ကျွန်မက ချစ်ပဲချစ်တတ်ခဲ့တာ…..

ကျွန်မက ချစ်ပဲချစ်တတ်ခဲ့တာ နှစ်ယောက်ယှဉ်ပြီး မလုတတ်ခဲ့ဘူး ။ ချစ်ခဲ့တုန်းက … ဈေးတွေ ပေါခဲ့မိတယ် စပြီးမခေါ်တဲ့အခါ ကိုယ့်ဘက်က အရင်စပြီးခေါ်တယ်

မာနတွေ ထားဖို့လိုလို့လာဆိုတဲ့အတွေးနဲ့ ကျွန်မက ချစ်နေတဲ့သူပဲ ဆိုတဲ့ အတွေးနဲ့ ကျွန်မ ဘယ်တုန်းကမှ မာနထားရမယ်ဆိုတဲ့အသိတွေ မရှိခဲ့ဘူး အဲ့ဒီအချိန် ကိုယ်တစ်ယောက်တည်း ဘေးနားရှိနေလိမ့်မယ်လို့ ထင်ခဲ့တာ ။

တကယ့်တကယ်တမ်းကျတော့ …

ကျွန်မတို့ဇာတ်လမ်းမှ ကျွန်မတို့နှစ်ယောက်တည်းနဲ့ ပြီးမသွားဘူး နောက်ထပ်တစ်ယောက် ထပ်ရှိလာခဲ့တယ် ။ ကျွန်မ ချစ်ပဲ ချစ်တတ်ခဲ့တာ ပြိုင်ပြီးလုရလောက်တဲ့ထိတော့ မာနတွေ မမဲ့သေးဘူး ။ ကိုယ်ပဲ ရှိနေပါလားဆိုတဲ့အသိနဲ့ သိပ်ချစ်နေမိတာ နောက်တစ်ယောက်ရှိနေမှန်းသိရင် အစောကြီးကတည်းက နောက်ဆုတ်ပစ်တာပေါ့ ။

ကျွန်မက ချစ်ဖို့ပဲ သိတဲ့မိန်းမပါ … နှစ်ယောက်ပြိုင်ပြီးလုရမယ့်အဖြစ်ဆို ကျွန်မပဲ အရင်ပဲ လက်ပြခဲ့မယ် ။ ဒီဇာတ်လမ်း ဒီမှာပဲ တစ်ခန်းရပ်ပေါ့ ။

သျှင်ယွန်း