ကိုယ့်ကိုယ်ကိုယ်လဲ သနားပါဦး . . .

နာကျင်စေမှန်းသိရဲ့နဲ့ မပြတ်မသားနဲ့ ဆက်ပြီးဆုတ်ကိုင်ထားတာ မပင်ပန်းလွန်းဘူးလား ဒဏ်ရာဒဏ်ချက်တွေ​​ကော ဘယ်လောက်များခဲ့ရပြီးပြီလဲ စိတ်မနာတတ်လို့များလား ခံနိုင်ရည်ပဲ သိပ်ရှိလွန်းနေတာလား တစ်ခါတစ်လေကျပြန်တော့လဲ ကိုယ့်ကိုယ်ကိုယ် မှန်ထဲကြည့်ပြီး ဘယ်လောက်သနားစရာကောင်းနေလဲဆိုတာ ပြန်ကြည့်ပါဦး ။

အပေါ်ယံတွေကို အတည်ကြီးတွေထင်ပြီး အနာဂတ်တွေအ ထိ စိတ်ကူးတွေထိုင်ယဥ်ခဲ့မိတာတွေ လိုချင်တာရှိလို့ ပြုံးရယ်ပြနေတာကို ကိုယ့်ကို လိုအပ်လွန်းနေတယ်လို့ အပိုတွေ တွေးထင်ခဲ့မိတာတွေ ​ကုန်ကုန်ပြောရရင် ကိုယ့်ကို လှည့်စားနေတာကို အချစ်စစ်လို့ ခေါင်းစဥ်တပ်မိတာတွေ သေချာပြန်စဥ်းစားကြည့်ပါဦး တစ်ဖန်ပြန်ပြီး ကိုယ့်ကိုကိုယ်လဲ သနားပါဦး ။

ကိုယ်မရှိရင် ဘယ်လိုများနေမလဲလို့ တွေးခဲ့သလို ဘယ်သူကမှ ကိုယ်ဘယ်လောက်များ ပင်ပန်းနေမလဲလို့ မတွေးခဲ့ကြပါဘူး ကိုယ့်အတွက် ကိုယ်ကိုယ်တိုင်ပဲ ပြန်လှည့်ကြရမှာလေ ကိုယ်လဲကျတဲ့အခါ ကိုယ်အဆင်မပြေတဲ့အခါ ဘယ်သူများရှိလို့လဲ ကိုယ်ကိုယ်တိုင်ပဲ ပြန်ရုန်းထရမှာလေ မဟုတ်ဘူးလား
တစ်ကြိမ်တစ်ခါတည်းပါ တခြားသူဘ၀တွေကိုပဲ စာနာပြီး တစ်ခြားသူတစ်ယောက်ကိုပဲ နားလည်ဖို့ ကြိုးစားရင်းနဲ့ အချိန်တွေ အများကြီး မဖြုန်းမိပါစေနဲ့

ကိုယ်ကိုယ်တိုင်လဲ မေးခွန်းလေးတစ်ခု မေးကြည့်ပါ ငါ ရော တကယ်ပျော်နေရဲ့လား ဆိုတဲ့မေးခွန်းမျိုးပေါ့ ။

သျှင်ယွန်း