သူ့ကို ချစ်ရုံလေးပဲ ချစ်ခဲ့မိတာမှ မဟုတ်ပဲလေ

အများကြီး မျှော်လင့်ထားမိတော့ …

လူတစ်ယောက်ကို ချစ်ရုံပဲချစ်မယ်ဆိုရင်တော့ မနာကျင်ရဘူး … ပြီးတော့ မပူလောင်ရပါဘူး ။ ဒါပေမယ့် မျှော်လင့်ထားမိတဲ့လူတွေကတော့ … မျှော်လင့်ထားရင် မျှော်လင့်ထားသလောက် ပြန်ပြီး နာကျင်ရပါတယ် ။

ဒီလက်ကို စပြီးတွဲကတည်းက ဒီလက်လေးကိုပဲ တစ်သက်လုံးဆွဲထားချင်တယ်ဆိုတဲ့ လူတွေကတော့ .. ဘယ်လောက်ပဲ နာကျင်နေပါစေ … ကိုယ့်အနားမှာရှိနေရုံနဲ့ ဖြစ်တယ်ဆိုတဲ့အတွေးနဲ့ … နာကျင်နေရဲ့နဲ့ ဆွဲထားရတဲ့အဖြစ်တွေဟာလဲ … နာကျင်စရာကောင်းလှတယ် ။

လူတချို့အတွက် .. ဘာမှ မဖြစ်လောက်ပါဘူးဆိုတဲ့အရာတွေက တကယ်ကို အများကြီးမျှော်လင့်ထားမိတဲ့လူအတွက်တော့ တစ်ဖက်မှာ ကမ္ဘာတွေ ပျက်မလောက် နာချင် နာနေတတ်ကြသလို … ငိုချင်ငိုနေတတ်တယ်လေ ။

ကျွန်မ … အများကြီးမျှော်လင့်ထားမိတော့ … ကိုယ်မျှော်လင့်ထားရင် မျှော်လင့်ထားသလောက် ပြန်ပြီးနာကျင်ရတယ်ဆိုတဲ့ သဘာ၀အတိုင်းပါပဲ … ကျွန်မမှာ အများကြီးနာကျင်ရပါတယ် ။ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး မပို့တဲ့စာတွေအတွက် တစ်ခါတစ်လေ တစ်ညလုံး မျှော်ချင်မျှော်တယ် ။

ဖုန်းတွေ မဆက်လာတဲ့ရက်တွေဆို … ကျွန်မ တစ်ညလုံး ငိုချင်ငိုတယ် ။ သူ့ကို ချစ်ရုံလေးပဲ ချစ်ခဲ့မိတာမှ မဟုတ်ပဲလေ ။ အနောက်မှာ သူနဲ့အတူတူဆိုပြီး မျှော်လင့်ထားခဲ့မိတဲ့ … မျှော်လင့်ချက်တွေ အများကြီး ထားခဲ့မိတာလေ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

အမ်ားျကီး ေမွ်ာ္လင့္ထားမိေတာ့ …

လူတစ္ေယာက္ကို ခ်စ္ရံုပဲခ်စ္မယ္ဆိုရင္ေတာ့ မနာက်င္ရဘူး … ျပီးေတာ့ မပူေလာင္ရပါဘူး ။ ဒါေပမယ့္ ေမွ်ာ္လင့္ထားမိတဲ့လူေတြကေတာ့ … ေမွ်ာ္လင့္ထားရင္ ေမွ်ာ္လင့္ထားသေလာက္ ျပန္ျပီး နာက်င္ရပါတယ္ ။

ဒီလက္ကို စျပီးတြဲကတည္းက ဒီလက္ေလးကိုပဲ တစ္သက္လံုးဆြဲထားခ်င္တယ္ဆိုတဲ့ လူေတြကေတာ့ .. ဘယ္ေလာက္ပဲ နာက်င္ေနပါေစ … ကိုယ့္အနားမွာရွိေနရံုနဲ့ ျဖစ္တယ္ဆိုတဲ့အေတြးနဲ့ … နာက်င္ေနရဲ့နဲ့ ဆြဲထားရတဲ့အျဖစ္ေတြဟာလဲ … နာက်င္စရာေကာင္းလွတယ္ ။

လူတခ်ို့အတြက္ .. ဘာမွ မျဖစ္ေလာက္ပါဘူးဆိုတဲ့အရာေတြက တကယ္ကို အမ်ားျကီးေမွ်ာ္လင့္ထားမိတဲ့လူအတြက္ေတာ့ တစ္ဖက္မွာ ကမၻာေတြ ပ်က္မေလာက္ နာခ်င္ နာေနတတ္ျကသလို … ငိုခ်င္ငိုေနတတ္တယ္ေလ ။

ကြ်န္မ … အမ်ားျကီးေမွ်ာ္လင့္ထားမိေတာ့ … ကိုယ္ေမွ်ာ္လင့္ထားရင္ ေမွ်ာ္လင့္ထားသေလာက္ ျပန္ျပီးနာက်င္ရတယ္ဆိုတဲ့ သဘာဝအတိုင္းပါပဲ … ကြ်န္မမွာ အမ်ားျကီးနာက်င္ရပါတယ္ ။ ဘာမွမျဖစ္ေလာက္ပါဘူးဆိုျပီး မပို့တဲ့စာေတြအတြက္ တစ္ခါတစ္ေလ တစ္ညလံုး ေမွ်ာ္ခ်င္ေမွ်ာ္တယ္ ။

ဖုန္းေတြ မဆက္လာတဲ့ရက္ေတြဆို … ကြ်န္မ တစ္ညလံုး ငိုခ်င္ငိုတယ္ ။ သူ့ကို ခ်စ္ရံုေလးပဲ ခ်စ္ခဲ့မိတာမွ မဟုတ္ပဲေလ ။ အေနာက္မွာ သူနဲ့အတူတူဆိုျပီး ေမွ်ာ္လင့္ထားခဲ့မိတဲ့ … ေမွ်ာ္လင့္ခ်က္ေတြ အမ်ားျကီး ထားခဲ့မိတာေလ ။

မိန္းမသားတို့အတြက္
သွ်င္ယြန္း