ဒီရက်တွေမှာလေ … ကျွန်မ ကြေကွဲနေတာပါ

ဒီရက်တွေမှာလေ … ကျွန်မ ကြေကွဲနေတာပါ

တစ်ခါတစ်လေမှာ အကြောင်းပြချက်တွေ ရေရေရာရာမရှိပဲနဲ့လဲ ဝမ်းနည်းသလိုလို ငိုချင်နေသလိုလို ဘယ်သူကများ နာကျင်အောင် လုပ်နေလို့လဲဆိုပြန်တော့ လက်ညိုးထိုးပြစရာ လူလဲ မဲ့တယ် …ကိုယ့်အတွေးနဲ့ကိုယ်ပဲ ပြိုလဲနေရတာပါ ..

ပိုဆိုးတာကလေ အခုတလော တချို့ဆက်ဆံရေးတွေကလဲ အေးစက်တယ် လိုအပ်မှတောင် မဟုတ်ပဲ တစ်ရက်နေလို့မှ တစ်ခွန််းမပြောဖြစ်ခဲ့တဲ့ အချိန်တွေမှ အများကြီးပဲလေ … ဘာလို့လဲ မေးရင် တစ်ယောက်နဲ့တစ်ယောက် ဒီအတိုင်းပဲ မခေါ်မပြောဖြစ်ကြရုံပါ

ပြသနာကြီးကြီးမားမားတွေလဲ မရှိခဲ့သလို အေးစက်သွားရလောက်တဲ့အထိ နေနိုင်သွားကြတာလဲမဟုတ်ဘူး ။ စပြီးပြောလိုက်ဖို့တွေးပေမယ့်လို့ ပြန်ပြီးမပြောတဲ့ ရက်တွေအကြောင်းပြန်သတိရမိရင် ရိုက်ထားတဲ့စာလေးတွေ ပြန်ဖျက်မိသွားရုံလောက်ပါ ။

တချို့ညတွေမှာ တစ်ညလုံး မအိပ်နေနေမိသလို တချို့ရက်တွေဆို ဘာနေ့မှန်းမသိတဲ့အထိ ဒိတ်တွေပျောက်နေမိတယ် မနက် နေ့လည် ည အရာရာဟာ အတူတူပါပဲ ထူးထူးခြားခြား ပျော်စရာမရှိတဲ့နေ့တွေ အလိုလိုနေရင်း ကြေကွဲနေမိတယ် ။

သျှင်ယွန်း
ကျွန်မဖတ်ဖို့

ဒီရက္ေတြမွာေလ … ကြ်န္မ ေျကကြဲေနတာပါ

တစ္ခါတစ္ေလမွာ အေျကာင္းျပခ်က္ေတြ ေရေရရာရာမရွိပဲနဲ့လဲ ဝမ္းနည္းသလိုလို ငိုခ်င္ေနသလိုလို ဘယ္သူကမ်ား နာက်င္ေအာင္ လုပ္ေနလို့လဲဆိုျပန္ေတာ့ လက္ညိုးထိုးျပစရာ လူလဲ မဲ့တယ္ …ကိုယ့္အေတြးနဲ့ကိုယ္ပဲ ျပိုလဲေနရတာပါ ..

ပိုဆိုးတာကေလ အခုတေလာ တခ်ို့ဆက္ဆံေရးေတြကလဲ ေအးစက္တယ္ လိုအပ္မွေတာင္ မဟုတ္ပဲ တစ္ရက္ေနလို့မွ တစ္ခြန္းမေျပာျဖစ္ခဲ့တဲ့ အခ်ိန္ေတြမွ အမ်ားျကီးပဲေလ … ဘာလို့လဲ ေမးရင္ တစ္ေယာက္နဲ့တစ္ေယာက္ ဒီအတိုင္းပဲ မေခၚမေျပာျဖစ္ျကရံုပါ

ျပသနာျကီးျကီးမားမားေတြလဲ မရွိခဲ့သလို ေအးစက္သြားရေလာက္တဲ့အထိ ေနနိုင္သြားျကတာလဲမဟုတ္ဘူး ။ စျပီးေျပာလိုက္ဖို့ေတြးေပမယ့္လို့ ျပန္ျပီးမေျပာတဲ့ ရက္ေတြအေျကာင္းျပန္သတိရမိရင္ ရိုက္ထားတဲ့စာေလးေတြ ျပန္ဖ်က္မိသြားရံုေလာက္ပါ ။

တခ်ို့ညေတြမွာ တစ္ညလံုး မအိပ္ေနေနမိသလို တခ်ို့ရက္ေတြဆို ဘာေန့မွန္းမသိတဲ့အထိ ဒိတ္ေတြေပ်ာက္ေနမိတယ္ မနက္ ေန့လည္ ည အရာရာဟာ အတူတူပါပဲ ထူးထူးျခားျခား ေပ်ာ္စရာမရွိတဲ့ေန့ေတြ အလိုလိုေနရင္း ေျကကြဲေနမိတယ္ ။

သွ်င္ယြန္း
ကြ်န္မဖတ္ဖို့