သူ့ကို သိပ်ချစ်ပေမယ့်လဲ ကျွန်မ အရမ်းကို ပင်ပန်းလာတဲ့အခါ

ကျွန်မ သူ့ကို မုန်းလိုက်ချင်ပြီ …အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတဲ့ စကားအရဆိုရင် ကျွန်မ သူ့ကို အကြီးကြီးချစ်ခဲ့ပြီးပြီလေ … အခုလောက်ဆို မုန်းမယ်ဆိုရင်တောင် မုန်းလောက်တဲ့ အကြောင်းပြချက်တွေမှ အများကြီးပါပဲ ။

တချို့ရက်တွေမှာ .. သူ့အနားမှာရပ်နေရပ်နေရင်းကနေမှ ကိုယ်တစ်ယောက်တည်း ဖြစ်နေသလို အထီးကျန်လာရတယ် ။ ဘာကြောင့်လဲတဲ့ … သူက ဂရုမစိုက်ဘူးဆိုတာထက်ကို ပစ်ထားတတ်လွန်းခဲ့တာ တချို့ရက်တွေမှာ အသက်မှ ရှိသေးရဲ့လားလို့ တွေးရလောက်တဲ့အထိကို အဆက်အသွယ်တွေပြတ်တယ် ။

သူက ကိုယ့်အတွက် အရာရာပါဆိုတဲ့အတွေးနဲ့ နေရာတကာမှာ အရေးပါခဲ့ပေမယ့် သူ့အတွက်တော့ … ကိုယ်ကလွဲရင် ကျန်တာအားလုံးဟာ အရေးပါနေမှန်း တဖြေးဖြေး သိလာခဲ့တယ် ။ ဘယ်သူနဲ့ပဲ ယှဥ်ယှဥ္ ကိုယ်က အားလုံးရဲ့ အနောက်မှာချည်းပါပဲ ။

သူ့ကို အားကိုးဖို့ နေနေသာသာ သူ့ရှေ့မှာ မျက်ရည်တွေ ကျလာမိမှာကို တဖြေးဖြေး ကြောက်ရွွံလာခဲ့တယ် ။ ဘာကြောင့် ငိုနေတာလဲဆိုတဲ့ မေးခွန်းတွေထက် ကျွန်မ မျက်ရည်တွေကို သူက စိတ်ပျက်သယောင်တွေပဲပြတယ် ။ မငိုစေချင်ဘူးဆိုတဲ့လူက သူပါပဲ ငိုစေခဲ့တဲ့လူကလဲ သူပါပဲ … ဒါပေမယ့် သူရှေ့နောက် မငိုဖြစ်တော့ဘူး။

တကယ်ဆို … ချစ်သူဆိုတဲ့ ခေါင်းစဥ်တစ်ခုအောက်မှာ မိန်းမသားဖြစ်တဲ့ကျွန်မကပဲ ဦးအောင်စခေါ်ရမယ် ။ ငိုနေတဲ့မျက်ရည်တွေကို ကိုယ်ကိုယ်တိုင်ပဲ သုတ်ရတယ် ။ ဘယ်သူ့ကြောင့်ပဲ အဆင်မပြေမပြေ ကျွန်မရဲ့ အပြစ်လို့ ခေါင်းစဥ်တပ်တယ် ။

အစကတော့ သူမချစ်ပြတတ်ခဲ့ဘူးလို့ထင်ခဲ့တာပါ ။ တဖြေးဖြေးသိလာခဲ့တာကတော့ .. သူကျွန်မကို ဘယ်တုန်းကမှ မချစ်ခဲ့တာပါပဲ …. ကိုယ်ချစ်နေလို့သာ ကိုယ်ချစ်တာခံချင်လို့သာ ကျွန်မလက်ကို မလွှတ်တဲ့ သူ့ကို တဖြေးဖြေးနဲ့ ကျွန်မ မုန်းပစ်ချင်လာပြီ ။ သူ့ကို သိပ်ချစ်ပေမယ့်လဲ ကျွန်မ အရမ်းကို ပင်ပန်းလာတဲ့အခါ သူ့ကို မုန်းပစ်ချင်လာခဲ့ပြီ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကြ်န္မ သူ့ကို မုန္းလိုက္ခ်င္ျပီ …အခ်စ္ျကီးရင္ အမ်က္ျကီးတယ္ဆိုတဲ့ စကားအရဆိုရင္ ကြ်န္မ သူ့ကို အျကီးျကီးခ်စ္ခဲ့ျပီးျပီေလ … အခုေလာက္ဆို မုန္းမယ္ဆိုရင္ေတာင္ မုန္းေလာက္တဲ့ အေျကာင္းျပခ်က္ေတြမွ အမ်ားျကီးပါပဲ ။

တခ်ို့ရက္ေတြမွာ .. သူ့အနားမွာရပ္ေနရပ္ေနရင္းကေနမွ ကိုယ္တစ္ေယာက္တည္း ျဖစ္ေနသလို အထီးက်န္လာရတယ္ ။ ဘာေျကာင့္လဲတဲ့ … သူက ဂရုမစိုက္ဘူးဆိုတာထက္ကို ပစ္ထားတတ္လြန္းခဲ့တာ တခ်ို့ရက္ေတြမွာ အသက္မွ ရွိေသးရဲ့လားလို့ ေတြးရေလာက္တဲ့အထိကို အဆက္အသြယ္ေတြျပတ္တယ္ ။

သူက ကိုယ့္အတြက္ အရာရာပါဆိုတဲ့အေတြးနဲ့ ေနရာတကာမွာ အေရးပါခဲ့ေပမယ့္ သူ့အတြက္ေတာ့ … ကိုယ္ကလြဲရင္ က်န္တာအားလံုးဟာ အေရးပါေနမွန္း တေျဖးေျဖး သိလာခဲ့တယ္ ။ ဘယ္သူနဲ့ပဲ ယွဥ္ယွဥ࿿ ကိုယ္က အားလံုးရဲ့ အေနာက္မွာခ်ည္းပါပဲ ။

သူ့ကို အားကိုးဖို့ ေနေနသာသာ သူ့ေရွ့မွာ မ်က္ရည္ေတြ က်လာမိမွာကို တေျဖးေျဖး ေျကာက္ရြံလာခဲ့တယ္ ။ ဘာေျကာင့္ ငိုေနတာလဲဆိုတဲ့ ေမးခြန္းေတြထက္ ကြ်န္မ မ်က္ရည္ေတြကို သူက စိတ္ပ်က္သေယာင္ေတြပဲျပတယ္ ။ မငိုေစခ်င္ဘူးဆိုတဲ့လူက သူပါပဲ ငိုေစခဲ့တဲ့လူကလဲ သူပါပဲ … ဒါေပမယ့္ သူေရွ့ေနာက္ မငိုျဖစ္ေတာ့ဘူး။

တကယ္ဆို … ခ်စ္သူဆိုတဲ့ ေခါင္းစဥ္တစ္ခုေအာက္မွာ မိန္းမသားျဖစ္တဲ့ကြ်န္မကပဲ ဦးေအာင္စေခၚရမယ္ ။ ငိုေနတဲ့မ်က္ရည္ေတြကို ကိုယ္ကိုယ္တိုင္ပဲ သုတ္ရတယ္ ။ ဘယ္သူ့ေျကာင့္ပဲ အဆင္မေျပမေျပ ကြ်န္မရဲ့ အျပစ္လို့ ေခါင္းစဥ္တပ္တယ္ ။

အစကေတာ့ သူမခ်စ္ျပတတ္ခဲ့ဘူးလို့ထင္ခဲ့တာပါ ။ တေျဖးေျဖးသိလာခဲ့တာကေတာ့ .. သူကြ်န္မကို ဘယ္တုန္းကမွ မခ်စ္ခဲ့တာပါပဲ …. ကိုယ္ခ်စ္ေနလို့သာ ကိုယ္ခ်စ္တာခံခ်င္လို့သာ ကြ်န္မလက္ကို မလွြတ္တဲ့ သူ့ကို တေျဖးေျဖးနဲ့ ကြ်န္မ မုန္းပစ္ခ်င္လာျပီ ။ သူ့ကို သိပ္ခ်စ္ေပမယ့္လဲ ကြ်န္မ အရမ္းကို ပင္ပန္းလာတဲ့အခါ သူ့ကို မုန္းပစ္ခ်င္လာခဲ့ျပီ ။

မိန္းမသားတို့အတြက္
သွ်င္ယြန္း