ပစ်ထားတဲ့သူက ပစ်ထားမှတော့ နေနိုင်အောင် နေရတာပေါ့

ပစ်ထားတဲ့သူက ပစ်ထားမှတော့ နေနိုင်အောင် နေရတာပေါ့

မနေနိုင်လို့ပါဆိုပြီး တွယ်ကပ်နေလို့လဲ မဖြစ်တော့ဘူးလေ အဲ့လိုပုံစံမျိုးတွေ အချိန်တွေ အများကြီးဖြုန်းခဲ့မိသလို နေရက်တွေအများကြီးမှာ ဒဏ်ရာတွေနဲ့ ပြီးတော့ နာကျင်စရာတွေ ဖြတ်သန်းရင်ကိုယ့်အတွက်ကိုယ် ပျော်အောင်မနေတတ်တော့တာ တစ်နေ့တစ်ရက်လဲ မဟုတ်တော့ဘူး ကိုယ်ဘယ်လောက်ပဲ အရေးပါချင်ပါချင် သူက လဲ အလေးထားဦးမှပေါ့ ။

ကိုယ်ဘယ်လောက်ပဲချစ်ခဲ့ချစ်ခဲ့ တန်ဖိုးမထားတတ်တဲ့သူနဲ့တွေ့တဲ့အခါ အချစ်တွေဟာတန်ဖိုးတွေမဲ့သွားတတ်တယ်တဲ့ အင်း … ကိုယ်ကပဲတန်ဖိုးမထိုက်တန်ဘူးလားလို့ တွေးနေမယ့်အစား အဲ့လိုပြောင်းတွေးလိုက်တာက နည်းနည်းလေး နေသာထိုင်သာ ရှိပါတယ် ။ ပစ်ထားတဲ့သူက ပစ်ထားခဲ့ပြီးပြီပဲ နေနိုင်အောင် နေရတာပေါ့ ။

ချစ်လို့ပါဆိုပြီး အချစ်တစ်ခုတည်းကို ကိုးကွယ်ပြီး ဘ၀ကိုရှေ့ဆက်ချင်နေလို့မှ မရတာ ။ မလိုအပ်တော့ဘူးဆိုတဲ့လူအနားက လှည့်ထွက်နိုင်ဖို့ ကြိုးစားရသလို မလိုချင်ပါဘူးဆိုတဲ့ လူတွေကို မပေးပဲ နေမိအောင် နေရတယ် ။ ဆက်မလာတဲ့ဖုန်းတွေကိုပဲ အချိန်ကုန်ခံပြီး စောင့်နေလို့မှ မဖြစ်တော့တာ စောင့်နေရင်းက ကိုယ့်အတွက် ကိုယ်မေ့နေခဲ့တာ အချိန်အတော်တောင်ကြာပြီလေ ။

သူလဲ သူ့ဘ၀နဲ့သူ ပျော်အောင်နေနေပြီပဲ ကိုယ်လဲ ကိုယ့်ဘ၀နဲ့ကိုယ် အဆင်ပြေအောင် နေနိုင်မှပဲ ရတော့မယ် ပစ်ထားတဲ့သူက ပစ်ထားခဲ့ပြီးပြီပဲ နေနိုင်အောင် နေရမှာပေါ့ ။

သျှင်ယွန်း

ပစ္ထားတဲ့သူက ပစ္ထားမွေတာ့ ေနႏိုင္ေအာင္ ေနရတာေပါ့

မေနႏိုင္လို႔ပါဆိုၿပီး တြယ္ကပ္ေနလို႔လဲ မျဖစ္ေတာ့ဘူးေလ အဲ့လိုပုံစံမ်ိဳးေတြ အခ်ိန္ေတြ အမ်ားႀကီးျဖဳန္းခဲ့မိသလို ေနရက္ေတြအမ်ားႀကီးမွာ ဒဏ္ရာေတြနဲ႔ ၿပီးေတာ့ နာက်င္စရာေတြ ျဖတ္သန္းရင္ကိုယ့္အတြက္ကိုယ္ ေပ်ာ္ေအာင္မေနတတ္ေတာ့တာ တစ္ေန႔တစ္ရက္လဲ မဟုတ္ေတာ့ဘူး ကိုယ္ဘယ္ေလာက္ပဲ အေရးပါခ်င္ပါခ်င္ သူက လဲ အေလးထားဦးမွေပါ့ ။

ကိုယ္ဘယ္ေလာက္ပဲခ်စ္ခဲ့ခ်စ္ခဲ့ တန္ဖိုးမထားတတ္တဲ့သူနဲ႔ေတြ႕တဲ့အခါ အခ်စ္ေတြဟာတန္ဖိုးေတြမဲ့သြားတတ္တယ္တဲ့ အင္း … ကိုယ္ကပဲတန္ဖိုးမထိုက္တန္ဘူးလားလို႔ ေတြးေနမယ့္အစား အဲ့လိုေျပာင္းေတြးလိုက္တာက နည္းနည္းေလး ေနသာထိုင္သာ ရွိပါတယ္ ။ ပစ္ထားတဲ့သူက ပစ္ထားခဲ့ၿပီးၿပီပဲ ေနႏိုင္ေအာင္ ေနရတာေပါ့ ။

ခ်စ္လို႔ပါဆိုၿပီး အခ်စ္တစ္ခုတည္းကို ကိုးကြယ္ၿပီး ဘ၀ကိုေရွ႕ဆက္ခ်င္ေနလို႔မွ မရတာ ။ မလိုအပ္ေတာ့ဘူးဆိုတဲ့လူအနားက လွည့္ထြက္ႏိုင္ဖို႔ ႀကိဳးစားရသလို မလိုခ်င္ပါဘူးဆိုတဲ့ လူေတြကို မေပးပဲ ေနမိေအာင္ ေနရတယ္ ။ ဆက္မလာတဲ့ဖုန္းေတြကိုပဲ အခ်ိန္ကုန္ခံၿပီး ေစာင့္ေနလို႔မွ မျဖစ္ေတာ့တာ ေစာင့္ေနရင္းက ကိုယ့္အတြက္ ကိုယ္ေမ့ေနခဲ့တာ အခ်ိန္အေတာ္ေတာင္ၾကာၿပီေလ ။

သူလဲ သူ႔ဘ၀နဲ႔သူ ေပ်ာ္ေအာင္ေနေနၿပီပဲ ကိုယ္လဲ ကိုယ့္ဘ၀နဲ႔ကိုယ္ အဆင္ေျပေအာင္ ေနႏိုင္မွပဲ ရေတာ့မယ္ ပစ္ထားတဲ့သူက ပစ္ထားခဲ့ၿပီးၿပီပဲ ေနႏိုင္ေအာင္ ေနရမွာေပါ့ ။

သွ်င္ယြန္း