ရှင်မရှိလို့လဲ ဘာမှ မဖြစ်ပါဘူး အဆင်ပြေပါတယ်ပေါ့ ….

ဘာမှ မဖြစ်ပါဘူး အဆင်ပြေပါတယ်ပေါ့

အချိန်အကြာကြီးဆွဲထားခဲ့တဲ့လက်လေး ဒီနေ့တော့ လွှတ်ပေးလိုက်ပါပြီ သေသေချာချာတောင် မှာလိုက်သေးတယ် အဆင်ပြေအောင်နေလို့ တကယ်တမ်း သူ့ကို ပြောပြီး အဆင်ပြေအောင် မနေတတ်တာက ကိုယ်လေ

သူက ကိုယ့်အနားမှာ ရှိနေစဉ်ကတည်း ကိုယ်မရှိလဲ အဆင်ပြေနေခဲ့ပြီးသားပဲလေ တစ်ရက်လုံးစကားမပြောရလို့လဲ အပြုံးမပျက်ဘူး ကိုယ်သာ ပြာယာခတ်နေခဲ့တာ တစ်နေ့လုံး တိတ်ဆိတ်နေလို့လဲ ဘာမှ ဖြစ်မသွားဘူး ကိုယ်သာ တွေးချင်ရာတွေးရင်း ပူနေမိတာလေ

ဒီအချိန်မှာ ကျွန်မ ငိုချလိုက်ရင် ကျွန်မက သိပ်ကို သနားစရာကောင်းတဲ့ သတ္တဝါတစ်ကောင်လေးလို ဖြစ်သွားမှာပေါ့ အဲ့ဒီအသိနဲ့ပဲ နောက်ဆုံး မာနလေးထားခဲ့လိုက်ပါ

မာနတွေ ထားခဲ့လို့ ဝေးခဲ့ကြတာမဟုတ်ပဲ မဖြစ်မနေ ဝေးရတော့မှာမို့သာ မာနထားလိုက်ရတာပါ ဒါကို နားလည်မယ်ထင်ပါတယ်

ရှင်မရှိလို့လဲ ဘာမှ မဖြစ်ပါဘူး အဆင်ပြေပါတယ်ပေါ့ ….

သျှင်ယွန်း
ကျွန်မဖတ်ဖို့







သျှင်ယွန်း
ကျွန်မဖတ်ဖို့