တကယ်ပဲ ဝေးသွားကြပါပြီ

ကိုယ့်ဘက်က အတင်းလိုက်ဆက်ခဲ့ရတဲ့ ကြိုးလေး နောက်ဆုံးတော့ ပြတ်တောက်သွားခဲ့ပြီလို့ပဲ ပြောရတော့မှာပေါ့ ။

ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်မယ်ဆိုရင် The End ဆိုတဲ့စာတန်းလေး ထိုးသွားပြီးတဲ့အထိ သေချာသွားခဲ့ပြီလေ …

ဘာရလိုက်သလဲတဲ့ … နာကျင်မှုတွေ ပြီးတော့ တန်ဖိုးထားမခံရခြင်းတွေ မချစ်ခြင်းတွေသာ ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ လူသားမှာ အဆင်ပြေပါတယ်ဆိုပြီးတောင် လိမ်ညာပြီး မပြောနိုင်တဲ့အထိ ပြိုလဲခဲ့ရပြီလေ …

ဝေးသွားကြပါပြီ … သူကတော့ သာမန်နေထိုင်မှုအတိုင်းလေးပဲ အဆင်ပြေနေတာထက်ပိုနေသလို ပိုပြီးတော့တောင် ပျော်နေသလိုပါပဲ ကိုယ့် လှောင်အိမ်လေးထဲက ပြေးထွက်သွားတဲ့ ငှက်လေးလို လွတ်လပ်ပေါ့ပါးလို့ ကိုယ့်မှာသာ သူပေးခဲ့သမျှ ဒဏ်ရာတွေကို ဖက်တွယ်ထားရင်း အကျဉ်းကျနေခဲ့တာ ။

ဘယ်တော့မှမခွဲဘူးနော် ဆိုတဲ့ စကားတွေကို ပြန်ကြားယောင်တယ် ဘယ်လိုစိတ််နဲ့များ လိမ်ညာခဲ့တာလဲလို့ …. ဘယ်တော့မှ မနာကျင်ရဘူးဆိုတဲ့ စကားကတော့ မဝေးခင်ကတည်းက ပျက်ပြယ်ခဲ့ပြီးသားပဲလေ ထည့်ပြီးတော့ ပြောမနေတော့ပါဘူး …

ကိုယ့်ဘက်က ဘယ်လောက်ပဲ ဆွဲထားဆွဲထားပါ မမြဲချင်တဲ့ လက်တွေမှာတော့ မမြဲရမယ့် အကြောင်းပြချက်တွေ အများကြီး ရှိနေခဲ့တာပါပဲ … ကိုယ်ဘယ်လောက်နာကျင်နေလဲဆိုတာ သူ မစာနာမိသလို သူသိခဲ့တာဆိုလို့ ဒီလက်က ဘယ်လို ပြေးထွက်ရမလဲဆိုတာပဲ သိခဲ့တာပါ …

အစမှာ မျှော်လင့်ခဲ့သလို ပျော်ရွှင်စွာဇာတ်သိမ်းကြလေသတည်းဆိုတဲ့ အဆုံးသတ်လေးနဲ့လဲ ဝေးပါပြီ နှစ်ယောက်အတူဆိုတဲ့ မျှော်လင့်ချက်လေးတွေဟာလဲ ကိုယ်တစ်ယောက်တည်း လျှောက်ဖို့ပဲ ရင်နာနာနဲ့ တွေးရတော့မှာပေါ့ …

တကယ်ပဲ ဝေးသွားကြပါပြီ ။

သျှင်ယွန်း
ကျွန်မဖတ်ဖို့

ကိုယ့္ဘက္က အတင္းလိုက္ဆက္ခဲ့ရတဲ့ ျကိုးေလး ေနာက္ဆံုးေတာ့ ျပတ္ေတာက္သြားခဲ့ျပီလို့ပဲ ေျပာရေတာ့မွာေပါ့ ။

ဇာတ္လမ္းေလးတစ္ပုဒ္ျဖစ္မယ္ဆိုရင္ The End ဆိုတဲ့စာတန္းေလး ထိုးသြားျပီးတဲ့အထိ ေသခ်ာသြားခဲ့ျပီေလ …

ဘာရလိုက္သလဲတဲ့ … နာက်င္မႈေတြ ျပီးေတာ့ တန္ဖိုးထားမခံရျခင္းေတြ မခ်စ္ျခင္းေတြသာ ပိုင္ဆိုင္ခြင့္ရခဲ့တဲ့ လူသားမွာ အဆင္ေျပပါတယ္ဆိုျပီးေတာင္ လိမ္ညာျပီး မေျပာနိုင္တဲ့အထိ ျပိုလဲခဲ့ရျပီေလ …

ေဝးသြားျကပါျပီ … သူကေတာ့ သာမန္ေနထိုင္မႈအတိုင္းေလးပဲ အဆင္ေျပေနတာထက္ပိုေနသလို ပိုျပီးေတာ့ေတာင္ ေပ်ာ္ေနသလိုပါပဲ ကိုယ့္ ေလွာင္အိမ္ေလးထဲက ေျပးထြက္သြားတဲ့ ငွက္ေလးလို လြတ္လပ္ေပါ့ပါးလို့ ကိုယ့္မွာသာ သူေပးခဲ့သမွ် ဒဏ္ရာေတြကို ဖက္တြယ္ထားရင္း အက်ဉ္းက်ေနခဲ့တာ ။

ဘယ္ေတာ့မွမခြဲဘူးေနာ္ ဆိုတဲ့ စကားေတြကို ျပန္ျကားေယာင္တယ္ ဘယ္လိုစိတ္နဲ့မ်ား လိမ္ညာခဲ့တာလဲလို့ …. ဘယ္ေတာ့မွ မနာက်င္ရဘူးဆိုတဲ့ စကားကေတာ့ မေဝးခင္ကတည္းက ပ်က္ျပယ္ခဲ့ျပီးသားပဲေလ ထည့္ျပီးေတာ့ ေျပာမေနေတာ့ပါဘူး …

ကိုယ့္ဘက္က ဘယ္ေလာက္ပဲ ဆြဲထားဆြဲထားပါ မျမဲခ်င္တဲ့ လက္ေတြမွာေတာ့ မျမဲရမယ့္ အေျကာင္းျပခ်က္ေတြ အမ်ားျကီး ရွိေနခဲ့တာပါပဲ … ကိုယ္ဘယ္ေလာက္နာက်င္ေနလဲဆိုတာ သူ မစာနာမိသလို သူသိခဲ့တာဆိုလို့ ဒီလက္က ဘယ္လို ေျပးထြက္ရမလဲဆိုတာပဲ သိခဲ့တာပါ …

အစမွာ ေမွ်ာ္လင့္ခဲ့သလို ေပ်ာ္ရွြင္စြာဇာတ္သိမ္းျကေလသတည္းဆိုတဲ့ အဆံုးသတ္ေလးနဲ့လဲ ေဝးပါျပီ နွစ္ေယာက္အတူဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေလးေတြဟာလဲ ကိုယ္တစ္ေယာက္တည္း ေလွ်ာက္ဖို့ပဲ ရင္နာနာနဲ့ ေတြးရေတာ့မွာေပါ့ …

တကယ္ပဲ ေဝးသြားျကပါျပီ ။

ကြ်န္မဖတ္ဖို့
သွ်င္ယြန္း
ကြ်န္မဖတ္ဖို့