ဒီတစ်ခါ တကယ်လွှတ်ချဖို့ တွေးခဲ့တာ

ဒီတစ်ခါ တကယ်လွှတ်ချဖို့ တွေးခဲ့တာ ။

အရင်ကလိုဆိုပြီး စိတ်ကူးယဉ်ခဲ့ဖူးတာတွေအားလုံးကို သေသေချာမေ့ပစ်လိုက်ပြီးသူလဲ သူ့ဘဝနဲ့သူ ပျော်နေတတ်ခဲ့ပြီပဲ ကိုယ်လဲ ပျော်အောင်နေတတ်ဖို့ လမ်းကို ရွေးရမယ် မျှော်နေတယ်ဆိုရုံလေးနဲ့ ဖြစ်မလာနိုင်တော့အိပ်မက်တွေကို အလေးခံပြီး ထပ်သယ်ထားဖို့ရာ အားအင်တွေ လုံလုံလောက်လောက်မရှိခဲ့တာတော့ ဝန်ခံပါတယ် ။

ဆွဲထားရတာပင်ပန်းလာတဲ့အခါ အလိုလို လွှတ်ချတတ်လာလိမ့်မယ်တဲ့ ကျွန်မကတော့ တမင်တကာကို လွှတ်ချဖို့ တွေးခဲ့တာပါ ကိုယ့်မှာ အိပ်မက်တွေရှိနေသေးပေမယ့် ဆက်မက်ရင်းအိပ်ရေးပျက်ရတဲ့ညတွေသက်သက်ပဲရှိတယ် ။

ကိုယ့်မှာ မျှော်လင့်ထားခဲ့တဲ့အရာတွေ ရှိသေးပေမယ့် ဘာကိုမျှော်လင့်ပြီးနေနေရမလဲဆိုပြီး လမ်းတွေပျောက်ဖူးတဲ့အချိန်တွေ ရှိသေးတယ် ။ မဖြစ်နိုင်တာကြီးကို မျှော်လင့်နေဆဲပါဆိုတာ တကယ်တမ်းကျတော့ ကြားလို့ပဲကောင်းတဲ့အရာ ခံစားလို့တော့ လုံးဝမကောင်းဘူး ။

သူက ရောက်ရာအရပ်မှာ ပျော်တတ်ပေမယ့် ကိုယ်က လိုက်ရှာရင်း အချိန်တွေကုန်နေတတ်တာလေ ။ ကိုယ့်လမ်းကိုယ်သာ လျှောက်ခဲ့မယ်ဆိုရင် … အဲ့ဒီအချိန် ခရီးတွေ တော်တော် ပေါက်လောက်ပြီ ။ နောင်တတွေ ရနေတာလားတဲ့ ဘယ်တုန်းကမှ နောင်တတွေ မရခဲ့တာတော့ အမှန်ပါ ။ နည်းနည်းလေး ဆင်ခြင်ကြည့်ရုံကလွဲလို့ … နောင်တတွေ တော့ ရမနေခဲ့ဘူး ။

မိန်းမသားတို့အတွက် ကျွန်မဘဝနှင့်ရင်းပြီးရခဲ့သော သင်ခန်းစာများ – သျှင်ယွန်း စာအုပ် City Mart နှင့် Ocean ဆိုင်တိုင်းတွင် ဝယ်ယူလို့ရပါပြီ

လာမလားဆိုပြီး စောင့်နေတဲ့ခြေထောက်တွေ ကိုယ့်ရည်မှန်းချက်ရှိရာကို လှမ်းခဲ့ရုံပါ ။ ပျော်မလားဆိုပြီး အနားကို ပြေးပေမယ့် တကယ့်တကယ်သိခဲ့ရတာက အရင်ကထက် တဖြေးဖြေးချင်း ပိုပိုဝေးလာမှန်းတွေ သိခဲ့ရတယ် ။ ပိုပြီးဝေးသွားတယ် ပြောရအောင်ကလဲ ဘယ်တုန်းကမှ မနီးခဲ့မှန်း ကိုယ်ကိုယ်တိုင်လဲ သိခဲ့ပါတယ် ။ ကိုယ့်ဘက်ကသာ နီးချင်တဲ့အတွေးတွေ ရှိခဲ့တာပါ ။

တော်ပါပြီ … ဒီဘဝမှာ လူတစ်ယောက်အတွက် အရေးပါအရာရောက်အောင် ကြိုးစားနေတာတွေ ရပ်ပြီး ကိုယ့်ဘဝအတွက် ကိုယ်တွေးမယ် ။ လူတစ်ယောက်အနားရောက်ဖို့ ပြေးနေတဲ့ခြေထောက်တွေကိုရပ်ပြီး ကိုယ့်လမ်းကိုယ်လျှောက်မယ် ။ လူတစ်ယောက်အပေါ် ထားတဲ့ မျှော်လင့်ချက်တွေကို ဖျောက်ပြီး ကိုယ့်ကိုကိုယ် ပိုတတ်အောင် သင်ယူမယ် ။

လုံလုံလောက်လောက် နာကျင်ခဲ့ရပြီးသလို လုံလုံလောက်လောက်လဲ ငိုခဲ့ရပြီးပါပြီ ..တစ်ယောက်တည်း အတွေးတွေနဲ့ အိပ်ရေးတွေ ပျက်ခဲ့ရသလို တစ်ယောက်တည်း တွေးရင်းနဲ့ ရူးမတတ် ခံစားခဲ့ရပြီးပြီ .. တကယ့်ကို ပင်ပန်းလာတဲ့အတွက် ဒီတစ်ခါ တကယ်လွှတ်ချလိုက်ဖို့ တွေးခဲ့တာပါ ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

ဒီတစ္ခါ တကယ္လႊတ္ခ်ဖို႔ ေတြးခဲ့တာ ။

အရင္ကလိုဆိုၿပီး စိတ္ကူးယဥ္ခဲ့ဖူးတာေတြအားလုံးကို ေသေသခ်ာေမ့ပစ္လိုက္ၿပီးသူလဲ သူ႔ဘ၀နဲ႔သူ ေပ်ာ္ေနတတ္ခဲ့ၿပီပဲ ကိုယ္လဲ ေပ်ာ္ေအာင္ေနတတ္ဖို႔ လမ္းကို ေ႐ြးရမယ္ ေမွ်ာ္ေနတယ္ဆို႐ုံေလးနဲ႔ ျဖစ္မလာႏိုင္ေတာ့အိပ္မက္ေတြကို အေလးခံၿပီး ထပ္သယ္ထားဖို႔ရာ အားအင္ေတြ လုံလုံေလာက္ေလာက္မရွိခဲ့တာေတာ့ ၀န္ခံပါတယ္ ။

ဆြဲထားရတာပင္ပန္းလာတဲ့အခါ အလိုလို လႊတ္ခ်တတ္လာလိမ့္မယ္တဲ့ ကြၽန္မကေတာ့ တမင္တကာကို လႊတ္ခ်ဖို႔ ေတြးခဲ့တာပါ ကိုယ့္မွာ အိပ္မက္ေတြရွိေနေသးေပမယ့္ ဆက္မက္ရင္းအိပ္ေရးပ်က္ရတဲ့ညေတြသက္သက္ပဲရွိတယ္ ။ကိုယ့္မွာ ေမွ်ာ္လင့္ထားခဲ့တဲ့အရာေတြ ရွိေသးေပမယ့္ ဘာကိုေမွ်ာ္လင့္ၿပီးေနေနရမလဲဆိုၿပီး လမ္းေတြေပ်ာက္ဖူးတဲ့အခ်ိန္ေတြ ရွိေသးတယ္ ။ မျဖစ္ႏိုင္တာႀကီးကို ေမွ်ာ္လင့္ေနဆဲပါဆိုတာ တကယ္တမ္းက်ေတာ့ ၾကားလို႔ပဲေကာင္းတဲ့အရာ ခံစားလို႔ေတာ့ လုံး၀မေကာင္းဘူး ။

သူက ေရာက္ရာအရပ္မွာ ေပ်ာ္တတ္ေပမယ့္ ကိုယ္က လိုက္ရွာရင္း အခ်ိန္ေတြကုန္ေနတတ္တာေလ ။ ကိုယ့္လမ္းကိုယ္သာ ေလွ်ာက္ခဲ့မယ္ဆိုရင္ … အဲ့ဒီအခ်ိန္ ခရီးေတြ ေတာ္ေတာ္ ေပါက္ေလာက္ၿပီ ။ ေနာင္တေတြ ရေနတာလားတ​ဲ့ ဘယ္တုန္းကမွ ေနာင္တေတြ မရခဲ့တာေတာ့ အမွန္ပါ ။ နည္းနည္းေလး ဆင္ျခင္ၾကည့္႐ုံကလြဲလို႔ … ေနာင္တေတြ ေတာ့ ရမေနခဲ့ဘူး ။

မိန္းမသားတို႔အတြက္ ကၽြန္မဘ၀ႏွင့္ရင္းျပီးရခဲ့ေသာ သင္ခန္းစာမ်ား – သွ်င္ယြန္း စာအုပ္ City Mart ႏွင့္ Ocean ဆိုင္တုိင္းတြင္ ၀ယ္ယူလို႔ရပါျပီ

လာမလားဆိုၿပီး ေစာင့္ေနတဲ့ေျခေထာက္ေတြ ကိုယ့္ရည္မွန္းခ်က္ရွိရာကို လွမ္းခဲ့႐ုံပါ ။ ေပ်ာ္မလားဆိုၿပီး အနားကို ေျပးေပမယ့္ တကယ့္တကယ္သိခဲ့ရတာက အရင္ကထက္ တေျဖးေျဖးခ်င္း ပိုပိုေဝးလာမွန္းေတြ သိခဲ့ရတယ္ ။ ပိုၿပီးေဝးသြားတယ္ ေျပာရေအာင္ကလ​ဲ ဘယ္တုန္းကမွ မနီးခဲ့မွန္း ကိုယ္ကိုယ္တိုင္လဲ သိခဲ့ပါတယ္ ။ ကိုယ့္ဘက္ကသာ နီးခ်င္တဲ့အေတြးေတြ ရွိခဲ့တာပါ ။

ေတာ္ပါၿပီ … ဒီဘ၀မွာ လူတစ္ေယာက္အတြက္ အေရးပါအရာေရာက္ေအာင္ ႀကိဳးစားေနတာေတြ ရပ္ၿပီး ကိုယ့္ဘ၀အတြက္ ကိုယ္ေတြးမယ္ ။ လူတစ္ေယာက္အနားေရာက္ဖို႔ ေျပးေနတဲ့ေျခေထာက္ေတြကိုရပ္ၿပီး ကိုယ့္လမ္းကိုယ္ေလွ်ာက္မယ္ ။ လူတစ္ေယာက္အေပၚ ထားတဲ့ ေမွ်ာ္လင့္ခ်က္ေတြကို ေဖ်ာက္ၿပီး ကိုယ့္ကိုကိုယ္ ပိုတတ္ေအာင္ သင္ယူမယ္ ။

လုံလုံေလာက္ေလာက္ နာက်င္ခဲ့ရၿပီးသလို လုံလုံေလာက္ေလာက္လဲ ငိုခဲ့ရၿပီးပါၿပီ ..တစ္ေယာက္တည္း အေတြးေတြနဲ႔ အိပ္ေရးေတြ ပ်က္ခဲ့ရသလို တစ္ေယာက္တည္း ေတြးရင္းနဲ႔ ႐ူးမတတ္ ခံစားခဲ့ရၿပီးၿပီ .. တကယ့္ကို ပင္ပန္းလာတဲ့အတြက္ ဒီတစ္ခါ တကယ္လႊတ္ခ်လိုက္ဖို႔ ေတြးခဲ့တာပါ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း