သူ့တစ်ယောက်တည်းကိုပဲ ချစ်ခဲ့ဖူးတယ်… သူ့ကြောင့်ပဲ ငိုခဲ့ဖူးတယ်

ဘဝမှာ… လူတစ်ယောက်ကိုပဲ ချစ်ခဲ့ဖူးတယ်…

အဲ့ဒီတစ်ယောက်ကို အတော်ရူးရူးမူးမူးချစ်ခဲ့မိတာ ကိုယ့်အပေါ် အနိုင်လိုချင်နေလဲ လွယ်လွယ်ကူကူလေး အရှုံးပေးလိုက်တာပဲ သူစမဆက်တော့ ကိုယ်က ဆက်သွယ်လိုက်တာပဲ မာနတွေ မလိုအပ်ဘူးလေ ။

စကားတွေ နေ့စဥ်ရက်ဆက်ပြောရလို့လဲ ငြီးငွေ့သွားတယ်လို့ မရှိခဲ့ဘူး အနည်းဆုံးစကားပြောဖြစ်တဲ့အချိန်တွေဟာ တစ်ရက်မှာ တစ်နာရီခွဲ နှစ်နာရီနီးပါး …

အဲ့ဒီလူကပဲ ကျွန်မအပေါ် သစ္စာဖောက်ခဲ့တယ် ငါဒီလောက်ချစ်တာကို ဘာလို့ လုပ်ရပ်တာလဲဆိုပြီး မနာတတ်ခဲ့ဘူး ငါ့မှာ ဘာအားနည်းချက်တွေရှိလို့လဲဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်တတ်ခဲ့တာ သူပြန်လာတော့လဲ အရင်လိုပြန်ခွင့်လွတ်တတ်တာပါပဲ

နောက်ပိုင်းမှာ ကျွန်မ အရင်လို မဟုတ်တော့ဘူး… အနိုင်ယူခံရတာတွေများလာတဲ့အခါ စိတ်တွေဟာ တဖြေးဖြေး နာတတ်လာခဲ့တယ် သူ့ကိုချစ်လို့ ခွင့်လွှတ်ခဲ့ပေမယ့် ဂရုစိုက်မခံရတဲ့ အချိန်တွေ အများကြီးမှာ အချစ်ကို တဖြေးဖြေး စိတ်ကုန်လာခဲ့တယ် ။

ဒီနှစ်ထဲ… စိတ်တွေ နာတတ်သွားပြီထင်ပါတယ်…ဖုန်းတွေလဲ မဆက်ဖြစ်တော့ဘူး အသံလဲ မကြားချင်တော့ဘူး ချစ်တယ်ပြောလဲ ရင်မခုန်တော့ဘူး… ကျွန်မ လိုချင််နေတာ ပျော်ရွှင်မှု ဒါမှမဟုတ် သူ ဖောက်ပြန်ခဲ့တုန်းကနေ လွတ်ချလိုက်ခဲ့ရင်ဆိုတဲ့ နောင်တတွေပဲ ပျောက်သွားချင််တယ် ကျွန်မ လွတ်လပ်ချင်ပြီ ။

သူ့တစ်ယောက်တည်းကိုပဲ ချစ်ခဲ့ဖူးတယ်… သူ့ကြောင့်ပဲ ငိုခဲ့ဖူးတယ် သူ့ကြောင့်လဲ ပျော်ခဲ့ဖူးပါတယ် ဒါပေမယ့် သူ့ကြောင့်ပဲ စိတ်တွေဟာ နာသွားခဲ့ပြီ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ဘဝမွာ… လူတစ္ေယာက္ကိုပဲ ခ်စ္ခဲ့ဖူးတယ္…

အဲ့ဒီတစ္ေယာက္ကို အေတာ္ရူးရူးမူးမူးခ်စ္ခဲ့မိတာ ကိုယ့္အေပၚ အနိုင္လိုခ်င္ေနလဲ လြယ္လြယ္ကူကူေလး အရံႈးေပးလိုက္တာပဲ သူစမဆက္ေတာ့ ကိုယ္က ဆက္သြယ္လိုက္တာပဲ မာနေတြ မလိုအပ္ဘူးေလ ။

စကားေတြ ေန့စဥ္ရက္ဆက္ေျပာရလို့လဲ ျငီးေငြ့သြားတယ္လို့ မရွိခဲ့ဘူး အနည္းဆံုးစကားေျပာျဖစ္တဲ့အခ်ိန္ေတြဟာ တစ္ရက္မွာ တစ္နာရီခြဲ နွစ္နာရီနီးပါး …

အဲ့ဒီလူကပဲ ကြ်န္မအေပၚ သစၥာေဖာက္ခဲ့တယ္ ငါဒီေလာက္ခ်စ္တာကို ဘာလို့ လုပ္ရပ္တာလဲဆိုျပီး မနာတတ္ခဲ့ဘူး ငါ့မွာ ဘာအားနည္းခ်က္ေတြရွိလို့လဲဆိုျပီး ကိုယ့္ကိုယ္ကို အျပစ္တင္တတ္ခဲ့တာ သူျပန္လာေတာ့လဲ အရင္လိုျပန္ခြင့္လြတ္တတ္တာပါပဲ

ေနာက္ပိုင္းမွာ ကြ်န္မ အရင္လို မဟုတ္ေတာ့ဘူး… အနိုင္ယူခံရတာေတြမ်ားလာတဲ့အခါ စိတ္ေတြဟာ တေျဖးေျဖး နာတတ္လာခဲ့တယ္ သူ့ကိုခ်စ္လို့ ခြင့္လွြတ္ခဲ့ေပမယ့္ ဂရုစိုက္မခံရတဲ့ အခ်ိန္ေတြ အမ်ားျကီးမွာ အခ်စ္ကို တေျဖးေျဖး စိတ္ကုန္လာခဲ့တယ္ ။

ဒီနွစ္ထဲ… စိတ္ေတြ နာတတ္သြားျပီထင္ပါတယ္…ဖုန္းေတြလဲ မဆက္ျဖစ္ေတာ့ဘူး အသံလဲ မျကားခ်င္ေတာ့ဘူး ခ်စ္တယ္ေျပာလဲ ရင္မခုန္ေတာ့ဘူး… ကြ်န္မ လိုခ်င္ေနတာ ေပ်ာ္ရွြင္မႈ ဒါမွမဟုတ္ သူ ေဖာက္ျပန္ခဲ့တုန္းကေန လြတ္ခ်လိုက္ခဲ့ရင္ဆိုတဲ့ ေနာင္တေတြပဲ ေပ်ာက္သြားခ်င္တယ္ ကြ်န္မ လြတ္လပ္ခ်င္ျပီ ။

သူ့တစ္ေယာက္တည္းကိုပဲ ခ်စ္ခဲ့ဖူးတယ္… သူ့ေျကာင့္ပဲ ငိုခဲ့ဖူးတယ္ သူ့ေျကာင့္လဲ ေပ်ာ္ခဲ့ဖူးပါတယ္ ဒါေပမယ့္ သူ့ေျကာင့္ပဲ စိတ္ေတြဟာ နာသြားခဲ့ျပီ ။

မိန္းမသားတို့အတြက္
သွ်င္ယြန္း