ငိုမယ်ဆို…ငိုပါ (ငိုပြီးသွားတဲ့အခါ တိတ်ဖို့လိုတယ်)

ငိုနေတဲ့ မျက်လုံးတွေရှိရင် …. ခဏလောက် မျက်ရည်တွေသုတ်ပြီး ဒီစာလေး ဆုံးအောင် ဖတ်စေချင်တယ်

လူတိုင်း ခက်ခဲနေကြတာပါပဲ ….ပြီးတော့ နာကျင်နေရတာပါပဲ မတူတာက ဒဏ်ရာတွေမတူဘူး အတိမ်အနက်ချင်း မတူဘူး ။

တချို့က ငါ မရှိတော့ရင်ကောင်းမယ်လို့ တွေးလိမ့်မယ် ။ တချို့က ငါ့မှာ ငွေတွေ အများကြီးရှိရင်ကောင်းမယ်လို့ တွေးလိမ့်မယ် ။ သူပြန်ချစ်ရင် သူသာမဖောက်ပြန်ရင် သူသာ ဂရုစိုက်ရင် ဆိုပြီးတွေးနေတဲ့သူတွေလဲ ရှိနေမှာပါ ။တစ်ယောက်နဲ့ တစ်ယောက် ဒဏ်ရာတွေပဲ မတူကြတာ နာကျင်နေရတာချင်းတော့ တူတယ် ။

ဘာကြောင့် နာကျင်နေပါစေ … ငါ မိန်းမသားပဲ ဆိုတဲ့အတွေးနဲ့ ပျော့ညံ့နေလို့မဖြစ်ဘူး ။ ငါ့ကို အားပေးနှစ်သိမ့်မယ်လူမရှိလို့ဆိုပြီး အားငယ်နေလို့မဖြစ်ဘူး ။ ခဏတာ အခက်အခဲကို တစ်ဘဝစာကြီး နဲ့ လဲလိုက်လို့မဖြစ်ဘူး ။

မိန်းမသားတို့အတွက် ကျွန်မဘဝနှင့်ရင်းပြီးရခဲ့သော သင်ခန်းစာများ – သျှင်ယွန်း စာအုပ် City Mart နှင့် Ocean ဆိုင်တိုင်းတွင် ဝယ်ယူလို့ရပါပြီ

နာကျင်တယ်မလား …. အားရအောင်ငို ။ အနားမှာရှိရင် ကိုယ်ပါ ကူပြီး ငိုပေးဦးမှာ ။ ဒါပေမယ့် မျက်ရည်တွေ ခမ်းတာနဲ့ ခံစားနေရတာတွေအားလုံးကို ခဏတာပဲ ဖြစ်ဖြစ် မေ့ပစ်လိုက်တော့ ။ ကိုယ့်အိပ်မက် ကိုယ့်ရည်မှန်းချက် လူတိုင်းမှာရှိပြီးသားပါ တစ်ခါတစ်ရံ လူတစ်ယောက်အတွက်နဲ့ ကျွန်မတို့ မေ့ထားတတ်ကြတဲ့ အိပ်မက်တွေပေါ့ ။ အဲ့ဒီအိပ်မက်တွေကို တစ်ယောက်တည်းဆိုလဲ ဆက်ပြီး အကောင်အထည်ဖော်ရဲတဲ့ အင်အားရှိဖို့လိုတယ် ။

ရဲရင့်တဲ့ မိန်းမဆိုတာ …. မနာကျင်တတ်တော့တဲ့ မိန်းကလေးတစ်ယောက်ကို ခေါ်တာ မဟုတ်ဘူး နာကျင်နေလျက်နဲ့တောင် အပြုံးမပျက်တဲ့ မိန်းမတစ်ယောက်ပါပဲ ။ ထက်မြက်တဲ့ မိန်းမဆိုတာ …. အနောက်က တွန်းတင်ပေးမှ အမြင့်ကို ရောက်တာမဟုတ်ဘူး ကိုယ်တစ်ယောက်တည်းဖြစ်နေလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ကိုယ့်လမ်းကိုယ် ဆက်လျှောက်ရဲရတယ် ။

ငိုမယ်ဆိုရင် ငိုပါ …. ငိုပြီးသွားတဲ့အခါ တိတ်ဖို့လိုတယ် ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

ငိုေနတဲ့ မ်က္လုံးေတြရွိရင္ …. ခဏေလာက္ မ်က္ရည္ေတြသုတ္ၿပီး ဒီစာေလး ဆုံးေအာင္ ဖတ္ေစခ်င္တယ္

လူတိုင္း ခက္ခဲေနၾကတာပါပဲ ….ၿပီးေတာ့ နာက်င္ေနရတာပါပဲ မတူတာက ဒဏ္ရာေတြမတူဘူး အတိမ္အနက္ခ်င္း မတူဘူး ။

တခ်ိဳ႕က ငါ မရွိေတာ့ရင္ေကာင္းမယ္လို႔ ေတြးလိမ့္မယ္ ။ တခ်ိဳ႕က ငါ့မွာ ေငြေတြ အမ်ားႀကီးရွိရင္ေကာင္းမယ္လို႔ ေတြးလိမ့္မယ္ ။ သူျပန္ခ်စ္ရင္ သူသာမေဖာက္ျပန္ရင္ သူသာ ဂ႐ုစိုက္ရင္ ဆိုၿပီးေတြးေနတဲ့သူေတြလဲ ရွိေနမွာပါ ။တစ္ေယာက္နဲ႔ တစ္ေယာက္ ဒဏ္ရာေတြပဲ မတူၾကတာ နာက်င္ေနရတာခ်င္းေတာ့ တူတယ္ ။

မိန္းမသားတို႔အတြက္ ကၽြန္မဘ၀ႏွင့္ရင္းျပီးရခဲ့ေသာ သင္ခန္းစာမ်ား – သွ်င္ယြန္း စာအုပ္ City Mart ႏွင့္ Ocean ဆိုင္တုိင္းတြင္ ၀ယ္ယူလို႔ရပါျပီ

ဘာေၾကာင့္ နာက်င္ေနပါေစ … ငါ မိန္းမသားပဲ ဆိုတဲ့အေတြးနဲ႔ ​ေပ်ာ့ညံ့ေနလို႔မျဖစ္ဘူး ။ ငါ့ကို အားေပးႏွစ္သိမ့္မယ္လူမရွိလို႔ဆိုၿပီး အားငယ္ေနလို႔မျဖစ္ဘူး ။ ခဏတာ အခက္အခဲကို တစ္ဘ၀စာႀကီး နဲ႔ လဲလိုက္လို႔မျဖစ္ဘူး ။

နာက်င္တယ္မလား …. အားရေအာင္ငို ။ အနားမွာရွိရင္ ကိုယ္ပါ ကူၿပီး ငိုေပးဦးမွာ ။ ဒါေပမယ့္ မ်က္ရည္ေတြ ခမ္းတာနဲ႔ ခံစားေနရတာေတြအားလုံးကို ခဏတာပဲ ျဖစ္ျဖစ္ ေမ့ပစ္လိုက္ေတာ့ ။ ကိုယ့္အိပ္မက္ ကိုယ့္ရည္မွန္းခ်က္ လူတိုင္းမွာရွိၿပီးသားပါ တစ္ခါတစ္ရံ လူတစ္ေယာက္အတြက္နဲ႔ ကြၽန္မတို႔ ေမ့ထားတတ္ၾကတဲ့ အိပ္မက္ေတြေပါ့ ။ အဲ့ဒီအိပ္မက္ေတြကို တစ္ေယာက္တည္းဆိုလဲ ဆက္ၿပီး အေကာင္အထည္ေဖာ္ရဲတဲ့ အင္အားရွိဖို႔လိုတယ္ ။

ရဲရင့္တဲ့ မိန္းမဆိုတာ …. မနာက်င္တတ္ေတာ့တဲ့ မိန္းကေလးတစ္ေယာက္ကို ေခၚတာ မဟုတ္ဘူး နာက်င္ေနလ်က္နဲ႔ေတာင္ အၿပဳံးမပ်က္တဲ့ မိန္းမတစ္ေယာက္ပါပဲ ။ ထက္ျမက္တဲ့ မိန္းမဆိုတာ …. အေနာက္က တြန္းတင္ေပးမွ အျမင့္ကို ေရာက္တာမဟုတ္ဘူး ကိုယ္တစ္ေယာက္တည္းျဖစ္ေနလည္း ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္ၿပီး ကိုယ့္လမ္းကိုယ္ ဆက္ေလွ်ာက္ရဲရတယ္ ။

ငိုမယ္ဆိုရင္ ငိုပါ …. ငိုၿပီးသြားတဲ့အခါ တိတ္ဖို႔လိုတယ္ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း