သူ့ကို ချစ်နေတာတွေရဲ့ ဆယ်ပုံပုံ တစ်ပုံလောက်ပဲ ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်ကြည့်စေချင်တယ်။

ကိုယ့်ကို မလိုတဲ့လူတစ်ယောက်အနားရပ်နေပြီးမှ တန်ဖိုးတွေ အကျမခံနဲ့တော့ ။ လွှတ်ချလိုက်ပါဆိုတဲ့စကားတွေမပြောခင် အရင်ဆုံး ဒီထက်ပိုမချစ်မိအောင် ကြိုးစားပြီးနေကြည့်စမ်းပါ မကိုင်ချင်တဲ့ဖုန်းတွေကို မခေါ်နဲ့ မဖြေချင်တဲ့ မေးခွန်းတွေကို မေးမနေနဲ့တော့ ပြီးတော့လေ မသိချင်ယောင်ဆောင်နေတဲ့လူကို သိပ်ချစ်တာပဲဆိုတဲ့စကားတွေ ခဏခဏမပြောနဲ့တော့ ။

ခဏလောက် ရပ်နေပါရစေဦးတဲ့ ဘယ်လောက်ထိလဲ နှစ်တွေ ဘယ်လောက်ကြာတဲ့အထိလဲ တစ်နေ့ကျရင်တော့ နာတတ်သွားမှာပါဆိုတဲ့အတွေးက တကယ့်လက်တွေ့မှာကျ အမြဲမမှန်တတ်ဘူးနော် တကယ်ဆို ကိုယ်ကိုယ်တိုင်ကလဲ နာကျင်ခြင်းတွေကို အမှတ်ထားတတ်ဦးမှလေ ။ သူ့အနားမှာ ရပ်နေတာ ဘယ်လောက်တောင် ကြာနေပြီလဲ ဒဏ်ရာတွေ ထပ်ထပ်တိုးလာတာကလွဲရင် အရာရာက အရင်လိုပဲ ကိုယ်ဟာသူ့အတွက် တန်ဖိုးမဲ့နေတုန်းပဲ မဟုတ်လား ။

လွှတ်ချလိုက််တော့ မေ့ပစ်လိုက်တော့ မချစ်နဲ့တော့ဆိုပြီး တားမရရင်တောင် ဒီထက်ပိိုပြီး ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ဖို့ သင့်မနေတော့ဘူး အဲ့ဒီနေရာမှာပဲ ခဏလောက် ရပ်နေချင်သေးတယ်ဆိိုရင် ခဏတော့ရပ်ပါ ဒါပေမယ့် နောက်ထပ် နှစ်တွေ ထပ်မကြာစေနဲ့တော့ ကိုယ့်အတွက်ကိုယ် တွေးရဦးမယ် ပြီးတော့ ကိုယ့်အတွက်ကိုယ် ပြန်ကြည့်ရဦးမယ် ။

သူ ငါ့ကို တကယ်ချစ်တာပါဆိုပြီး ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေသရွေ့ သူငါ့ကို တန်ဖိုးမထားပါလားဆိုတဲ့ အမှန်တရားကို မြင်လာမှာမဟုတ်ဘူး သိလာမှာမဟုတ်ဘူး ခဏလောက်ဖြစ်ဖြစ် လှည့်ထွက်ခဲ့လိုက်ပါ ပြီးတော့ ကိုယ်မရှိလဲ အဆင်ပြေနေတဲ့ သူ့ကိုလှမ်းကြည့်ပြီး ငါမရှိတော့ရုံတစ်ခုပဲ ရှိတာ အရာရာက ပုံမှန်အတိုင်း လည်ပတ်နေပါလားဆိုတဲ့အမှန််တရားကို တဖြေးဖြေးချင်းတော့ သိနားလည်လာလိမ့်မယ် ။

အများကြီးမဟုတ်ပါဘူး … သူ့ကို ချစ်နေတာတွေရဲ့ ဆယ်ပုံပုံ တစ်ပုံလောက်ပဲ ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်ကြည့်စေချင်တယ်။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကိုယ့္ကို မလိုတဲ့လူတစ္ေယာက္အနားရပ္ေနၿပီးမွ တန္ဖိုးေတြ အက်မခံနဲ႔ေတာ့ ။ လႊတ္ခ်လိုက္ပါဆိုတဲ့စကားေတြမေျပာခင္ အရင္ဆုံး ဒီထက္ပိုမခ်စ္မိေအာင္ ႀကိဳးစားၿပီးေနၾကည့္စမ္းပါ မကိုင္ခ်င္တဲ့ဖုန္းေတြကို မေခၚနဲ႔ မေျဖခ်င္တဲ့ ေမးခြန္းေတြကို ေမးမေနနဲ႔ေတာ့ ၿပီးေတာ့ေလ မသိခ်င္ေယာင္ေဆာင္ေနတဲ့လူကို သိပ္ခ်စ္တာပဲဆိုတဲ့စကားေတြ ခဏခဏမေျပာနဲ႔ေတာ့ ။

ခဏေလာက္ ရပ္ေနပါရေစဦးတဲ့ ဘယ္ေလာက္ထိလဲ ႏွစ္ေတြ ဘယ္ေလာက္ၾကာတဲ့အထိလဲ တစ္ေန႔က်ရင္ေတာ့ နာတတ္သြားမွာပါဆိုတဲ့အေတြးက တကယ့္လက္ေတြ႕မွာက် အၿမဲမမွန္တတ္ဘူးေနာ္ တကယ္ဆို ကိုယ္ကိုယ္တိုင္ကလဲ နာက်င္ျခင္းေတြကို အမွတ္ထားတတ္ဦးမွေလ ။ သူ႔အနားမွာ ရပ္ေနတာ ဘယ္ေလာက္ေတာင္ ၾကာေနၿပီလဲ ဒဏ္ရာေတြ ထပ္ထပ္တိုးလာတာကလြဲရင္ အရာရာက အရင္လိုပဲ ကိုယ္ဟာသူ႔အတြက္ တန္ဖိုးမဲ့ေနတုန္းပဲ မဟုတ္လား ။

လႊတ္ခ်လိုက္္ေတာ့ ေမ့ပစ္လိုက္ေတာ့ မခ်စ္နဲ႔ေတာ့ဆိုၿပီး တားမရရင္ေတာင္ ဒီထက္ပိိုၿပီး ကိုယ့္ကိုယ္ကိုယ္ ႏွိပ္စက္ဖို႔ သင့္မေနေတာ့ဘူး အဲ့ဒီေနရာမွာပဲ ခဏေလာက္ ရပ္ေနခ်င္ေသးတယ္ဆိိုရင္ ခဏေတာ့ရပ္ပါ ဒါေပမယ့္ ေနာက္ထပ္ ႏွစ္ေတြ ထပ္မၾကာေစနဲ႔ေတာ့ ကိုယ့္အတြက္ကိုယ္ ေတြးရဦးမယ္ ၿပီးေတာ့ ကိုယ့္အတြက္ကိုယ္ ျပန္ၾကည့္ရဦးမယ္ ။

သူ ငါ့ကို တကယ္ခ်စ္တာပါဆိုၿပီး ကိုယ့္ကိုယ္ကိုယ္ လိမ္ညာေနသေ႐ြ႕ သူငါ့ကို တန္ဖိုးမထားပါလားဆိုတဲ့ အမွန္တရားကို ျမင္လာမွာမဟုတ္ဘူး သိလာမွာမဟုတ္ဘူး ခဏေလာက္ျဖစ္ျဖစ္ လွည့္ထြက္ခဲ့လိုက္ပါ ၿပီးေတာ့ ကိုယ္မရွိလဲ အဆင္ေျပေနတဲ့ သူ႔ကိုလွမ္းၾကည့္ၿပီး ငါမရွိေတာ့႐ုံတစ္ခုပဲ ရွိတာ အရာရာက ပုံမွန္အတိုင္း လည္ပတ္ေနပါလားဆိုတဲ့အမွန္္တရားကို တေျဖးေျဖးခ်င္းေတာ့ သိနားလည္လာလိမ့္မယ္ ။

အမ်ားႀကီးမဟုတ္ပါဘူး … သူ႔ကို ခ်စ္ေနတာေတြရဲ႕ ဆယ္ပုံပုံ တစ္ပုံေလာက္ပဲ ကိုယ့္ကိုယ္ကိုယ္ ျပန္ခ်စ္ၾကည့္ေစခ်င္တယ္။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း

Item added to cart.
0 items - Ks0.00