ကျွန်မ ရင့်ကျက်မှ ရတော့မယ် …

ကျွန်မ ရင့်ကျက်မှ ရတော့မယ် …

ရင့်ကျက်တယ်ဆိုတာ ဆုံးရှုံးသွားရင်တောင် အရမ်းကြီး မခံစားတော့မျိုးမဟုတ်လား နာကျင်နေရင်တောင် မနာကျင်ပါဘူးဆိုပြီး ဟန်ဆောင်လိုက်တာမျိုးမလား … ဒါဆို ကျွန်မလဲ ရင့်ကျက်မှ ရတော့မယ် သိပ်ချစ်နေရင်တောင် မချစ်ဘူးဆိုတဲ့စကားတွေကို မျက်နှာပြောင်ပြောင်နဲ့ ပြောနိုင်ဖို့ သိပ်လွမ်းနေတာကို မလွမ်းပါဘူးဆိုပြီး ဗြောင်ငြင်းဖို့လေ …

ကျွန်မ ရင့်ကျက်မှ ဖြစ်မှာပါ … အရာရာကို အရှိကိုအရှိအတိုင်း ပြောပြနေလို့ မဖြစ်ဘူးလေ … နာကျင်နေပါပြီလို့ ပြောတဲ့အခါ နာကျင်မှာပေါ့ဆိုပြီးပဲ ကိုယ့်ကို အပြစ်ပြောမယ့်လူတွေချည်းရပ်နေခဲ့တာလေ နားလည်မှာပါဆိုပြီး ဆွဲထားခဲ့တဲ့ လက်ကလဲ ကိုယ့်ကို နားလည်မပေးတဲ့အပြင် ကိုယ့်ကို ပိုပြီး နာကျင်စေတာလေ .. ဒီတော့ မနာကျင်ပါဘူးဆိုပြီး ပြောနိုင်တဲ့အထိ ရင့်ကျက်ဖို့လိုတယ်လေ …

လွမ်းလို့ပါဆိုပြီး ငိုမိတဲ့အခါ မျက်ရည်လွယ်လိုက်တာဆိုတဲ့ အပြစ်တင်သံတွေသာ ကြားရတာ ကြာလာတော့ ကိုယ့်ကိုယ်ကိုပဲ အပြစ်မြင်လာတယ် … ငါဘာလို့ ဒီလောက်မျက်ရည်လွယ်ရတာလဲဆိုပြီး ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်လာတယ် မငိုနဲ့ဆိုတဲ့ကြားက ကျလာတဲ့မျက်ရည်တွေကို မမြင်အောင်သုတ်ပြီး မငိုပါဘူးဆိုတဲ့စကားကို ပြောနိုင်ဖို့ ရင့်ကျက်ရဦးမယ် …

ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်ဆိုတဲ့ စကားလေးကို လက်စွဲသုံးပြီး ကိုယ့်ဒဏ်ရာကိုယ်ကုပြီး ကိုယ်နာကျင်ရတာကို ကိုယ်သာသိပြီး ရှည်လွန်းတဲ့ ဘဝကို ဖြတ်သန်းဖို့ ကျွန်မ ရင့်ကျက်ရတော့မယ်လေ .. တစ်ယောက်တည်းဖြစ်နေတဲ့အခါ တစ်ယောက်တည်းလဲ ဖြစ်ပါတယ်ဆိုတဲ့စကားကို ပြောရင်း သူနဲ့အတူ ဖြတ်သန်းချင်တဲ့ဆန္ဒတွေကို ချိုးနှိမ်ရဦးမယ်လေ …

ဘာပဲဖြစ်ဖြစ်ပါ … ပျော်စရာမရှိတဲ့ လောကကြီးမှာ ပျော်နေချင်ယောင်ဆောင်ပြီး ကျွန်မ ရင့်ကျက်မှရတော့မယ် …

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကြ်န္မ ရင့္က်က္မွ ရေတာ့မယ္ …

ရင့္က်က္တယ္ဆုိတာ ဆံုးရံႈးသြားရင္ေတာင္ အရမ္းၾကီး မခံစားေတာ့မ်ိဳးမဟုတ္လား နာက်င္္ေနရင္ေတာင္ မနာက်င္ပါဘူးဆိုျပီး ဟန္ေဆာင္လုိက္တာမ်ိဳးမလား … ဒါဆို ကြ်န္မလဲ ရင့္က်က္မွ ရေတာ့မယ္ သိပ္ခ်စ္ေနရင္ေတာင္ မခ်စ္ဘူးဆိုတဲ့စကားေတြကို မ်က္ႏွာေျပာင္ေျပာင္နဲ႔ ေျပာနုိင္ဖို့ သိပ္လြမ္းေနတာကို မလြမ္းပါဘူးဆိုျပီး ေျဗာင္ျငင္းဖုိ့ေလ …

ကၽြန္မ ရင့္က်က္မွ ျဖစ္မွာပါ … အရာရာကို အရွိကုိအရွိအတိုင္း ေျပာျပေနလုိ့ မျဖစ္ဘူးေလ … နာက်င္ေနပါျပီလို့ ေျပာတဲ့အခါ နာက်င္မွာေပါ့ဆုိျပီးပဲ ကိုယ့္ကို အျပစ္ေျပာမယ့္လူေတြခ်ည္းရပ္ေနခဲ့တာေလ နားလည္မွာပါဆုိျပီး ဆြဲထားခဲ့တဲ့ လက္ကလဲ ကိုယ့္ကို နားလည္မေပးတဲ့အျပင္ ကိုယ့္ကို ပုိျပီး နာက်င္ေစတာေလ .. ဒီေတာ့ မနာက်င္ပါဘူးဆုိျပီး ေျပာနုိင္တဲ့အထိ ရင့္က်က္ဖုိ့လိုတယ္ေလ …

လြမ္းလုိ့ပါဆုိျပီး ငိုမိတဲ့အခါ မ်က္ရည္လြယ္လိုက္တာဆုိတဲ့ အျပစ္တင္သံေတြသာ ၾကားရတာ ၾကာလာေတာ့ ကိုယ့္ကိုယ္ကိုပဲ အျပစ္ျမင္လာတယ္ … ငါဘာလုိ့ ဒီေလာက္မ်က္ရည္လြယ္ရတာလဲဆိုျပီး ကိုယ့္ကိုယ္ကိုု မေက်မနပ္ျဖစ္လာတယ္ မငိုနဲ႔ဆုိတဲ့ၾကားက က်လာတဲ့မ်က္ရည္ေတြကို မျမင္ေအာင္သုတ္ျပီး မငိုပါဘူးဆိုတဲ့စကားကိို ေျပာနိုင္ဖို့ ရင့္က်က္ရဦးမယ္ …

ဘာပဲျဖစ္ျဖစ္ အဆင္ေျပပါတယ္ဆုိတဲ့ စကားေလးကို လက္စြဲသံုးျပီး ကိုယ့္ဒဏ္ရာကိုယ္ကုျပီး ကုိယ္နာက်င္ရတာကိို ကိုယ္သာသိျပီး ရွည္လြန္းတဲ့ ဘ၀ကို ျဖတ္သန္းဖို့ ကြ်န္မ ရင့္က်က္ရေတာ့မယ္ေလ .. တစ္ေယာက္တည္းျဖစ္ေနတဲ့အခါ တစ္ေယာက္တည္းလဲ ျဖစ္ပါတယ္ဆုိတဲ့စကားကို ေျပာရင္း သူနဲ႔အတူ ျဖတ္သန္းခ်င္တဲ့ဆႏၵေတြကုိ ခ်ိဳးနိွမ္ရဦးမယ္ေလ …

ဘာပဲျဖစ္ျဖစ္ပါ … ေပ်ာ္စရာမရွိတဲ့ ေလာကၾကီးမွာ ေပ်ာ္ေနခ်င္ေယာင္ေဆာင္ျပီး ကြ်န္မ ရင့္က်က္မွရေတာ့မယ္ …

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း