ကော်ဖီကြိုက်တတ်တဲ့ ကောင်မလေး….

ကော်ဖီကြိုက်တတ်တဲ့ ကောင်မလေး….

မနက်မျက်လုံးနှစ်လုံးပွင့်ရင် ဘာစားရမလဲလို့ အရင်မတွေးဘူး ကော်ဖီသောက်ဖို့ပဲ အရင်တွေးတယ်… ကော်ဖီလေးတစ်ခွက်မှ မသောက်ရရင် အဲ့ဒီနေ့ဟာ တစ်ခုခုလိုနေသလို….

တစ်စိုက်မတ်မတ်ကြိုက်တတ်ခဲ့တာလည်း ဒီတစ်ခုပဲ ရှိခဲ့တာကိုး ။ ဝမ်းနည်းတဲ့အခါ ပြတင်းပေါက်နားလေးထိုင်ရင်း ကော်ဖီလေးအေးတဲ့အထိ ငေးနေတတ်တဲ့ ကောင်မလေးပေါ့ ဘာတွေးနေလဲမေးရင် မသိဘူးလို့ပဲ ဖြေတယ် ။

တော်တော်များများက ကော်ဖီသောက်ပြီးသွားရင် အိပ်မပျော်တတ်ဘူးတဲ့… သူ့ကျမှ ကော်ဖီသောက်ပြီး အိပ်သွားတဲ့ညတွေရယ် မအိပ်ပဲဆက်သောက်နေတဲ့ကော်ဖီတွေမှ အများကြီးပဲ ။

တစ်စိုက်မတ်မတ်လုပ်ဖို့ လိုလာပြီဆိုရင် နေရာမချရသေးရင် ကော်ဖီခွက်အရင်ပြေးမတယ် ။ ပြီးတော့မှ လုပ်ရမယ်ဆိုတဲ့အရာတွေကို လုပ်တယ် ဘာကြောင့်လဲမေးရင် သူမဖြေဘူး ။

အဲ့ဒီကောင်မလေးကလေ… ဘာလေးမှန်းကို မသိတာ ကော်ဖီသာ အသားထဲစိမ့်ဝင်တတ်ရင် တစ်ကိုယ်လုံးဟာ ကော်ဖီရောင်သန်းနေလောက်ပြီ… မသောက်နဲ့လို့ တားမရတဲ့အဆုံး အများကြီးမသောက်နဲ့ဆိုတဲ့ စကားနဲ့ပဲ ဆုံးမရတယ်… မထင်ရင်မထင်သလို သတိမထားမိရင် မထားမိသလို ခိုးသောက်နေတုန်းပဲ ။

တစ်ခုပဲ စိတ်ပူတာပါ… ချစ်တတ်တဲ့နှလုံးသားလေး အချိန်မလွန်ခင် ဖျားနာမှာပဲစိုးတာပါ ။

သျှင်ယွန်း

ေကာ္ဖီျကိုက္တတ္တဲ့ ေကာင္မေလး….

မနက္မ်က္လံုးနွစ္လံုးပြင့္ရင္ ဘာစားရမလဲလို့ အရင္မေတြးဘူး ေကာ္ဖီေသာက္ဖို့ပဲ အရင္ေတြးတယ္… ေကာ္ဖီေလးတစ္ခြက္မွ မေသာက္ရရင္ အဲ့ဒီေန့ဟာ တစ္ခုခုလိုေနသလို….

တစ္စိုက္မတ္မတ္ျကိုက္တတ္ခဲ့တာလည္း ဒီတစ္ခုပဲ ရွိခဲ့တာကိုး ။ ဝမ္းနည္းတဲ့အခါ ျပတင္းေပါက္နားေလးထိုင္ရင္း ေကာ္ဖီေလးေအးတဲ့အထိ ေငးေနတတ္တဲ့ ေကာင္မေလးေပါ့ ဘာေတြးေနလဲေမးရင္ မသိဘူးလို့ပဲ ေျဖတယ္ ။

ေတာ္ေတာ္မ်ားမ်ားက ေကာ္ဖီေသာက္ျပီးသြားရင္ အိပ္မေပ်ာ္တတ္ဘူးတဲ့… သူ့က်မွ ေကာ္ဖီေသာက္ျပီး အိပ္သြားတဲ့ညေတြရယ္ မအိပ္ပဲဆက္ေသာက္ေနတဲ့ေကာ္ဖီေတြမွ အမ်ားျကီးပဲ ။

တစ္စိုက္မတ္မတ္လုပ္ဖို့ လိုလာျပီဆိုရင္ ေနရာမခ်ရေသးရင္ ေကာ္ဖီခြက္အရင္ေျပးမတယ္ ။ ျပီးေတာ့မွ လုပ္ရမယ္ဆိုတဲ့အရာေတြကို လုပ္တယ္ ဘာေျကာင့္လဲေမးရင္ သူမေျဖဘူး ။

အဲ့ဒီေကာင္မေလးကေလ… ဘာေလးမွန္းကို မသိတာ ေကာ္ဖီသာ အသားထဲစိမ့္ဝင္တတ္ရင္ တစ္ကိုယ္လံုးဟာ ေကာ္ဖီေရာင္သန္းေနေလာက္ျပီ… မေသာက္နဲ့လို့ တားမရတဲ့အဆံုး အမ်ားျကီးမေသာက္နဲ့ဆိုတဲ့ စကားနဲ့ပဲ ဆံုးမရတယ္… မထင္ရင္မထင္သလို သတိမထားမိရင္ မထားမိသလို ခိုးေသာက္ေနတုန္းပဲ ။

တစ္ခုပဲ စိတ္ပူတာပါ… ခ်စ္တတ္တဲ့နွလံုးသားေလး အခ်ိန္မလြန္ခင္ ဖ်ားနာမွာပဲစိုးတာပါ ။

သွ်င္ယြန္း