ကျောခိုင်းလိုက်တယ်ဆိုတာ မုန်းသွားလို့မှမဟုတ်တာ

ပေါင်းဖက်ကြတယ်ဆိုတိုင်း အရမ်းချစ်လို့ချည်းမဟုတ်သလို ကျောခိုင်းသွားတယ်ဆိုတိုင်း မုန်းသွားလို့ မဟုတ်ပါဘူး

အေးစက်သွားတဲ့ ဆက်ဆံရေးကို ပြန်ပြီးနွေးထွေးလာအောင် မလုပ်နိုင်တော့ဘူးလို့ ယုံကြည်သွားခဲ့မိလို့ပါ တတ်နိုင်တာထက်ပိုပြီး ကြိုးစားခဲ့သလို ပေးနိုင်တာတွေထက်လဲ ပိုပေးခဲ့တာပဲလေ

မထိုက်တန်လို့ ရမလာခဲ့တာပဲနေမှာဆိုပြီး ဆုံးဖြတ်ချက်တွေချစ်လိုက်ဖို့ ဘယ်လောက် နာကျင်ခဲ့ရလဲဆိုတာ နည်းနည်းလေးများ ရိပ်မိခဲ့ဖူးလား ကိုယ်တတ်နိုင်သမျှ ဆက်ပြီးဆွဲထားဖို့လဲ ကြိုးစားခဲ့ဖူးပါတယ် နောက်ဆုံးလှည့်မထွက်ခင်အထိ မျှော်လင့်ခဲ့မိတာပါ

ဝန်ခံပါတယ် သိပ်ချစ်တယ်ဆိုတာထက်လဲပိုပါတယ် . . . ပေါင်းဖက်ရဖို့ဆိုတာကလဲ ကိုယ်အမြဲတစေ တောင်းခဲ့ဖူးတဲ့ ဆုတစ်ခုပါ ဘယ်လောက်ပဲ လိုချင် လိုချင် ရမလာတတ်တဲ့ လောကကြီးမှာ ဆက်ပြီးမမျှော်လင့်တော့ဖို့ ဒဏ်ရာဒဏ်ချက် ဘယ်လောက်များခဲ့သလဲဆိုတာ စာနာခဲ့ဖူးရဲ့လား

ကိုယ် အေးစက်သွားခဲ့တာကိုပဲ မြင်တာပါ တိတ်ဆိတ်နေတဲ့ ဆက်ဆံရေးတစ်ခုမှ အချိန်ဘယ်လောက်ကြာကြာ အသက်မဲ့ခဲ့ဖူးသလဲ ဘယ်သူမှ မသိပါဘူး မိန်းကလေးတစ်ယောက်ပါ

တစ်ယောက်တည်းကိုပဲချစ်ပြီး အဲ့ဒီချစ်တဲ့သူကိုပဲ ပေါင်းဖက်ချင်ကြတာ မိန်းကလေးတိုင်းရဲ့ စိတ်ကူးပဲ ကျွန်မလဲ စိတ်ကူးတွေ ယဉ်ခဲ့ဖူးတဲ့ မိန်းကလေးတစ်ဦးပါပဲ

မိန်းမသားတို့အတွက် ကျွန်မဘဝနှင့်ရင်းပြီးရခဲ့သော သင်ခန်းစာများ – သျှင်ယွန်း စာအုပ် City Mart နှင့် Ocean ဆိုင်တိုင်းတွင် ဝယ်ယူလို့ရပါပြီ

ကံအကြောင်းမလှလို့ ဝေးရတယ်လို့ပဲမှတ်ပါတယ် ဘယ်အပြစ်မျိုးမှ ထုတ်ပြီး မပြောတော့ဘူး ကျွန်မပဲ မှားတယ် ကျွန်မပဲ ရက်စက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေလဲ လေကုန်ခံပြီး မရှင်းပြတော့ဘူး

တစ်နေ့ တကယ် ချစ်တတ်လာတဲ့တစ်နေ့ရောက်ရင် ကျွန်မ ဘယ်လောက်ချစ်ခဲ့ဖူးလဲ စာနာပါလိမ့်မယ် ပြီးတော့ ဘယ်လောက်ပင်ပန်းခဲ့လဲ နားလည်လာပါလိမ့်မယ်

မုန်းလို့ လက်ပြ နှုတ်ဆက်လိုက်တာမှ မဟုတ်တာ ဆက်ပြီး နာကျင်နေဖို့ ခံနိုင်ရည်အားမရှိတော့တာ . . . သိက္ခာတွေ ကုန်တဲ့အထိ ချစ်ခဲ့ပြီးသလို မာနတွေ မကျန်တော့တဲ့အထိ အနားနားနေခဲ့ပြီးပြီလေ

ဝဋ်ကြွေးဆိုလဲ ကျေလောက်ပြီလို့ ထင်ပါတယ် ဆက်ပြီး စောင့်နေ မျှော်လင့်နေဖို့ နောက်ထပ်အင်အားတွေ ကျွန်မမှာ မရှိတော့လို့ ကျွန်မ လှည့်ထွက်ခဲ့တာပါ ရှင်လဲ ပျော်ပါစေပေါ့ ကျွန်မလဲ လွတ်လပ်ပါစေဆိုတဲ့ ဆန္ဒတစ်ခုပဲ ရှိတာပါ ။

ပေါင်းဖက်ကြတယ်ဆိုတိုင်း ချစ်ကြလိုမှ မဟုတ်တာ အဲ့လိုပါပဲ ဝေးသွားကြတယ်ဆိုတိုင်းလဲ မုန်းသွားလို့မှ မဟုတ်တာ အပြုံးလေးနဲ့ပဲ ဒိတိုင်းလေး ဝေးသွားရုံပါပဲ ဘာအပြစ်ဘာအနာအဆာမှ မဖွဲ့လိုပါဘူး ကျွန်မသာ ခံနိုင်ရည်မရှိတော့တာပါ

ကိုယ်သိပ်ချစ်ခဲ့တဲ့လူကို သိပ်မုန်းသွားမှာထက်စာရင် ဒီတိုင်းလေး ဝေးသွားတာက ပိုကောင်းပါတယ် ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

ေပါင္းဖက္ၾကတယ္ဆိုတိုင္း အရမ္းခ်စ္လိို႔ခ်ည္းမဟုတ္သလို ေက်ာခိုင္းသြားတယ္ဆိုတိုင္း မုန္းသြားလို႔ မဟုတ္ပါဘူး

ေအးစက္သြားတဲ့ ဆက္ဆံေရးကို ျပန္ၿပီးေႏြးေထြးလာေအာင္ မလုပ္ႏိုင္ေတာ့ဘူးလို႔ ယုံၾကည္သြားခဲ့မိလို႔ပါ တတ္ႏိုင္တာထက္ပိုၿပီး ႀကိဳးစားခဲ့သလို ေပးႏိုင္တာေတြထက္လဲ ပိုေပးခဲ့တာပဲေလ

မထိုက္တန္လို႔ ရမလာခဲ့တာပဲေနမွာဆိုၿပီး ဆုံးျဖတ္ခ်က္ေတြခ်စ္လိုက္ဖို႔ ဘယ္ေလာက္ နာက်င္ခဲ့ရလဲဆိုတာ နည္းနည္းေလးမ်ား ရိပ္မိခဲ့ဖူးလား ကိုယ္တတ္ႏိုင္သမွ် ဆက္ၿပီးဆြဲထားဖို႔လဲ ႀကိဳးစားခဲ့ဖူးပါတယ္ ေနာက္ဆုံးလွည့္မထြက္ခင္အထိ ေမွ်ာ္လင့္ခဲ့မိတာပါ

၀န္ခံပါတယ္ သိပ္ခ်စ္တယ္ဆိုတာထက္လဲပိုပါတယ္ . . . ေပါင္းဖက္ရဖို႔ဆိုတာကလဲ ကိုယ္အၿမဲတေစ ေတာင္းခဲ့ဖူးတဲ့ ဆုတစ္ခုပါ ဘယ္ေလာက္ပဲ လိုခ်င္ လိုခ်င္ ရမလာတတ္တဲ့ ေလာကႀကီးမွာ ဆက္ၿပီးမေမွ်ာ္လင့္ေတာ့ဖို႔ ဒဏ္ရာဒဏ္ခ်က္ ဘယ္ေလာက္မ်ားခဲ့သလဲဆိုတာ စာနာခဲ့ဖူးရဲ႕လား

ကိုယ္ ေအးစက္သြားခဲ့တာကိုပဲ ျမင္တာပါ တိတ္ဆိတ္ေနတဲ့ ဆက္ဆံေရးတစ္ခုမွ အခ်ိန္ဘယ္ေလာက္ၾကာၾကာ အသက္မဲ့ခဲ့ဖူးသလဲ ဘယ္သူမွ မသိပါဘူး မိန္းကေလးတစ္ေယာက္ပါ

တစ္ေယာက္တည္းကိုပဲခ်စ္ၿပီး အဲ့ဒီခ်စ္တဲ့သူကိုပဲ ေပါင္းဖက္ခ်င္ၾကတာ မိန္းကေလးတိုင္းရဲ႕ စိတ္ကူးပဲ ကြၽန္မလဲ စိတ္ကူးေတြ ယဥ္ခဲ့ဖူးတဲ့ မိန္းကေလးတစ္ဦးပါပဲ

မိန္းမသားတို႔အတြက္ ကၽြန္မဘ၀ႏွင့္ရင္းျပီးရခဲ့ေသာ သင္ခန္းစာမ်ား – သွ်င္ယြန္း စာအုပ္ City Mart ႏွင့္ Ocean ဆိုင္တုိင္းတြင္ ၀ယ္ယူလို႔ရပါျပီ

ကံအေၾကာင္းမလွလို႔ ေဝးရတယ္လို႔ပဲမွတ္ပါတယ္ ဘယ္အျပစ္မ်ိဳးမွ ထုတ္ၿပီး မေျပာေတာ့ဘူး ကြၽန္မပဲ မွားတယ္ ကြၽန္မပဲ ရက္စက္တယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြလဲ ေလကုန္ခံၿပီး မရွင္းျပေတာ့ဘူး

တစ္ေန႔ တကယ္ ခ်စ္တတ္လာတဲ့တစ္ေန႔ေရာက္ရင္ ကြၽန္မ ဘယ္ေလာက္ခ်စ္ခဲ့ဖူးလဲ စာနာပါလိမ့္မယ္ ၿပီးေတာ့ ဘယ္ေလာက္ပင္ပန္းခဲ့လဲ နားလည္လာပါလိမ့္မယ္

မုန္းလို႔ လက္ျပ ႏႈတ္ဆက္လိုက္တာမွ မဟုတ္တာ ဆက္ၿပီး နာက်င္ေနဖို႔ ခံႏိုင္ရည္အားမရွိေတာ့တာ . . . သိကၡာေတြ ကုန္တဲ့အထိ ခ်စ္ခဲ့ၿပီးသလို မာနေတြ မက်န္ေတာ့တဲ့အထိ အနားနားေနခဲ့ၿပီးၿပီေလ

၀ဋ္ေႂကြးဆိုလဲ ​ေက်ေလာက္ၿပီလို႔ ထင္ပါတယ္ ဆက္ၿပီး ေစာင့္ေန ေမွ်ာ္လင့္ေနဖို႔ ေနာက္ထပ္အင္အားေတြ ကြၽန္မမွာ မရွိေတာ့လို႔ ကြၽန္မ လွည့္ထြက္ခဲ့တာပါ ရွင္လဲ ေပ်ာ္ပါေစေပါ့ ကြၽန္မလဲ လြတ္လပ္ပါေစဆိုတဲ့ ဆႏၵတစ္ခုပဲ ရွိတာပါ ။

ေပါင္းဖက္ၾကတယ္ဆိုတိုင္း ခ်စ္ၾကလိုမွ မဟုတ္တာ အဲ့လိုပါပဲ ေဝးသြားၾကတယ္ဆိုတိုင္းလဲ မုန္းသြားလို႔မွ မဟုတ္တာ အၿပဳံးေလးနဲ႔ပဲ ဒိတိုင္းေလး ေဝးသြား႐ုံပါပဲ ဘာအျပစ္ဘာအနာအဆာမွ မဖြဲ႕လိုပါဘူး ကြၽန္မသာ ခံႏိုင္ရည္မရွိေတာ့တာပါ

ကိုယ္သိပ္ခ်စ္ခဲ့တဲ့လူကို သိပ္မုန္းသြားမွာထက္စာရင္ ဒီတိုင္းေလး ေဝးသြားတာက ပိုေကာင္းပါတယ္ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း