ရင်ဘတ်ကြီးနဲ့ ရင်းပြီး ချစ်တတ် ခံစားတတ်တဲ့အကျင့်ကို ပြင်ပါ

ရင်ဘတ်ကြီးနဲ့ ရင်းပြီး ချစ်တတ် ခံစားတတ်တဲ့အကျင့်ကို ပြင်ပါ

လူတစ်ယောက် ကိုယ့်ဘေးနားလာရပ်ရုံနဲ့ တစ်သက်လုံး မထွက်သွားတော့ဘူးလို့ ထင်နေတတ်တဲ့ ​ကောင်မလေးတစ်ယောက် မဖြစ်စေချင်တော့ဘူး ဧည့်သည်ဆိုတာ အချိန်တန်ရင် ပြန်သွားမှာ မျှော်လင့်ချက်တွေကို အသေအချာကြီး ဆုပ်ကိုင်ထားပြီးမှ မျှော်ရနိုးနိုး ပြန်လာနိုးနိုးနဲ့ ဒဏ်ရာတွေ မကျန်စေချင်တော့ဘူး
ဘ၀တစ်ကွေ့ဆိုပေမယ့် လူပေါင်းများစွာနဲ့ ကြုံတွေ့နေရတာ လူတိုင်းဟာ ကိုယ့်အတွေးထဲကလို မဖြူစင်ကြဘူး လူတိုင်းဟာ ကိုယ့်စေနာတွေနဲ့ မထိုက်တန်တတ်ကြဘူး

တချို့တစ်လေလောက်သာ ကိုယ့်ရင်ဘတ်ထဲက စကားလုံးတွေကို ကြားသိနိုင်တယ် မြင်တတ်ကြတယ် ကိုယ်ချင်းစာပေးကြလိမ့်မယ် အဲ့လိုလူမျိုးကလဲ ကိုယ့်အနားမှာရပ်နေတဲ့ လူတစ်ရာထဲမှာမှ တစ်ယောက်ပါဖို့ ခက်တယ်လေ ။
ကိုယ်သာ အတတ်နိုင်ဆုံးဖြူစင် ကိုယ်သာ တတ်နိုင်တာထက် ပိုပေးဆပ်ပြီးမှ နှုတ်ဆက်ခွင့်မရှိတဲ့ လမ်းခွဲခြင်းတွေဘယ်လောက်များ ကြုံတွေခဲ့ပြီးပြီလဲ စကားလုံးလေးတစ်လုံးကအစ အကြည့်တွေအဆုံး အရာရာမှာ ရင်ဘတ်ကြီးနဲ့ မှတ်ပြီး ရင်ဘတ်ကြီးနဲ့ ခံစားနေရတာ အနာတရများလွန်းလှပါတယ်
ဖြစ်နိုင်မယ်ဆိုရင် ဖြစ်နိုင်ရင်ပေါ့

အပေါ်ယံလေးမှန်းသိရင် ကိုယ့်ဘက်ကလဲ ခံစားချက်တွေမပါစေနဲ့ ခဏတာမှန်းသိရင် ခဏမှာ ပျော်အောင်နေလိုက် အနာဂတ်ထိ သယ်မလာနဲ့အလိုက်သင့်လေး ခေါ်ပြောဆက်ဆံနေမှန်းသိရင် ကိုယ့်ဘက်ကလဲ ရေလိုက်ငါးလိုက်လေး ပြန်ဆက်ဆံလိုက် မေတ္တာပေးရင် မေတ္တာပြန်ရလာလိမ့်မယ်ဆိုတဲ့ လောကနိယာမဟာ တစ်ခါတစ်ရံတော့ မှားတတ်ပါတယ်
ကိုယ့်ဘက်က စေတနာမှန်ရင် ရောင်ပြန်လာလိမ့်မယ် ဆိုတာကောပေါ့ မေတ္တာပဲ ပေးပေး စေတနာပဲ ထားထား နားမလည်တဲ့သူက နားမလည်တာပဲ ကိုယ့်ဘက်ကသာ ဘာကြောင့်လဲဆိုတဲ့ ဖြေမရတဲ့ မေးခွန်းတွေနဲ့ ဖော်ပြလို့ မရတဲ့ ဒဏ်ရာတွေနဲ့ ကျန်ခဲ့ရတာလေ ။
အရာရာတိုင်းမှာ ကိုယ့်လိုပဲ တွေးလိမ့်မယ်ထင်တယ်ဆိုတဲ့ ကလေးအတွေးတွေရပ်ပြီး နေရာတကာ စိတ်ခံစားမှုကို အလေးသာတတ်တဲ့ အကျင့်လေးကို ဖျောက်ပါ ရင်ဘတ်ကြီးနဲ့ ရင်းပြီး ချစ်တတ် ခံစားတတ်တဲ့အကျင့်ကို ပြင်ပါ

ဒီလောက်ပါပဲ

ဒီလိုဆို ဘ၀မှာ နေလို့ ပျော်လာလိမ့်မယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

Zawgyi…

ရင္ဘတ္ႀကီးနဲ႔ ရင္းၿပီး ခ်စ္တတ္ ခံစားတတ္တဲ့အက်င့္ကို ျပင္ပါ

လူတစ္ေယာက္ ကိုယ့္ေဘးနားလာရပ္႐ုံနဲ႔ တစ္သက္လုံး မထြက္သြားေတာ့ဘူးလို႔ ထင္ေနတတ္တဲ့ ​ေကာင္မေလးတစ္ေယာက္ မျဖစ္ေစခ်င္ေတာ့ဘူး ဧည့္သည္ဆိုတာ အခ်ိန္တန္ရင္ ျပန္သြားမွာ ေမွ်ာ္လင့္ခ်က္ေတြကို အေသအခ်ာႀကီး ဆုပ္ကိုင္ထားၿပီးမွ ေမွ်ာ္ရႏိုးႏိုး ျပန္လာႏိုးႏိုးနဲ႔ ဒဏ္ရာေတြ မက်န္ေစခ်င္ေတာ့ဘူး
ဘ၀တစ္ေကြ႕ဆိုေပမယ့္ လူေပါင္းမ်ားစြာနဲ႔ ႀကဳံေတြ႕ေနရတာ လူတိုင္းဟာ ကိုယ့္အေတြးထဲကလို မျဖဴစင္ၾကဘူး လူတိုင္းဟာ ကိုယ့္ေစနာေတြနဲ႔ မထိုက္တန္တတ္ၾကဘူး

တခ်ိဳ႕တစ္ေလေလာက္သာ ကိုယ့္ရင္ဘတ္ထဲက စကားလုံးေတြကို ၾကားသိႏိုင္တယ္ ျမင္တတ္ၾကတယ္ ကိုယ္ခ်င္းစာေပးၾကလိမ့္မယ္ အဲ့လိုလူမ်ိဳးကလဲ ကိုယ့္အနားမွာရပ္ေနတဲ့ လူတစ္ရာထဲမွာမွ တစ္ေယာက္ပါဖို႔ ခက္တယ္ေလ ။
ကိုယ္သာ အတတ္ႏိုင္ဆုံးျဖဴစင္ ကိုယ္သာ တတ္ႏိုင္တာထက္ ပိုေပးဆပ္ၿပီးမွ ႏႈတ္ဆက္ခြင့္မရွိတဲ့ လမ္းခြဲျခင္းေတြဘယ္ေလာက္မ်ား ႀကဳံေတြခဲ့ၿပီးၿပီလဲ စကားလုံးေလးတစ္လုံးကအစ အၾကည့္ေတြအဆုံး အရာရာမွာ ရင္ဘတ္ႀကီးနဲ႔ မွတ္ၿပီး ရင္ဘတ္ႀကီးနဲ႔ ခံစားေနရတာ အနာတရမ်ားလြန္းလွပါတယ္
ျဖစ္ႏိုင္မယ္ဆိုရင္ ျဖစ္ႏိုင္ရင္ေပါ့

အေပၚယံေလးမွန္းသိရင္ ကိုယ့္ဘက္ကလဲ ခံစားခ်က္ေတြမပါေစနဲ႔ ခဏတာမွန္းသိရင္ ခဏမွာ ေပ်ာ္ေအာင္ေနလိုက္ အနာဂတ္ထိ သယ္မလာနဲ႔အလိုက္သင့္ေလး ေခၚေျပာဆက္ဆံေနမွန္းသိရင္ ကိုယ့္ဘက္ကလဲ ေရလိုက္ငါးလိုက္ေလး ျပန္ဆက္ဆံလိုက္ ေမတၱာေပးရင္ ေမတၱာျပန္ရလာလိမ့္မယ္ဆိုတဲ့ ေလာကနိယာမဟာ တစ္ခါတစ္ရံေတာ့ မွားတတ္ပါတယ္
ကိုယ့္ဘက္က ေစတနာမွန္ရင္ ေရာင္ျပန္လာလိမ့္မယ္ ဆိုတာေကာေပါ့ ေမတၱာပဲ ေပးေပး ေစတနာပဲ ထားထား နားမလည္တဲ့သူက နားမလည္တာပဲ ကိုယ့္ဘက္ကသာ ဘာေၾကာင့္လဲဆိုတဲ့ ေျဖမရတဲ့ ေမးခြန္းေတြနဲ႔ ေဖာ္ျပလို႔ မရတဲ့ ဒဏ္ရာေတြနဲ႔ က်န္ခဲ့ရတာေလ ။
အရာရာတိုင္းမွာ ကိုယ့္လိုပဲ ေတြးလိမ့္မယ္ထင္တယ္ဆိုတဲ့ ကေလးအေတြးေတြရပ္ၿပီး ေနရာတကာ စိတ္ခံစားမႈကို အေလးသာတတ္တဲ့ အက်င့္ေလးကို ေဖ်ာက္ပါ ရင္ဘတ္ႀကီးနဲ႔ ရင္းၿပီး ခ်စ္တတ္ ခံစားတတ္တဲ့အက်င့္ကို ျပင္ပါ

ဒီေလာက္ပါပဲ

ဒီလိုဆို ဘ၀မွာ ေနလို႔ ေပ်ာ္လာလိမ့္မယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း