္ ကိုယ္မလြမ္းခ်င္တဲ့အခ်ိန္္ ေပါ့ေပါ့ပါးပါးေလးပဲ ကိုယ့္စိတ္ကို ထားမယ္

အနားမွာရွိျပီး ပူေလာင္ေနရတာထက္စာရင္ အေ၀းကၾကည့္ရင္း ေအးခ်မ္းေနရတာေကာင္းပါတယ္ဆုိတာ အခုမွ ပိုျပီးသိလာရတာပါ တခ်ိန္တုန္းက ကိုယ္မွာ ဆံုးရံႈးရမွာစိုးတဲ့စိတ္နဲ႔ ပူေလာင္ရတယ္ မခ်စ္ပါလားဆုိတဲ့ အသိနဲ႔ နာက်င္ရတယ္ ပစ္ထားပါလားဆုိျပီးေတာ့လဲ သိမ္ငယ္ရတယ္ … တကယ္ ခြဲခြါၾကတဲ့အခါမွာေတာ့ အစပုိင္း လေတြမွာ သိပ္ကို နာက်င္ရတယ္ ေနလုိ့မေပ်ာ္ခဲ့သလုိ ေပ်ာ္ေအာင္လဲ ေနလုိ့မရခဲ့ဘူးေလ …

ခုုေတာ့ ေ၀းခဲ့တာၾကာပါျပီဆုိတဲ့ စကားေလးကို သံုးျပီး တစ္ခါတစ္ခါ လြမ္းမိတာက လြဲရင္ ကြ်န္မ ဘ၀မွာ အရာာအားလံုးဟာ တေျဖးေျဖးနဲ႔ ေနသားတက်ျဖစ္လာပါျပီ

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း