တစ်စုံတစ်ယောက်က ကိုယ့်ကို နာကျင်စေမယ်ဆိုရင် …

နာကျင်နေတဲ့ နှလုံးသားတွေကို ချွေးသိပ်စေချင်ပြီ ။

နာကျင်နေတဲ့ နှလုံးသားတွေတဲ့ … ဘယ်လောက်တောင်များတယ်လို့ တွေးမိသလဲ … အိပ်မပျော်တဲ့ မျက်လုံးတွေ ငိုနေတဲ့ မျက်လုံးတွေကြား ဘယ်လောက်တောင် ပင်ပန်းနေကြပြီလဲ … ဘာကြောင့်ပဲ နာကျင်ရ နာကျင်ရပါ အဲ့ဒီနာကျင်နေတဲ့ နှလုံးသားတွေကို … ချွေးသိပ်စေချင်ပြီ ။

ဥုံဖွ ပျောက်စေ … ဆိုပြီး မန်းမှုတ်ပေးလို့မရဘူးလေ ဒါပေမယ့် စိတ်တွေကိုတော့ လဲပြိုမသွားအောင် … ကျားကန်ထားပေးချင်မိတယ် ။ ကိုယ်ရှိတဲ့အားလေးနဲ့ပေါ့ ။ ငိုချင်နေတဲ့ မျက်လုံးတွေကို မငိုနဲ့လို့မတားပဲ ငိုလို့၀သွားတဲ့အခါ … အငိုတိတ်သွားစေချင်ပြီ ။

အဆင်မပြေတဲ့ အရာတွေကြားမှာ ပျော်အောင်နေလို့ရမယ့် အကြောင်းတရားလေးတွေတွေးတတ်စေချင်ပြီ … နာနေတဲ့ရင်ကို ဖိပြီး ခေါင်းငိုက်စိုက်နေတာထက်စာရင် .. ခေါင်းမော့ရင်ကော့ပြီး ရင်ဆိုင်ရဲစေချင်ပြီ ။ လွှတ်မှ ကျွတ်မယ့် ၀ဋ်ဆိုရင်လဲ လွှတ်ချလိုက်ပါတော့ ။

တစ်စုံတစ်ယောက်က ကိုယ့်ကို နာကျင်စေမယ်ဆိုရင် … အဲ့ဒီလူအနားမှာ ဆက်ပြီးရပ်နေမယ့် လမ်းတွေထက် အဲ့ဒီလူအနားက လှည့်ထွက်ရဲလာမယ့် သတ္တိတွေ ရှိလာချင်ပြီ ။ ဘာကြောင့်ပဲ နာကျင်ရ နာကျင်ရပါ … အဲ့ဒီနာကျင်နေတဲ့ နှလုံးသားတွေအကုန် သွေးတိတ်စေချင်ပြီ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

နာက်င္ေနတဲ့ နွလံုးသားေတြကို ေခြ်းသိပ္ေစခ်င္ျပီ ။

နာက်င္ေနတဲ့ နွလံုးသားေတြတဲ့ … ဘယ္ေလာက္ေတာင္မ်ားတယ္လို့ ေတြးမိသလဲ … အိပ္မေပ်ာ္တဲ့ မ်က္လံုးေတြ ငိုေနတဲ့ မ်က္လံုးေတြျကား ဘယ္ေလာက္ေတာင္ ပင္ပန္းေနျကျပီလဲ … ဘာေျကာင့္ပဲ နာက်င္ရ နာက်င္ရပါ အဲ့ဒီနာက်င္ေနတဲ့ နွလံုးသားေတြကို … ေခြ်းသိပ္ေစခ်င္ျပီ ။

ဥံုဖြ ေပ်ာက္ေစ … ဆိုျပီး မန္းမႈတ္ေပးလို့မရဘူးေလ ဒါေပမယ့္ စိတ္ေတြကိုေတာ့ လဲျပိုမသြားေအာင္ … က်ားကန္ထားေပးခ်င္မိတယ္ ။ ကိုယ္ရွိတဲ့အားေလးနဲ့ေပါ့ ။ ငိုခ်င္ေနတဲ့ မ်က္လံုးေတြကို မငိုနဲ့လို့မတားပဲ ငိုလို့ဝသြားတဲ့အခါ … အငိုတိတ္သြားေစခ်င္ျပီ ။

အဆင္မေျပတဲ့ အရာေတြျကားမွာ ေပ်ာ္ေအာင္ေနလို့ရမယ့္ အေျကာင္းတရားေလးေတြေတြးတတ္ေစခ်င္ျပီ … နာေနတဲ့ရင္ကို ဖိျပီး ေခါင္းငိုက္စိုက္ေနတာထက္စာရင္ .. ေခါင္းေမာ့ရင္ေကာ့ျပီး ရင္ဆိုင္ရဲေစခ်င္ျပီ ။ လွြတ္မွ ကြ်တ္မယ့္ ဝဋ္ဆိုရင္လဲ လွြတ္ခ်လိုက္ပါေတာ့ ။

တစ္စံုတစ္ေယာက္က ကိုယ့္ကို နာက်င္ေစမယ္ဆိုရင္ … အဲ့ဒီလူအနားမွာ ဆက္ျပီးရပ္ေနမယ့္ လမ္းေတြထက္ အဲ့ဒီလူအနားက လွည့္ထြက္ရဲလာမယ့္ သတၱိေတြ ရွိလာခ်င္ျပီ ။ ဘာေျကာင့္ပဲ နာက်င္ရ နာက်င္ရပါ … အဲ့ဒီနာက်င္ေနတဲ့ နွလံုးသားေတြအကုန္ ေသြးတိတ္ေစခ်င္ျပီ ။

မိန္းမသားတို့အတြက္
သွ်င္ယြန္း