အချစ်ပဲ ဖြစ်ဖြစ် စေတနာပဲ ဖြစ်ဖြစ် အပေးများသွားရင် လူပေးမှားသွားရင် တန်ဖိုးတွေ မဲ့သွားတတ်တယ်

ကိုယ်ဘယ်လောက်ပဲ စေတနာထားထား နားမလည်တဲ့သူနဲ့ ကြုံဖူးခဲ့လိမ့်မယ် ။ ကိုယ်ဘယ်လောက်ပဲချစ်ချစ် တန်ဖိုးမထားတဲ့သူနဲ့ တွေ့ဖူးလိမ့်မယ် ။ အဲ့တာ အပေးများသွားလို့ ဒါမှမဟုတ် လူပေးမှားသွားခဲ့တာပါ ။

အပေးများသွားတယ်ဆိုတာက … ကိုယ့်ဆီကနေ တောင်းစရာမလိုပဲ မျက်နှာလေး ညိုးလာရုံနဲ့ ဂရုစိုက်ပေးမိခဲ့တာတွေလဲပါတယ် ။ အမှားတွေရှိလာတဲ့အခါ တောင်းပန်စရာမလို ခွင့်လွှတ်ပေးခဲ့မိတာတွေလဲပါတယ် ။ ပြီးတော့ ချစ်လားလို့မမေးပဲနဲ့ ချစ်ပြခဲ့မိတာတွေ ပါတယ် ။ အမြဲတမ်းရနေတဲ့အခါ လူတွေဟာ တန်ဖိုးမသိ ဖြစ်သွားတတ်တာဟာလဲ သဘာဝပဲလေ ။ တန်ဖိုးထားစရာမလိုဘူးလို့ ထင်သွားတတ်ကြတာ များတယ် ။

မိန်းမသားတို့အတွက် ကျွန်မဘဝနှင့်ရင်းပြီးရခဲ့သော သင်ခန်းစာများ – သျှင်ယွန်း စာအုပ် City Mart နှင့် Ocean ဆိုင်တိုင်းတွင် ဝယ်ယူလို့ရပါပြီ

လူပေးမှားသွားတဲ့အခါတဲ့ သိပ်ကိုထက်မြက်ပါတယ်ဆိုတဲ့ မိန်းကလေးတွေတောင် အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်မှ ကျရှုံးတတ်ကြတယ် ။ ဒါပေမယ့် ကိုယ်ညံ့ခဲ့တာမဟုတ်ဘူး တစ်ဖက်က သိပ်ကိုတော်လွန်းခဲ့တာပါ ။

ချစ်ပြချင်ယောင်ဆောင်တဲ့နေရာမှာ အလိမ်အညာမှန်းမသိအောင် ပိရိခဲ့ရုံမက တကယ်ချစ်တယ်လိုထင်ရလောက်တဲ့ထိကို သရုပ်ဆောင်တွေ ကောင်းခဲ့တာလေ ။ ရုပ်ရှင်လောကမှာမှ မဟုတ်ပဲ တကယ့်ဘဝတွေမှာပါ အကယ်ဒမီတွေပေးလို့ရရင် ကျွန်မကို နာကျင်စေခဲ့တဲ့ရှင့်ကို အဲ့ဒီအကယ်ဒမီပေးချင်တယ် ။

အချစ်ပဲ ဖြစ်ဖြစ် စေတနာပဲ ဖြစ်ဖြစ် အပေးများသွားရင် လူပေးမှားသွားရင် တန်ဖိုးတွေ မဲ့သွားတတ်တယ် ။ မမေ့နဲ့ ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

ကိုယ္ဘယ္ေလာက္ပဲ ေစတနာထားထား နားမလည္တဲ့သူနဲ႔ ႀကဳံဖူးခဲ့လိမ့္မယ္ ။ ကိုယ္ဘယ္ေလာက္ပဲခ်စ္ခ်စ္ တန္ဖိုးမထားတဲ့သူနဲ႔ ေတြ႕ဖူးလိမ့္မယ္ ။ အဲ့တာ အေပးမ်ားသြားလို႔ ဒါမွမဟုတ္ လူေပးမွားသြားခဲ့တာပါ ။

အေပးမ်ားသြားတယ္ဆိုတာက … ကိုယ့္ဆီကေန ေတာင္းစရာမလိုပဲ မ်က္ႏွာေလး ညိဳးလာ႐ုံနဲ႔ ဂ႐ုစိုက္ေပးမိခဲ့တာေတြလဲပါတယ္ ။ အမွားေတြရွိလာတဲ့အခါ ေတာင္းပန္စရာမလို ခြင့္လႊတ္ေပးခဲ့မိတာေတြလဲပါတယ္ ။ ၿပီးေတာ့ ခ်စ္လားလို႔မေမးပဲနဲ႔ ခ်စ္ျပခဲ့မိတာေတြ ပါတယ္ ။ အၿမဲတမ္းရေနတဲ့အခါ လူေတြဟာ တန္ဖိုးမသိ ျဖစ္သြားတတ္တာဟာလဲ သဘာ၀ပဲေလ ။ တန္ဖိုးထားစရာမလိုဘူးလို႔ ထင္သြားတတ္ၾကတာ မ်ားတယ္ ။

မိန္းမသားတို႔အတြက္ ကၽြန္မဘ၀ႏွင့္ရင္းျပီးရခဲ့ေသာ သင္ခန္းစာမ်ား – သွ်င္ယြန္း စာအုပ္ City Mart ႏွင့္ Ocean ဆိုင္တုိင္းတြင္ ၀ယ္ယူလို႔ရပါျပီ

လူေပးမွားသြားတဲ့အခါတဲ့ သိပ္ကိုထက္ျမက္ပါတယ္ဆိုတဲ့ မိန္းကေလးေတြေတာင္ အခ်စ္ဆိုတဲ့ ေခါင္းစဥ္ေအာက္မွ က်ရႈံးတတ္ၾကတယ္ ။ ဒါေပမယ့္ ကိုယ္ညံ့ခဲ့တာမဟုတ္ဘူး တစ္ဖက္က သိပ္ကိုေတာ္လြန္းခဲ့တာပါ ။

ခ်စ္ျပခ်င္ေယာင္ေဆာင္တဲ့ေနရာမွာ အလိမ္အညာမွန္းမသိေအာင္ ပိရိခဲ့႐ုံမက တကယ္ခ်စ္တယ္လိုထင္ရေလာက္တဲ့ထိကို သ႐ုပ္ေဆာင္ေတြ ေကာင္းခဲ့တာေလ ။ ႐ုပ္ရွင္ေလာကမွာမွ မဟုတ္ပဲ တကယ့္ဘ၀ေတြမွာပါ အကယ္ဒမီေတြေပးလို႔ရရင္ ကြၽန္မကို နာက်င္ေစခဲ့တဲ့ရွင့္ကို အဲ့ဒီအကယ္ဒမီေပးခ်င္တယ္ ။

အခ်စ္ပဲ ျဖစ္ျဖစ္ ေစတနာပဲ ျဖစ္ျဖစ္ အေပးမ်ားသြားရင္ လူေပးမွားသြားရင္ တန္ဖိုးေတြ မဲ့သြားတတ္တယ္ ။ မေမ့နဲ႔ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း