အလွန်အကျွံ ချစ်မိသွားတဲ့အခါ

အချစ်လွန်သွားတဲ့အခါ … ကိုယ်ပဲ မျက်ရည်ကျရတတ်တယ် ။

ချစ်တယ်ဆိုတဲ့စကားက သိပ်ကိုလှတာပေါ့

အဲ့ဒီအချစ်တွေအနောက်မှာ မျက်နှာတွေ ညိုးမသွားစေချင်တာတွေ ပျော်နေစေချင်တာတွေ … ကိုယ့်ကို စိတ်ပျက်မသွားစေဖို့ ကျွန်မ အမျိုးမျိုးကြိုးစားခဲ့မိတယ် ။

နားလည်ပေးနိုင်တာတွေထက် ပိုပြီးနားလည်ပေးခဲ့မိတယ် ။ ကိုယ်ကချစ်တာပဲလေ … သူပျော်ရင် ကျေနပ်တယ်ဆိုတဲ့စိတ်နဲ့ … အရိပ်တကြည့်ကြည့်နဲ့ ကျွန်မ ချစ်ပေးခဲ့တယ် ။

အပြင်သွားတော့မယ်ဆိုရင် … ဘာကြောင့်သွားတယ် ဘယ်သူနဲ့သွားမယ် …ဘယ်လောက်ကြာမယ် စသည်ဖြင့်ပေါ့ အစစအရာရာကို သံတော်ဦးတင်ခဲ့မိတယ် …

မိန်းမသားတို့အတွက် ကျွန်မဘဝနှင့်ရင်းပြီးရခဲ့သော သင်ခန်းစာများ – သျှင်ယွန်း စာအုပ် City Mart နှင့် Ocean ဆိုင်တိုင်းတွင် ဝယ်ယူလို့ရပါပြီ

ပြသနာတစ်ခုခုဖြစ်တဲ့အခါ ကိုယ့်ဘက်က ဦးအောင်တောင်းပန်ခဲ့ ဖြေရှင်းခဲ့မိတယ် ။ သူ့ကို ကျွန်မက ချစ်တာကိုး ။

အချစ်ခံရတာ မခံရတာထက် ကျွန်မ ချစ်နေရရင်ကို ကျေနပ်နေခဲ့မိတာလေ .. အဲ့ဒီနေ့ရက်တွေတုန်းက ကျွန်မ သူ့ကို အကျင့်တွေ ဖျက်မိနေမှန်း သတိမထားမိခဲ့ဘူး ။

နောက်ပိုင်းမှ … တဖြေးဖြေးချင်းသိလာခဲ့ရတယ် … ကျွန်မက မိန်းမသားတစ်ယောက်ဆိုတာကို သူသတိမရတော့ဘူး ကျွန်မဟာ သူ့ရဲ့ချစ်သူတစ်ယောက်ဆိုတာ သူသတိမရတော့ဘူး ။ သူမှားမှားမှန်မှန် ခွင့်လွှတ်ပေးရမယ့်လူဟာ ကျွန်မ လို့ သူ့စိတ်ထဲမှာ မှတ်သွားခဲ့ပြီ ။ ကျွန်မ မှားမှားမှန်မှန် တောင်းပန်ရမယ် ဖြေရှင်းရမယ်ဆိုတဲ့အတွေး သူ့ခေါင်းထဲမှာ စွဲသွားခဲ့ပြီ ။

ကျွန်မလဲ ဂရုစိုက်ခံချင်တယ်ဆိုတဲ့ အတွေးတွေ လုံးလုံးလျားလျားပျောက်ကွယ်သွားခဲ့ပြီး .. ဘယ်သူနဲ့ပဲအဆင်မပြေမပြေ အမဲခံရတဲ့သူက ကျွန်မ ဖြစ်လာခဲ့တယ် ။ ကျွန်မရဲ့ နေမဝင်အင်ပါယာကြီးက ကျွန်မကိုယ်တိုင် လောင်စာထည့်ခဲ့တဲ့ ငရဲမှန်း တဖြေးဖြေးချင်း နားလည်သဘောပေါက်လာခဲ့တယ် ။

တကယ်ဆိုရင် … ကျွန်မကိုယ်တိုင်ပဲ မှားခဲ့တာပါ … ဒီငရဲမှာ မီးထိုးခဲ့တဲ့သူကလဲ ကျွန်မကိုယ်တိုင်ပဲလေ … ချစ်တာတစ်ခုတည်းကိုပဲသိခဲ့တဲ့ ခပ်တုံးတုံးကောင်မလေးတစ်ယောက်ရဲ့ အမှားပေါ့ ။ အနာဂတ်တွေ ကြိုမတွေးခဲ့မိဘူး ပြောင်းလဲခြင်းတွေကို ထည့်မတွက်ခဲ့မိဘူး ။

အချစ်ရဲ့ အစနေ့ရက်တွေတုန်းက ကျွန်မက ချစ်နေရတာကိုပဲ အကျေနပ်ကြီးကျေနပ်နေခဲ့မိတာ ။ တကယ်ဆို ကျွန်မ အလွန်အကျွံချစ်ခဲ့မိလို့ ခုချိန်မှာ အလွန်အကျွံနာကျင်နေရတာပါ ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

အခ်စ္လြန္သြားတဲ့အခါ … ကိုယ္ပဲ မ်က္ရည္က်ရတတ္တယ္ ။

ခ်စ္တယ္ဆိုတဲ့စကားက သိပ္ကိုလွတာေပါ့

အဲ့ဒီအခ်စ္ေတြအေနာက္မွာ မ်က္ႏွာေတြ ညိဳးမသြားေစခ်င္တာေတြ ေပ်ာ္ေနေစခ်င္တာေတြ … ကိုယ့္ကို စိတ္ပ်က္မသြားေစဖို႔ ကြၽန္မ အမ်ိဳးမ်ိဳးႀကိဳးစားခဲ့မိတယ္ ။

နားလည္ေပးႏိုင္တာေတြထက္ ပိုၿပီးနားလည္ေပးခဲ့မိတယ္ ။ ကိုယ္ကခ်စ္တာပဲေလ … သူေပ်ာ္ရင္ ေက်နပ္တယ္ဆိုတဲ့စိတ္နဲ႔ … အရိပ္တၾကည့္ၾကည့္နဲ႔ ကြၽန္မ ခ်စ္ေပးခဲ့တယ္ ။

အျပင္သြားေတာ့မယ္ဆိုရင္ … ဘာေၾကာင့္သြားတယ္ ဘယ္သူနဲ႔သြားမယ္ …ဘယ္ေလာက္ၾကာမယ္ စသည္ျဖင့္ေပါ့ အစစအရာရာကို သံေတာ္ဦးတင္ခဲ့မိတယ္ …

မိန္းမသားတို႔အတြက္ ကၽြန္မဘ၀ႏွင့္ရင္းျပီးရခဲ့ေသာ သင္ခန္းစာမ်ား – သွ်င္ယြန္း စာအုပ္ City Mart ႏွင့္ Ocean ဆိုင္တိုင္းတြင္ ၀ယ္ယူလို႔ရပါျပီ

ျပသနာတစ္ခုခုျဖစ္တဲ့အခါ ကိုယ့္ဘက္က ဦးေအာင္ေတာင္းပန္ခဲ့ ေျဖရွင္းခဲ့မိတယ္ ။ သူ႔ကို ကြၽန္မက ခ်စ္တာကိုး ။

အခ်စ္ခံရတာ မခံရတာထက္ ကြၽန္မ ခ်စ္ေနရရင္ကို ေက်နပ္ေနခဲ့မိတာေလ .. အဲ့ဒီေန႔ရက္ေတြတုန္းက ကြၽန္မ သူ႔ကို အက်င့္ေတြ ဖ်က္မိေနမွန္း သတိမထားမိခဲ့ဘူး ။

ေနာက္ပိုင္းမွ … တေျဖးေျဖးခ်င္းသိလာခဲ့ရတယ္ … ကြၽန္မက မိန္းမသားတစ္ေယာက္ဆိုတာကို သူသတိမရေတာ့ဘူး ကြၽန္မဟာ သူ႔ရဲ႕ခ်စ္သူတစ္ေယာက္ဆိုတာ သူသတိမရေတာ့ဘူး ။ သူမွားမွားမွန္မွန္ ခြင့္လႊတ္ေပးရမယ့္လူဟာ ကြၽန္မ လို႔ သူ႔စိတ္ထဲမွာ မွတ္သြားခဲ့ၿပီ ။ ကြၽန္မ မွားမွားမွန္မွန္ ေတာင္းပန္ရမယ္ ေျဖရွင္းရမယ္ဆိုတဲ့အေတြး သူ႔ေခါင္းထဲမွာ စြဲသြားခဲ့ၿပီ ။

ကြၽန္မလဲ ဂ႐ုစိုက္ခံခ်င္တယ္ဆိုတဲ့ အေတြးေတြ လုံးလုံးလ်ားလ်ားေပ်ာက္ကြယ္သြားခဲ့ၿပီး .. ဘယ္သူနဲ႔ပဲအဆင္မေျပမေျပ အမဲခံရတဲ့သူက ကြၽန္မ ျဖစ္လာခဲ့တယ္ ။ ကြၽန္မရဲ႕ ေနမ၀င္အင္ပါယာႀကီးက ကြၽန္မကိုယ္တိုင္ ေလာင္စာထည့္ခဲ့တဲ့ ငရဲမွန္း တေျဖးေျဖးခ်င္း နားလည္သေဘာေပါက္လာခဲ့တယ္ ။

တကယ္ဆိုရင္ … ကြၽန္မကိုယ္တိုင္ပဲ မွားခဲ့တာပါ … ဒီငရဲမွာ မီးထိုးခဲ့တဲ့သူကလဲ ကြၽန္မကိုယ္တိုင္ပဲေလ … ခ်စ္တာတစ္ခုတည္းကိုပဲသိခဲ့တဲ့ ခပ္တုံးတုံးေကာင္မေလးတစ္ေယာက္ရဲ႕ အမွားေပါ့ ။ အနာဂတ္ေတြ ႀကိဳမေတြးခဲ့မိဘူး ေျပာင္းလဲျခင္းေတြကို ထည့္မတြက္ခဲ့မိဘူး ။

အခ်စ္ရဲ႕ အစေန႔ရက္ေတြတုန္းက ကြၽန္မက ခ်စ္ေနရတာကိုပဲ အေက်နပ္ႀကီးေက်နပ္ေနခဲ့မိတာ ။ တကယ္ဆို ကြၽန္မ အလြန္အကြၽံခ်စ္ခဲ့မိလို႔ ခုခ်ိန္မွာ အလြန္အကြၽံနာက်င္ေနရတာပါ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း