ငေးကြည့်ခွင့်ပဲရှိတဲ့အရာတွေက သိပ်ကို လှပသတဲ့ …

ငေးကြည့်ခွင့်ပဲရှိတဲ့အရာတွေက သိပ်ကို လှပသတဲ့ …

အဲ့ဒီအရာကို စွဲစွဲလမ်းလမ်းဖြစ်မိမသွားဖို့ ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ်သတိပေးနေရတယ် ။ သူဟာ ကိုယ့်အတွက် မွေးဖွားလာတာမဟုတ်ဘူးလေ ။ တစ်ခြားတစ်ယောက်အတွက် ဆက်ပြီး ရပ်တည်နေတာ ။ ဒါကို ကိုယ်သိထားဖို့လိုတယ် ။

တချို့အရာတွေက ကိုယ်မမှီတဲ့နေရာမှာမှ ပွင့်တဲ့ပန်းတွေလေ .. တုံးခုပြီး လှမ်းလို့မဖြစ်သလို ချွေချပစ်လိုက်ဖို့ကျပြန်တော့လဲ ကိုယ်ကိုယ်တိုင် မလုပ်ရက်ခဲ့ဘူး ။ ငေးရင်းကြည့်နဲ့သာ အလှဆုံးပွင့်ပါဆိုတဲ့ ဆုလေးတောင်းဖြစ်တယ် ။ ဒီလောက်ပါပဲ ။

ငေးကြည့်ရုံပဲ တတ်နိုင်တဲ့အရာတစ်ခုကို စွဲစွဲလမ်းလမ်းဖြစ်မိသွားရင် အရင်ဆုံး ကိုယ်ပဲ ရူးရတယ် ။ မရနိုင်မှန်းသိရဲ့နဲ့ ဂျီကျလို့ရတဲ့ အရွယ်လဲ မဖြစ်တော့ တိတ်တခိုးမျက်ရည်ကျ နာကျင်ရတာတွေ အဖတ်တင်ကျန်ခဲ့လိမ့်မယ် ။

ငေးကြည့်မယ်ဆိုရင် ငေးကြည့်ပါ မစွဲလမ်းသွားစေနဲ့ … ဘာကြောင့်လဲဆိုရင် သူ့ဟာနဲ့သူ အစီအစဥ်တကျ ဖြစ်နေပြီးသား ဘ၀တွေထဲကို သွားနှောင့်ယှက်လို့မဖြစ်ဘူးလေ ။ မဖြစ်နိုင်မှန်းသိရင် အစကတည်းက ရှေ့ဆက်မတိုးတာ ကောင်းတယ် ။ ငေးကြည့်ရုံနဲ့ မလုံလောက်တော့ဘူးလို့ ထင်တဲ့အခါ လှည့်ထွက်ခဲ့လိုက်ပါ ။ ကိုယ့်ကိုယ်ကို မနာကျင်စေပါနဲ့

မိန်းမသားတို့အတွက်
သျှင်ယွန်း

ေငးျကည့္ခြင့္ပဲရွိတဲ့အရာေတြက သိပ္ကို လွပသတဲ့ …အဲ့ဒီအရာကို စြဲစြဲလမ္းလမ္းျဖစ္မိမသြားဖို့ ကိုယ့္ကိုယ္ကိုယ္ အျကိမ္ျကိမ္သတိေပးေနရတယ္ ။ သူဟာ ကိုယ့္အတြက္ ေမြးဖြားလာတာမဟုတ္ဘူးေလ ။ တစ္ျခားတစ္ေယာက္အတြက္ ဆက္ျပီး ရပ္တည္ေနတာ ။ ဒါကို ကိုယ္သိထားဖို့လိုတယ္ ။

တခ်ို့အရာေတြက ကိုယ္မမွီတဲ့ေနရာမွာမွ ပြင့္တဲ့ပန္းေတြေလ .. တံုးခုျပီး လွမ္းလို့မျဖစ္သလို ေခြ်ခ်ပစ္လိုက္ဖို့က်ျပန္ေတာ့လဲ ကိုယ္ကိုယ္တိုင္ မလုပ္ရက္ခဲ့ဘူး ။ ေငးရင္းျကည့္နဲ့သာ အလွဆံုးပြင့္ပါဆိုတဲ့ ဆုေလးေတာင္းျဖစ္တယ္ ။ ဒီေလာက္ပါပဲ ။

ေငးျကည့္ရံုပဲ တတ္နိုင္တဲ့အရာတစ္ခုကို စြဲစြဲလမ္းလမ္းျဖစ္မိသြားရင္ အရင္ဆံုး ကိုယ္ပဲ ရူးရတယ္ ။ မရနိုင္မွန္းသိရဲ့နဲ့ ဂ်ီက်လို့ရတဲ့ အရြယ္လဲ မျဖစ္ေတာ့ တိတ္တခိုးမ်က္ရည္က် နာက်င္ရတာေတြ အဖတ္တင္က်န္ခဲ့လိမ့္မယ္ ။

ေငးျကည့္မယ္ဆိုရင္ ေငးျကည့္ပါ မစြဲလမ္းသြားေစနဲ့ … ဘာေျကာင့္လဲဆိုရင္ သူ့ဟာနဲ့သူ အစီအစဥ္တက် ျဖစ္ေနျပီးသား ဘဝေတြထဲကို သြားေနွာင့္ယွက္လို့မျဖစ္ဘူးေလ ။ မျဖစ္နိုင္မွန္းသိရင္ အစကတည္းက ေရွ့ဆက္မတိုးတာ ေကာင္းတယ္ ။ ေငးျကည့္ရံုနဲ့ မလံုေလာက္ေတာ့ဘူးလို့ ထင္တဲ့အခါ လွည့္ထြက္ခဲ့လိုက္ပါ ။ ကိုယ့္ကိုယ္ကို မနာက်င္ေစပါနဲ့

မိန္းမသားတို့အတြက္
သွ်င္ယြန္း