သူမချစ်ပဲ ကိုယ်ကပဲ ချစ်နေရတဲ့ ဒဏ်တွေကိုမုန်းလာတဲ့အခါ ….

သူ မချစ်တော့တာလဲ သိပါတယ် .. ဒါပေမယ့်

သူမချစ်တော့တာသိနေပြီပဲ .. လှည့်ထွက်ခဲ့လိုက်ပါဆိုတာက စကားအရပြောမယ်ဆိုရင်တော့ သိပ်ကို လွယ်လွန်းတယ် ။ အရင်လို မဟုတ်တော့ဘူးဆိုတာထက် အရင်တုန်းက သူနဲ့ဘာမှမဆိုင်တဲ့လူတစ်ယောက် ကိုယ့်အနား လာပြီး ရပ်နေသလိုပါပဲ ။

စကားတွေ ပြောပေမယ့်လဲ အသက်တွေမပါဘူး ။ ပြုံးပေမယ့်လဲ စိတ်ထဲမပါဘူး ။ အနမ်းတွေကအစ အရင်လို မနွေးထွေးတော့ဘူးလေ ။ သူ ကျွန်မကို မချစ်တော့မှန်း သိပါတယ် ဒါပေမယ့် ကျွန်မ ဆက်ပြီး ဖက်တွယ်နေမိတုန်းပဲ ။

ဘာကြောင့်လဲ လို့မေးရင် …. သူမရှိတော့ရင်လို့တွေးမိတဲ့အခါ ကျွန်မ ၀မ်းနည်းရတယ် အဲ့ဒီတစ်နေ့ကို ကျွန်မ မဖြတ်သန်းနိုင်မှာစိုးတယ် ။ အခုအနားနားရှိနေလို့ကော ပျော်နေလားဆိုတော့ … သူရဲ့မပျော်ရခြင်းတွေကို မြင်နေရတဲ့ ကျွန်မ မပျော်ခဲ့ပါဘူး

ထွက်သွားချင် ထွက်သွားပါတော့ ဆိုပြီး လွတ်လပ်ခွင့်တွေ ပေးလိုက်ချင်ပေမယ့် နှလုံးသားက ခေါင်းမာတယ် ဟိုးအစကတည်းကနေ … တို့အတူ ဆိုပြီး မျှော်လင့်ချက်လေးထားခဲ့မိတော့ ကိုယ်တစ်ယောက်တည်း လျှောက်မယ့်လမ်းတွေဟာ ပျောက်နေခဲ့တာပါ ။

သူ မချစ်တော့မှန်းသိပေမယ့် ဆက်ပြီးဆွဲထားဖြစ်နေဦးမှာပါ … တစ်နေ့ပေ့ါ ကိုယ်တစ်ယောက် လျှောက်ရမယ်ဆိုတဲ့ အသိတွေ ၀င်လာတဲ့အခါ… သူမချစ်ပဲ ကိုယ်ကပဲ ချစ်နေရတဲ့ ဒဏ်တွေကိုမုန်းလာတဲ့အခါ …. လွတ်လပ်ပါစေတော့ဆိုပြီး သတ္တိတွေ ရှိလာတဲ့အခါပေါ့ …

မိန်းမသားတို့အတွက်
သျှင်ယွန်း

သူ မခ်စ္ေတာ့တာလဲ သိပါတယ္ .. ဒါေပမယ့္

သူမခ်စ္ေတာ့တာသိေနျပီပဲ .. လွည့္ထြက္ခဲ့လိုက္ပါဆိုတာက စကားအရေျပာမယ္ဆိုရင္ေတာ့ သိပ္ကို လြယ္လြန္းတယ္ ။ အရင္လို မဟုတ္ေတာ့ဘူးဆိုတာထက္ အရင္တုန္းက သူနဲ့ဘာမွမဆိုင္တဲ့လူတစ္ေယာက္ ကိုယ့္အနား လာျပီး ရပ္ေနသလိုပါပဲ ။

စကားေတြ ေျပာေပမယ့္လဲ အသက္ေတြမပါဘူး ။ ျပံုးေပမယ့္လဲ စိတ္ထဲမပါဘူး ။ အနမ္းေတြကအစ အရင္လို မေနြးေထြးေတာ့ဘူးေလ ။ သူ ကြ်န္မကို မခ်စ္ေတာ့မွန္း သိပါတယ္ ဒါေပမယ့္ ကြ်န္မ ဆက္ျပီး ဖက္တြယ္ေနမိတုန္းပဲ ။

ဘာေျကာင့္လဲ လို့ေမးရင္ …. သူမရွိေတာ့ရင္လို့ေတြးမိတဲ့အခါ ကြ်န္မ ဝမ္းနည္းရတယ္ အဲ့ဒီတစ္ေန့ကို ကြ်န္မ မျဖတ္သန္းနိုင္မွာစိုးတယ္ ။ အခုအနားနားရွိေနလို့ေကာ ေပ်ာ္ေနလားဆိုေတာ့ … သူရဲ့မေပ်ာ္ရျခင္းေတြကို ျမင္ေနရတဲ့ ကြ်န္မ မေပ်ာ္ခဲ့ပါဘူး

ထြက္သြားခ်င္ ထြက္သြားပါေတာ့ ဆိုျပီး လြတ္လပ္ခြင့္ေတြ ေပးလိုက္ခ်င္ေပမယ့္ နွလံုးသားက ေခါင္းမာတယ္ ဟိုးအစကတည္းကေန … တို့အတူ ဆိုျပီး ေမွ်ာ္လင့္ခ်က္ေလးထားခဲ့မိေတာ့ ကိုယ္တစ္ေယာက္တည္း ေလွ်ာက္မယ့္လမ္းေတြဟာ ေပ်ာက္ေနခဲ့တာပါ ။

သူ မခ်စ္ေတာ့မွန္းသိေပမယ့္ ဆက္ျပီးဆြဲထားျဖစ္ေနဦးမွာပါ … တစ္ေန့ေပါ့ ကိုယ္တစ္ေယာက္ ေလွ်ာက္ရမယ္ဆိုတဲ့ အသိေတြ ဝင္လာတဲ့အခါ… သူမခ်စ္ပဲ ကိုယ္ကပဲ ခ်စ္ေနရတဲ့ ဒဏ္ေတြကိုမုန္းလာတဲ့အခါ …. လြတ္လပ္ပါေစေတာ့ဆိုျပီး သတၱိေတြ ရွိလာတဲ့အခါေပါ့ …

မိန္းမသားတို့အတြက္
သွ်င္ယြန္း