အဆင်ပြေနေလားတဲ့…. အမှန်အတိုင်းပြောရရင်

အဆင်ပြေနေလားတဲ့….

အမှန်အတိုင်းပြောရရင် တစ်ယောက်တည်း အဆင်ပြေမနေဘူး … တစ်ခါတစ်လေ အတွေးတွေနဲ့ နာကျင်ရတတ်သလို တစ်ခါတစ်လေကျတော့ ဘာမဟုတ်တာလေးနဲ့လဲ အထီးကျန်နေရတတ်တယ် … ပျော်ရွှင်ရတဲ့အခါ မျှဝေခံစားပေးမယ့် အဖော်မရှိသလို နာကျင်ရတဲ့အခါလဲ ကိုယ်တစ်ယောက်တည်း မြိုသိပ်ရင်း ကျော်ဖြတ်ရတာလေ … မွေးကတည်းက တစ်ယောက်တည်းပဲလေဆိုပေမယ့် ကိုယ့်ကို နားလည်ပေးမယ့် အဖော်တော့ ဘယ်သူမဆိုလိုပါတယ်

ကိုယ်နဲ့ ရင်ဘတ်ချင်းတူတဲ့ မိသားစုဝင်လေးပဲ ဖြစ်ဖြစ် ကိုယ်နဲ့ ရည်မှန်းချက်ချင်းတူတဲ့ မိတ်ဆွေ သူငယ်ချင်းပဲ ဖြစ်ဖြစ် ကိုယ်နဲ့ အိပ်မက်တွေချင်းတူတဲ့ လက်တွေဖော်ပဲဖြစ်ဖြစ် အားလုံးမဟုတ်ရင်တောင် တစ်စုံတစ်ယောက်တော့ ရှိနေစေချင်တယ် … ဒါပေမယ့်လေ ကျွန်မမှာ ဘယ်သူတစ်ဦိးတစ်ယောက်မှ ရှိမနေတော့အောင် မဲ့တယ် …

ကိုယ့်ကို နားလည်ပေးဖို့နေနေသာသာ ကိုယ့်ကို အပြစ်တွေချည်းတင်နေတတ်တဲ့အရပ်မှာ စာဆိုထဲမှာဆို အလုံခြုံဆုံးတဲ့ ကိုယ့်အတွက်တော့ အကျဉ်းထောင်လိုပါပဲ မွန်းကျပ်ရသလို လှောင်ပိတ်နေသလိုပဲ ခံစားရတယ် ရီတဲ့အခါ ရီပြန်ပြီ ငိုတဲ့အခါ ငိုပြန်ပြီ တိတ်တဲ့အခါ တိတ်ပြန်ပြီတဲ့ … ကျွန်မ ဘယ်လိုပဲနေနေ အပြစ်လို့ချည်း ထင်နေတာ နေမှာပါ … အပေါင်းအသင်းလား မက်ခဲ့ဖူးတယ် ဒါပေမယ့်လေ ကိုယ့်ဘက်က ဖြူစင်ခဲ့ပေမယ့် လိုမှ တတဲ့သူရယ် မရှိပေါင်းပေါင်းတဲ့ လူတွေရယ်ပဲ တွေ့လာခဲ့တာလေ

အဖော်မဲ့မှာစိုးလို့ ရှိတဲ့မာနလေးကိုချ ပေါတောတောလေး ရောခဲ့ဖူးတယ် … တန်ဖိုးတွေကျတာပဲ အဖတ်တင်တာပါ တခြားတစ်ယောက်ရှိနေရင် ကိုယ်က အလိုလိုဘေးရောက်သွားတာပါပဲ ပြီးတော့ လိုတဲ့အခါမှသာ စကားတွေပြောဖို့ သတိတွေရတာလေ ကျန်တဲ့အချိန် ကိုယ်ဟာ အပိုပေါ့ …

ဘဝမှာ လက်တွဲဖော်ကောင်းလေးတော့ ရချင်ပါရဲ့ဆိုတဲ့ ဆုတွေတောင်းခဲ့ဖူးတယ် … ဒါပေမယ့် ကျွန်မ အသံတိုးလို့ထင်ပါတယ် ဆုံခဲ့ရတဲ့သူက အစမှာကောင်းပြပေမယ့် တစ်ထစ်ချ ယုံကြည်လိုက်မှ တစ်စိုက်မတ်မတ်ကို ပစ်ထားတတ်တယ် အားငယ်တတ်တဲ့ သူကို ပိုပြီး ဖိနင်းတယ် မျက်ရည်တွေကျတဲ့အခါ ဖေးမဖို့နေနေသာသာ သူကပဲ အပြစ်တွေတင်ပါ …

အခု… တစ်ယောက်တည်းနေတာ အဆင်ပြေလားတဲ့ အမှန်အတိုင်းပြောရရင် အဆင်ပြေမနေဘူး ဒါပေမယ့် အများကြီး ကြိုးစားခဲ့ဖူးပြီးသွားသလို အများကြီး နာကျင်ခဲ့ရပြီးပြီလေ လုံလောက်တာထက်ပိုတဲ့ နာကျင်မှုတွေကြောင့်သာ တစ်ယောက်တည်း အထီးကျန်မှုကိုသာ ရွေးလိုက်တာပါ

တစ်ယောက်တည်း အထီးကျန်နေရတာက လူအများကြီးကြားမှာ နာကျင်နေရတာလောက် ဝမး်နည်းစရာမကောင်းဘူးလေ … ပြီးတော့ နေတတ်ရင် အဆင်ပြေတယ် …

မိန်းမသားတို့အတွက်
သျှင်ယွန်း

အဆင္ေျပေနလားတဲ့….

အမွန္အတိုင္းေျပာရရင္ တစ္ေယာက္တည္း အဆင္ေျပမေနဘူး … တစ္ခါတစ္ေလ အေတြးေတြနဲ႔ နာက်င္ရတတ္သလုိ တစ္ခါတစ္ေလက်ေတာ့ ဘာမဟုတ္တာေလးနဲ႔လဲ အထီးက်န္ေနရတတ္တယ္ … ေပ်ာ္ရႊင္ရတဲ့အခါ မွ်ေ၀ခံစားေပးမယ့္ အေဖာ္မရွိသလုိ နာက်င္ရတဲ့အခါလဲ ကုိယ္တစ္ေယာက္တည္း ျမိဳသိပ္ရင္း ေက်ာ္ျဖတ္ရတာေလ … ေမြးကတည္းက တစ္ေယာက္တည္းပဲေလဆိုေပမယ့္ ကိုယ့္ကို နားလည္ေပးမယ့္ အေဖာ္ေတာ့ ဘယ္သူမဆိုလုိပါတယ္

ကိုယ္နဲ႔ ရင္ဘတ္ခ်င္းတူတဲ့ မိသားစု၀င္ေလးပဲ ျဖစ္ျဖစ္ ကုိယ္နဲ႔ ရည္မွန္းခ်က္ခ်င္းတူတဲ့ မိတ္ေဆြ သူငယ္ခ်င္းပဲ ျဖစ္ျဖစ္ ကုိယ္နဲ႔ အိပ္မက္ေတြခ်င္းတူတဲ့ လက္ေတြေဖာ္ပဲျဖစ္ျဖစ္ အားလံုးမဟုတ္ရင္ေတာင္ တစ္စံုတစ္ေယာက္ေတာ့ ရွိေနေစခ်င္တယ္ … ဒါေပမယ့္ေလ ကြ်န္မမွာ ဘယ္သူတစ္ဦိးတစ္ေယာက္မွ ရွိမေနေတာ့ေအာင္ မဲ့တယ္ …

ကိုယ့္ကုိ နားလည္ေပးဖုိ့ေနေနသာသာ ကိုယ့္ကို အျပစ္ေတြခ်ည္းတင္ေနတတ္တဲ့အရပ္မွာ စာဆုိထဲမွာဆို အလံုျခံဳဆံုးတဲ့ ကိုယ့္အတြက္ေတာ့ အက်ဥ္းေထာင္လုိပါပဲ မြန္းက်ပ္ရသလုိ ေလွာင္ပိတ္ေနသလိုပဲ ခံစားရတယ္ ရီတဲ့အခါ ရီျပန္္ျပီ ငိုတဲ့အခါ ငိုျပန္ျပီ တိတ္တဲ့အခါ တိတ္ျပန္ျပီတဲ့ … ကြ်န္မ ဘယ္လုိပဲေနေန အျပစ္လုိ့ခ်ည္း ထင္ေနတာ ေနမွာပါ … အေပါင္းအသင္းလား မက္ခဲ့ဖူးတယ္ ဒါေပမယ့္ေလ ကုိယ့္ဘက္က ျဖဴစင္ခဲ့ေပမယ့္ လုိမွ တတဲ့သူရယ္ မရွိေပါင္းေပါင္းတဲ့ လူေတြရယ္ပဲ ေတြ့လာခဲ့တာေလ

အေဖာ္မဲ့မွာစိုးလုိ့ ရွိတဲ့မာနေလးကိုခ် ေပါေတာေတာေလး ေရာခဲ့ဖူးတယ္ … တန္ဖိုးေတြက်တာပဲ အဖတ္တင္တာပါ တျခားတစ္ေယာက္ရွိေနရင္ ကိုယ္က အလုိလိုေဘးေရာက္သြားတာပါပဲ ျပီးေတာ့ လုိတဲ့အခါမွသာ စကားေတြေျပာဖုိ့ သတိေတြရတာေလ က်န္တဲ့အခ်ိန္ ကိုယ္ဟာ အပုိေပါ့ …

ဘ၀မွာ လက္တြဲေဖာ္ေကာင္းေလးေတာ့ ရခ်င္ပါရဲ႔ဆုိတဲ့ ဆုေတြေတာင္းခဲ့ဖူးတယ္ … ဒါေပမယ့္ ကြ်န္မ အသံတုိးလုိ့ထင္ပါတယ္ ဆံုခဲ့ရတဲ့သူက အစမွာေကာင္းျပေပမယ့္ တစ္ထစ္ခ် ယံုၾကည္လုိက္မွ တစ္စိုက္မတ္မတ္ကို ပစ္ထားတတ္တယ္ အားငယ္တတ္တဲ့ သူကို ပိုျပီး ဖိနင္းတယ္ မ်က္ရည္ေတြက်တဲ့အခါ ေဖးမဖုိ့ေနေနသာသာ သူကပဲ အျပစ္ေတြတင္ပါ …

အခု… တစ္ေယာက္တည္းေနတာ အဆင္ေျပလားတဲ့ အမွန္အတိုင္းေျပာရရင္ အဆင္ေျပမေနဘူး ဒါေပမယ့္ အမ်ားၾကီး ၾကိဳးစားခဲ့ဖူးျပီးသြားသလို အမ်ားၾကီး နာက်င္ခဲ့ရျပီးျပီေလ လံုေလာက္တာထက္ပိုတဲ့ နာက်င္မႈေတြေၾကာင့္သာ တစ္ေယာက္တည္း အထီးက်န္မႈကိုသာ ေရြးလုိက္တာပါ

တစ္ေယာက္တည္း အထီးက်န္ေနရတာက လူအမ်ားၾကီးၾကားမွာ နာက်င္ေနရတာေလာက္ ၀မး္နည္းစရာမေကာင္းဘူးေလ … ျပီးေတာ့ ေနတတ္ရင္ အဆင္ေျပတယ္ …

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း