ဝေးသွားကြပြီဆိုမှတော့ ဝေးသွားကြပြီပေ့ါ ဘာအကြောင်းပြချက်မှ မလိုတော့ပါဘူး

ဝေးသွားကြပြီဆိုမှတော့ ဝေးသွားကြပြီပေ့ါ ဘာအကြောင်းပြချက်မှ မလိုတော့ပါဘူး

ချစ်နေခဲ့တုန်းက ဖူးစာဆိုပြီးပျော်ခဲ့သလောက် ဝေးသွားမှတော့ ဝဋ်ကြွေးဆိုပြီးတော့ မအော်တော့ပါဘူး ဘာပဲဖြစ်ဖြစ် မင်းနဲ့ဆုံခွင့်ရခဲ့တဲ့ ခဏတာလေးအတွက်လဲ ကျေးဇူးတင်ပါတယ် ဒဏ်ရာတွေ ပေးခဲ့တာတောင် ပျော်စေခဲ့ဖူးတဲ့ အမှတ်တရတွေပဲ သတိတရနဲ့ အမှတ်ရနေမိတာလေ …

ဘာလို့ချစ်တာလဲဆိုတဲ့ မေးခွန်းကို ဒီတိုင်းပဲလို့ဖြေခဲ့သလိုပဲပေါ့ ဘာကြောင့်ဝေးသွားကြတာလဲမေးရင်တော့ ဒီတိုင်းပါပဲလို့ ပြန်ဖြေစရာအဖြေပဲ ရှိတော့တယ် ဘာကြောင့်ဆိုတာမှန်း ကိုယ်ကိုယ်တိုင်တောင် မသိခဲ့ရတဲ့ အဖြစ်တွေလေ … မချစ်ချင်တော့ဘူးဆိုတဲ့ ခေါင်းစဉ်အောက်မှာ အထွန့်မတက်ပဲ ကျန်ခဲ့တဲ့သူပေါ့ ။

ပြောင်းလဲလာခဲ့မှန်းသိပေမယ့် အရင်လိုမဟုတ်တော့ဘူးနော်ဆိုတဲ့ စကားတွေနဲ့လဲ ရန်မရှာခဲ့ပါဘူး သူ မပြောချင်တဲ့အချိန် နှုတ်ဆိတ်နေပေးခဲ့ပြီး သူခေါ်တဲ့အချိန် ပြုံးပြုံးရီရီနဲ့ အမြဲရှိနေပေးခဲ့တာပဲလေ နည်းနည်းလေးတောင် မငြူစူခဲ့ဘူးလို့ပြောရင် ပိုတယ် ဖြစ်ဦးမယ် တကယ်ပါ သူ့ကိုဆို အမြဲနားလည်ပြီး ချစ်ပေးခဲ့တာ ။

ဒါပေမယ့် အချိန်တွေတန်တော့လဲ လာရာလမ်းအတိုင်း ပြန်မယ့်လူက ပြန်တာပါပဲ ။ ဘယ်လောက်နားလည်ပေးခဲ့ နားလည်ပေးခဲ့ နားလည်ပေးခဲ့တဲ့သူသာ အရူးဖြစ်သွားတာ ။ ဘယ်လောက်ပဲ ချစ်ခဲ့ချစ်ခဲ့ ချစ်ခဲ့တဲ့သူသာ အနာဂတ်တွေ မဲ့သွားတာ နောက်ဆုံး အဆုံးသတ်တွေက အကြောင်းပြချက်တွေမရှိတဲ့ လမ်းခွဲခြင်းတွေပဲလေ ။

ဝေးတာကတော့ ဝေးသွားပါပြီ ဘာကြောင့်လဲလို့မေးမယ်ဆိုရင်တော့ ဒီတိုင်းပေါ့ ဝေးသွားကြပြီဆိုမှ​တော့ ဝေးသွားကြပြီပဲပေါ့ ကိုယ့်မှာ ဘာတတ်နိုင်ဦးမှာလဲ ပြီးတော့ ဘာအကြောင်းပြချက်တွေလိုနေဦးမှာလဲ ။

သျှင်ယွန်း

ေဝးသြားၾကၿပီဆိုမွေတာ့ ေဝးသြားၾကၿပီေပ့ါ ဘာအေၾကာင္းျပခ်က္မွ မလိုေတာ့ပါဘူး

ခ်စ္ေနခဲ့တုန္းက ဖူးစာဆိုၿပီးေပ်ာ္ခဲ့သေလာက္ ေဝးသြားမွေတာ့ ဝဋ္ေႂကြးဆိုၿပီးေတာ့ မေအာ္ေတာ့ပါဘူး ဘာပဲျဖစ္ျဖစ္ မင္းနဲ႔ဆုံခြင့္ရခဲ့တဲ့ ခဏတာေလးအတြက္လဲ ေက်းဇူးတင္ပါတယ္ ဒဏ္ရာေတြ ေပးခဲ့တာေတာင္ ေပ်ာ္ေစခဲ့ဖူးတဲ့ အမွတ္တရေတြပဲ သတိတရနဲ႔ အမွတ္ရေနမိတာေလ …

ဘာလို႔ခ်စ္တာလဲဆိုတဲ့ ေမးခြန္းကို ဒီတိုင္းပဲလို႔ေျဖခဲ့သလိုပဲေပါ့ ဘာေၾကာင့္ေဝးသြားၾကတာလဲေမးရင္ေတာ့ ဒီတိုင္းပါပဲလို႔ ျပန္ေျဖစရာအေျဖပဲ ရွိေတာ့တယ္ ဘာေၾကာင့္ဆိုတာမွန္း ကိုယ္ကိုယ္တိုင္ေတာင္ မသိခဲ့ရတဲ့ အျဖစ္ေတြေလ … မခ်စ္ခ်င္ေတာ့ဘူးဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ အထြန႔္မတက္ပဲ က်န္ခဲ့တဲ့သူေပါ့ ။

ေျပာင္းလဲလာခဲ့မွန္းသိေပမယ့္ အရင္လိုမဟုတ္ေတာ့ဘူးေနာ္ဆိုတဲ့ စကားေတြနဲ႔လဲ ရန္မရွာခဲ့ပါဘူး သူ မေျပာခ်င္တဲ့အခ်ိန္ ႏႈတ္ဆိတ္ေနေပးခဲ့ၿပီး သူေခၚတဲ့အခ်ိန္ ၿပဳံးၿပဳံးရီရီနဲ႔ အၿမဲရွိေနေပးခဲ့တာပဲေလ နည္းနည္းေလးေတာင္ မျငဴစူခဲ့ဘူးလို႔ေျပာရင္ ပိုတယ္ ျဖစ္ဦးမယ္ တကယ္ပါ သူ႔ကိုဆို အၿမဲနားလည္ၿပီး ခ်စ္ေပးခဲ့တာ ။

ဒါေပမယ့္ အခ်ိန္ေတြတန္ေတာ့လဲ လာရာလမ္းအတိုင္း ျပန္မယ့္လူက ျပန္တာပါပဲ ။ ဘယ္ေလာက္နားလည္ေပးခဲ့ နားလည္ေပးခဲ့ နားလည္ေပးခဲ့တဲ့သူသာ အ႐ူးျဖစ္သြားတာ ။ ဘယ္ေလာက္ပဲ ခ်စ္ခဲ့ခ်စ္ခဲ့ ခ်စ္ခဲ့တဲ့သူသာ အနာဂတ္ေတြ မဲ့သြားတာ ေနာက္ဆုံး အဆုံးသတ္ေတြက အေၾကာင္းျပခ်က္ေတြမရွိတဲ့ လမ္းခြဲျခင္းေတြပဲေလ ။

ေဝးတာကေတာ့ ေဝးသြားပါၿပီ ဘာေၾကာင့္လဲလို႔ေမးမယ္ဆိုရင္ေတာ့ ဒီတိုင္းေပါ့ ေဝးသြားၾကၿပီဆိုမွေတာ့ ေဝးသြားၾကၿပီပဲေပါ့ ကိုယ့္မွာ ဘာတတ္ႏိုင္ဦးမွာလဲ ၿပီးေတာ့ ဘာအေၾကာင္းျပခ်က္ေတြလိုေနဦးမွာလဲ ။

သွ်င္ယြန္း