လွမ်းလိုက်တာဆိုတဲ့ ခံစားချက်တွေကို မြိုသိပ်ပစ်လိုက်တယ်

လွမ်းလိုက်တာဆိုတဲ့ ခံစားချက်တွေကို မြိုသိပ်ပစ်လိုက်တယ် ကိုယ်အဆင်မပြေဖြစ်နေရခြင်းတွေက နေသာပါသေးတယ် ကိုယ့်ကြောင့် သူအဆင်မပြေဖြစ်သွားတာကမှ ကိုယ့်ကို ပိုပြီး အဆင်မပြေဖြစ်စေချင်တာလေ…

ကိုယ်မရှိပဲ အဆင်ပြေနေတယ်ဆိုရင် ကိုယ်က တိတ်ဆိတ်နေပေးလိုက်တာ သဘာဝကျပါတယ်… ဘာလုပ်မှာလဲ စကားပြောချင်ရုံစိတ်လေးနဲ့ မကိုင်ချင်တဲ့ ဖုန်းကို ဆက်တိုက်ခေါ်နေခြင်းဟာ ကိုယ့်အတွက် သိပ်လွမ်းလို့ဆိုပေမယ့် သူ့အတွက်တော့ အနှောင့်အယှက်ပါပဲ ။

ကိုယ်ကြေကွဲနေရခြင်းတွေက အသားကျနေပါပြီ…သူပစ်ထားတယ်ဆိုတာ ခုမှပဲမဟုတ်တာ အချိန်တော် အတော်ကြာပြီပဲ ခုက ကိုယ့်ဘက်က အလိုက်လေးသိပေးလိုက်ဖို့ပဲလိုတာပါ… ကိုယ့်အတွက် မဟုတ်တဲ့ မီးစိမ်းလေးတွေကို စာတွေပို့နေတာကိုလဲ ရပ်မှရတော့မယ် ကိုယ့်ကြောင့် သူ စိတ်ရှုပ်ရမယ်လေ…

သိပ်ချစ်တာဆိုပြီး သက်သေတွေပြချင်ပေမယ့် နေကောင်းလား စားပြီးပြီလားဆိုပြီးတောင် သာမန် မိတ်ဆွေသူငယ်ချင်းတွေလိုမျိုးတောင် ပြောဆိုလို့မရတော့တဲ့ သူစိမ်းလေ… တချိန်က အတူတူရှိခဲ့ဖူးပါတယ်ဆိုတဲ့ အတိတ်ကို ဖက်တွယ်ထားပြီးတော့ ဆက်ပြီး ရူနေမိတာ… တချိန်က သိပ်ချစ်ခဲ့ဖူးရင် အမြဲတမ်း ချစ်နေမှာပဲဆိုတဲ့ တယူသန်ကြီး တွေးနေမိတာ ။

ဆက်သွယ်ချင်နေတဲ့စိတ်ကို မြိုသိပ်လိုက်ပြီး ငါမရှိလဲ သူအဆင်ပြေနေတာပဲဆိုတဲ့အတွေးနဲ့ နေလို့မပျော်ပေမယ့် ပျော်သလိုနေပြလိုက်တယ် တစ်ဖက်မှာ သတိရခြင်းလွမ်းခြင်းတွေကို…သူ့ကို မမြင်စေချင်တော့ဘူးလေ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

လြမ္းလိုက္တာဆိုတဲ့ ခံစားခ်က္ေတြကို ျမိုသိပ္ပစ္လိုက္တယ္ ကိုယ္အဆင္မေျပျဖစ္ေနရျခင္းေတြက ေနသာပါေသးတယ္ ကိုယ့္ေျကာင့္ သူအဆင္မေျပျဖစ္သြားတာကမွ ကိုယ့္ကို ပိုျပီး အဆင္မေျပျဖစ္ေစခ်င္တာေလ…

ကိုယ္မရွိပဲ အဆင္ေျပေနတယ္ဆိုရင္ ကိုယ္က တိတ္ဆိတ္ေနေပးလိုက္တာ သဘာဝက်ပါတယ္… ဘာလုပ္မွာလဲ စကားေျပာခ်င္ရံုစိတ္ေလးနဲ့ မကိုင္ခ်င္တဲ့ ဖုန္းကို ဆက္တိုက္ေခၚေနျခင္းဟာ ကိုယ့္အတြက္ သိပ္လြမ္းလို့ဆိုေပမယ့္ သူ့အတြက္ေတာ့ အေနွာင့္အယွက္ပါပဲ ။

ကိုယ္ေျကကြဲေနရျခင္းေတြက အသားက်ေနပါျပီ…သူပစ္ထားတယ္ဆိုတာ ခုမွပဲမဟုတ္တာ အခ်ိန္ေတာ္ အေတာ္ျကာျပီပဲ ခုက ကိုယ့္ဘက္က အလိုက္ေလးသိေပးလိုက္ဖို့ပဲလိုတာပါ… ကိုယ့္အတြက္ မဟုတ္တဲ့ မီးစိမ္းေလးေတြကို စာေတြပို့ေနတာကိုလဲ ရပ္မွရေတာ့မယ္ ကိုယ့္ေျကာင့္ သူ စိတ္ရႈပ္ရမယ္ေလ…

သိပ္ခ်စ္တာဆိုျပီး သက္ေသေတြျပခ်င္ေပမယ့္ ေနေကာင္းလား စားျပီးျပီလားဆိုျပီးေတာင္ သာမန္ မိတ္ေဆြသူငယ္ခ်င္းေတြလိုမ်ိုးေတာင္ ေျပာဆိုလို့မရေတာ့တဲ့ သူစိမ္းေလ… တခ်ိန္က အတူတူရွိခဲ့ဖူးပါတယ္ဆိုတဲ့ အတိတ္ကို ဖက္တြယ္ထားျပီးေတာ့ ဆက္ျပီး ရူေနမိတာ… တခ်ိန္က သိပ္ခ်စ္ခဲ့ဖူးရင္ အျမဲတမ္း ခ်စ္ေနမွာပဲဆိုတဲ့ တယူသန္ျကီး ေတြးေနမိတာ ။

ဆက္သြယ္ခ်င္ေနတဲ့စိတ္ကို ျမိုသိပ္လိုက္ျပီး ငါမရွိလဲ သူအဆင္ေျပေနတာပဲဆိုတဲ့အေတြးနဲ့ ေနလို့မေပ်ာ္ေပမယ့္ ေပ်ာ္သလိုေနျပလိုက္တယ္ တစ္ဖက္မွာ သတိရျခင္းလြမ္းျခင္းေတြကို…သူ့ကို မျမင္ေစခ်င္ေတာ့ဘူးေလ ။

မိန္းမသားတို့အတြက္
သွ်င္ယြန္း