အမှတ်တရတွေက ကျွန်မကို သတ်နေတယ်

အမှတ်တရတွေက ကျွန်မကို သတ်နေတယ်

ဒီအချိန်ဆို ကျွန်မနဲ့သူ စကားတွေအများကြီးပြောနေကျလေ … အကြောင်းပြချက်တွေ ရေရေရာရာမရှိလဲ အချိန်တွေ အကြာကြီး စကားတွေ ပြောနေကျဆိုတော့ ကျွန်မမှာ အမှတ်ရမိတယ် မတော်တဆများ ယောင်မှားပြီး ခေါ်လာလေမလားလို့ ပေါတောတောလေး မျှော်လင့်မိနေတုန်း ။

သူနဲ့ပတ်သက်ရင် ဘယ်အရာမဆို အလေးအနက်ထားတတ်တဲ့ ကျွန်မက ဘာမဟုတ်တာလေးကအစ မှတ်မိနေတတ်တာ ခက်တယ် ဘယ်တုန်းကလေဆိုတဲ့ အတိတ်ကို အစဖော်မိရင် မျက်ရည်တွေနဲ့ပဲ အဆုံးသတ်ရတယ်

အရင်တုန်းကလို ဟိုတုန်းကလို သူက ကိုယ့်အနားရှိတော့တာမှ မဟုတ်ပဲလေ ရှိနေတာဆိုလို့ သူပေးခဲ့ဖူးတဲ့ နာကျင်စရာတွေကို တယုတယဖက်တွယ်နေမိတာပဲ ရှိတယ်

အချိန်တွေ ဘယ်လောက်ကြာရင် နေသားကျသွားမှာပါဆိုပြီး အားပေးစကားတွေ ကြားရတဲ့အခါ ပိုပြီး ငိုချင်မိတယ် ကျွန်မ နာကျင်နေတာ တစ်လ တစ်နှစ် မကတော့ဘူးလေ ဘာလို့ ငါ အစွဲအလမ်းကြီးနေရတာလဲဆိုပြီး မကျေမနပ်တွေ ဖြစ်ရတယ်

တကယ်ဆိုရင် … ကိုယ်မက်ခဲ့တဲ့ အိပ်မက်တွေအားလုံးက သူနဲ့စပြီး သူနဲ့ပဲ ဆုံးခဲ့တာ သူမရှိတဲ့နောက်မှာ အရာရာက အလဲလဲ အကွဲကွဲဖြစ်ရတာပေါ့ တချို့အိပ်မက်တွေဆို အစတောင် ရှာမရတော့သလို တချို့ မျှော်လင့်ချက်တွေဆို အဖက်ဆယ်မရတော့ဘူး ။

အရာရာကို မှတ်မိနေတဲ့ ကျွန်မရယ် ပြီးတော့ နေ့ရက်တိုင်းမှာ သတ်နေတဲ့ အမှတ်တရတွေရယ် နဲ့တော့ ဟုတ်တော့ ဟုတ်နေပြီ ။

သျှင်ယွန်း
ကျွန်မဖတ်ဖို့

အမွတ္တရေတြက ကြ်န္မကို သတ္ေနတယ္

ဒီအခ်ိန္ဆို ကြ်န္မနဲ့သူ စကားေတြအမ်ားျကီးေျပာေနက်ေလ … အေျကာင္းျပခ်က္ေတြ ေရေရရာရာမရွိလဲ အခ်ိန္ေတြ အျကာျကီး စကားေတြ ေျပာေနက်ဆိုေတာ့ ကြ်န္မမွာ အမွတ္ရမိတယ္ မေတာ္တဆမ်ား ေယာင္မွားျပီး ေခၚလာေလမလားလို့ ေပါေတာေတာေလး ေမွ်ာ္လင့္မိေနတုန္း ။

သူနဲ့ပတ္သက္ရင္ ဘယ္အရာမဆို အေလးအနက္ထားတတ္တဲ့ ကြ်န္မက ဘာမဟုတ္တာေလးကအစ မွတ္မိေနတတ္တာ ခက္တယ္ ဘယ္တုန္းကေလဆိုတဲ့ အတိတ္ကို အစေဖာ္မိရင္ မ်က္ရည္ေတြနဲ့ပဲ အဆံုးသတ္ရတယ္

အရင္တုန္းကလို ဟိုတုန္းကလို သူက ကိုယ့္အနားရွိေတာ့တာမွ မဟုတ္ပဲေလ ရွိေနတာဆိုလို့ သူေပးခဲ့ဖူးတဲ့ နာက်င္စရာေတြကို တယုတယဖက္တြယ္ေနမိတာပဲ ရွိတယ္

အခ်ိန္ေတြ ဘယ္ေလာက္ျကာရင္ ေနသားက်သြားမွာပါဆိုျပီး အားေပးစကားေတြ ျကားရတဲ့အခါ ပိုျပီး ငိုခ်င္မိတယ္ ကြ်န္မ နာက်င္ေနတာ တစ္လ တစ္နွစ္ မကေတာ့ဘူးေလ ဘာလို့ ငါ အစြဲအလမ္းျကီးေနရတာလဲဆိုျပီး မေက်မနပ္ေတြ ျဖစ္ရတယ္

တကယ္ဆိုရင္ … ကိုယ္မက္ခဲ့တဲ့ အိပ္မက္ေတြအားလံုးက သူနဲ့စျပီး သူနဲ့ပဲ ဆံုးခဲ့တာ သူမရွိတဲ့ေနာက္မွာ အရာရာက အလဲလဲ အကြဲကြဲျဖစ္ရတာေပါ့ တခ်ို့အိပ္မက္ေတြဆို အစေတာင္ ရွာမရေတာ့သလို တခ်ို့ ေမွ်ာ္လင့္ခ်က္ေတြဆို အဖက္ဆယ္မရေတာ့ဘူး ။

အရာရာကို မွတ္မိေနတဲ့ ကြ်န္မရယ္ ျပီးေတာ့ ေန့ရက္တိုင္းမွာ သတ္ေနတဲ့ အမွတ္တရေတြရယ္ နဲ့ေတာ့ ဟုတ္ေတာ့ ဟုတ္ေနျပီ ။

သွ်င္ယြန္း
ကြ်န္မဖတ္ဖို့