သူမှ မချစ်တော့ရင် ….

သူမှ မချစ်တော့ရင် ….

အချစ်တဲ့ ဖန်တီးယူလို့မရသလို အတင်းအကျပ်ကြီး လုပ်ယူလို့မှမရပဲလေ … ချစ်တယ်မချစ်ဘူးဆိုတာ စကားတွေထက် လုပ်ရပ်တွေကပဲ သက်သေပြပါတယ် … ပါးစပ်ကနေ ဘယ်လောက်ပဲ ချစ်တယ်ပြောပြော သူတကယ်ချစ်မချစ် သူ့အပြောအဆို သူ့အနေအထိုင် သူ့လုပ်ရပ်တွေကနေ ပြလာတတ်ပါတယ် …

သူမှ မချစ်တော့ရင် ဆိုတဲ့ အတွေးလေး ဟိုးအရင်နှစ်တွေက တွေးခဲ့ဖူးတယ် ..အဲ့ဒီတုန်းကတော့ ဒီလောက်မချစ်မိသေးဘူးထင်ပါတယ် သူမှ မချစ်တော့ရင် ငါလဲ မချစ်ပဲ နေလိုက်မှာပေါ့ဆိုတဲ့ ခပ်ပေါ့ပေါ့ဆုံးဖြတ်ချက်လေးပဲ ချတယ် .. အရာဟာပေါ့သေးသေးလေးလိုပါပဲ သူမှ မချစ်ရင် ငါလဲ မချစ်တော့ဘူးဆိုတဲ့ ကလေးအတွေးနဲ့ ပေါ့ပေါ့ပါးပါးလေး ဖြတ်သန်းခဲ့ဖူးတယ် …

ဒီဘက်နှစ်တွေမှာ အတွေးဟာ လက်တွေ့ဖြစ်လာတယ် … တစ်နေ့တစ်နေ့ ကိုယ့်အတွက် မအားတဲ့အချိန်တွေကြားမှာ မျှော်ရတဲ့ရက်တွေဟာ တဖြေးဖြေးစိပ်စိပ်လာတယ် … ကိုယ်ကလွဲရင် ဘယ်အရာကမဆို တဖြေးဖြေး အရေးပါတတ်တဲ့သူနဲ့ သူကလွဲရင် တစ်လောကလုံးကို မျက်နှာလွဲထားတဲ့ကိုယ် သဘောထားချင်း ကွဲလွဲလာတယ် … အမြဲတမ်း ရန်ရှာတတ်တဲ့ မိန်းမမျိုး မဟုတ်ပေမယ့် သူပစ်ထားတဲ့အချိန်တွေမှာ ဝမ်းနည်းနေတတ်သေးတယ် …

သူမချစ်တော့ရင် … ငါလဲ မချစ်တော့ဘူးဆိုတဲ့ ကလေးအတွေးတွေဟာ တဖြေးဖြေး ပျောက်ဆုံးလာပြီး တစ်နေ့ကျရင်တော့ သူချစ်လာမှာပါဆိုပြီး ရပ်နေမိသေးတယ် .. နာကျင်နေပါပြီ ပူလောင်နေပါပြီလို့ပြောရအောင်ကလဲ ဒီအပူတွေကိုမှ ကိုယ်က တွယ်တာနေမိတာလေ … ကိုယ့်ကိုယ် သဲသဲလှုပ်ချစ်မယ့်သူကိုပဲ ရွေးမယ်ဆိုတဲ့ အိပ်မက်လေးတွေဟာ ကိုယ့်ကို မချစ်တဲ့သူကိုမှ ဖက်တွယ်ထားတဲ့ လက်တွေ့ဘဝတွေနဲ့ ခြားနားတယ် …

တကယ်ဆိုရင်လေ … သူမှ ကိုယ့်ကို မချစ်တော့တာ သူ့အနားရပ်နေလို့လဲ ဘာထူးလို့လဲဆိုတဲ့ မာနလေးတွေ ရှိခဲ့သင့်တာ တကယ်ချစ်မိသွားတဲ့အခါ အဲ့ဒီမာနလေးတွေကလဲ မဲ့တယ် ငါ့ကို မှမချစ်ပဲလေ နေနိုင်အောင်နေမယ်ဆိုတဲ့ ဆုံးဖြတ်ချက်လေးတွေဟာလဲ ခဏပဲခံတာပါ ဖုန်းဆက်နေကျအချိန်လေးရောက်ရင် သူ့အသံလေးကြားချင်တယ် ….

သူမှ မချစ်ပဲလေ … တစ်နေ့ကျရင်တော့ အမြင်မှန်ရလာမှာပါ အခုတော့ နာကျင်နေတဲ့ဒဏ်ကို ခံရင်း ဖက်တွယ်ထားမိနေတုန်းပဲ …

မိန်းမသားတို့အတွက်
သျှင်ယွန်း

သူမွ မခ်စ္ေတာ့ရင္ ….

အခ်စ္တဲ့ ဖန္တီးယူလုိ့မရသလုိ အတင္းအက်ပ္ၾကီး လုပ္ယူလုိ့မွမရပဲေလ … ခ်စ္တယ္မခ်စ္ဘူးဆုိတာ စကားေတြထက္ လုပ္ရပ္ေတြကပဲ သက္ေသျပပါတယ္ … ပါးစပ္ကေန ဘယ္ေလာက္ပဲ ခ်စ္တယ္ေျပာေျပာ သူတကယ္ခ်စ္မခ်စ္ သူ့အေျပာအဆို သူ့အေနအထိုင္ သူ့လုပ္ရပ္ေတြကေန ျပလာတတ္ပါတယ္ …

သူမွ မခ်စ္ေတာ့ရင္ ဆုိတဲ့ အေတြးေလး ဟိုးအရင္နွစ္ေတြက ေတြးခဲ့ဖူးတယ္ ..အဲ့ဒီတုန္းကေတာ့ ဒီေလာက္မခ်စ္မိေသးဘူးထင္ပါတယ္ သူမွ မခ်စ္ေတာ့ရင္ ငါလဲ မခ်စ္ပဲ ေနလုိက္မွာေပါ့ဆိုတဲ့ ခပ္ေပါ့ေပါ့ဆံုးျဖတ္ခ်က္ေလးပဲ ခ်တယ္ .. အရာဟာေပါ့ေသးေသးေလးလိုပါပဲ သူမွ မခ်စ္ရင္ ငါလဲ မခ်စ္ေတာ့ဘူးဆိုတဲ့ ကေလးအေတြးနဲ႔ ေပါ့ေပါ့ပါးပါးေလး ျဖတ္သန္းခဲ့ဖူးတယ္ …

ဒီဘက္္နွစ္ေတြမွာ အေတြးဟာ လက္ေတြ့ျဖစ္လာတယ္ … တစ္ေန့တစ္ေန့ ကိုယ့္အတြက္ မအားတဲ့အခ်ိန္ေတြၾကားမွာ ေမွ်ာ္ရတဲ့ရက္ေတြဟာ တေျဖးေျဖးစိပ္စိပ္လာတယ္ … ကိုယ္ကလြဲရင္ ဘယ္အရာကမဆုိ တေျဖးေျဖး အေရးပါတတ္တဲ့သူနဲ႔ သူကလြဲရင္ တစ္ေလာကလံုးကို မ်က္ႏွာလြဲထားတဲ့ကိုယ္ သေဘာထားခ်င္း ကြဲလဲြလာတယ္ … အျမဲတမ္း ရန္ရွာတတ္တဲ့ မိန္းမမ်ိဳး မဟုတ္ေပမယ့္ သူပစ္ထားတဲ့အခ်ိန္ေတြမွာ ၀မ္းနည္းေနတတ္ေသးတယ္ …

သူမခ်စ္ေတာ့ရင္ … ငါလဲ မခ်စ္ေတာ့ဘူးဆိုတဲ့ ကေလးအေတြးေတြဟာ တေျဖးေျဖး ေပ်ာက္ဆံုးလာျပီး တစ္ေန့က်ရင္ေတာ့ သူခ်စ္လာမွာပါဆိုျပီး ရပ္ေနမိေသးတယ္ .. နာက်င္ေနပါျပီ ပူေလာင္ေနပါျပီလုိ့ေျပာရေအာင္ကလဲ ဒီအပူေတြကိုမွ ကိုယ္က တြယ္တာေနမိတာေလ … ကိုယ့္ကိုုယ္ သဲသဲလႈပ္ခ်စ္မယ့္သူကိုပဲ ေရြးမယ္ဆုိတဲ့ အိပ္မက္ေလးေတြဟာ ကုိယ့္ကို မခ်စ္တဲ့သူကိုမွ ဖက္တြယ္ထားတဲ့ လက္ေတြ့ဘ၀ေတြနဲ႔ ျခားနားတယ္ …

တကယ္ဆုိရင္ေလ … သူမွ ကိုုယ့္ကို မခ်စ္ေတာ့တာ သူ့အနားရပ္ေနလုိိ့လဲ ဘာထူးလို့လဲဆုိတဲ့ မာနေလးေတြ ရွိခဲ့သင့္တာ တကယ္ခ်စ္မိသြားတဲ့အခါ အဲ့ဒီမာနေလးေတြကလဲ မဲ့တယ္ ငါ့ကို မွမခ်စ္ပဲေလ ေနနိုင္ေအာင္ေနမယ္ဆုိတဲ့ ဆံုးျဖတ္ခ်က္ေလးေတြဟာလဲ ခဏပဲခံတာပါ ဖုန္းဆက္္ေနက်အခ်ိန္ေလးေရာက္ရင္ သူ့အသံေလးၾကားခ်င္တယ္ ….

သူမွ မခ်စ္ပဲေလ … တစ္ေန့က်ရင္ေတာ့ အျမင္မွန္ရလာမွာပါ အခုေတာ့ နာက်င္ေနတဲ့ဒဏ္ကိုု ခံရင္း ဖက္တြယ္ထားမိေနတုန္းပဲ …

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း