ချစ်လျက်နဲ့ ဘာလို့လမ်းခွဲခဲ့တာလဲ တဲ့

ချစ်လျက်နဲ့ ဘာလို့လမ်းခွဲခဲ့တာလဲ တဲ့ ။

ကျွန်မကို လူတချို့ လာမေးကြတယ် နင်ဒီလောက်ချစ်နေတာပဲ သည်းခံလိုက်ပေါ့ အချိန်တန်တော့လဲ သူ အမှန်မြင်လာပါဆိုပြီး လာပြောကြတဲ့ လူတွေလဲရှိတယ် ။ ကျွန်မ ဘာဆို ဘာကို မှ မဖြေခဲ့ဘူး မဖြေချင်ခဲ့လို့မဟုတ်ပဲ ဘာကြောင့်ဆိုတဲ့အကြောင်းအရာကို ပြောပြဖို့မဝံ့ရဲခဲ့တာပါ

ကျွန်မ . . .သူ့ကို သိပ်ချစ်တာပေ့ါ . .မာနသိပ်ကြီးတဲ့မိန်းမက သူ့အနားမှာရောက်ရင် အဆိပ်မရှိတဲ့ ရေမြွေလေးလိုပဲ ။မာနတွေထားဖို့သတိမရခဲ့ဘူး မာနတွေ ထုတ်ပြဖို့လဲ မလိုဘူးလို့ထင်ခဲ့တာပါ ။

ကျွန်မ သူ့ကို သိပ်ချစ်တာပေါ့ . .ပစ်ထားတဲ့အခါတောင် မအားလို့နေမှာပါလို့တွေးပြီး မျက်ရည်နဲ့ အဖော်ပြုခဲ့ရလည်း သူ့အပေါ်နည်းနည်းလေးမှ မငြိုငြင်ခဲ့ဖူးဘူး သူ့ဘက်က ဖုန်းမဆက်တဲ့အခါ ကိုယ့်ဘက်က စပြီးခေါ်လိုက်တယ် သူ့ဘက်က မကိုင်တဲ့အခါ မျက်ရည်ကျတယ် ဒီလောက်နဲ့ပဲ ပြီးပါတယ် အနောက်မှာ စိတ်ဆိုးတာတွေ စိတ်ကောက်တာတွေ ဘာတစ်ခုမှ မပါလာဘူး သူဖုန်းဆက်တယ်အခါ ကျွန်မ အပြေးအလွှားကိုင်ဖို့လဲ မရှက်ခဲ့မိဘူး

ကျွန်မ သူ့ကို သိပ်ချစ်တာပေါ့ . . .ကျွန်မ လိုချင်တာရှိတဲ့အခါတောင် သူအဆင်မပြေမှာ စိုးတဲ့စိတ်နဲ့ မပူဆာမိခဲ့ဘူး ပူလဲမပူဆာခဲ့ဖူးဘူး မျက်နှာလေးညှိုးသွားမှာကိုက အစ အဆင်မပြေဖြစ်မှာအဆုံး ကျွန်မ အားလုံးကို အရိပ်တကြည့်ကြည့်နဲ့ နေခဲ့တာပါ

မိန်းမသားတို့အတွက် ကျွန်မဘဝနှင့်ရင်းပြီးရခဲ့သော သင်ခန်းစာများ – သျှင်ယွန်း စာအုပ် City Mart နှင့် Ocean ဆိုင်တိုင်းတွင် ဝယ်ယူလို့ရပါပြီ

ဒါပေမယ့် .. . . ကျွန်မ ပေါပေါပဲပဲ ပေးခဲ့မိတဲ့အချစ်တွေကို တန်ဖိုး ထားရကောင်းမှန်းနားမလည်ဘူး ဂရုစိုက်တတ်တဲ့သူရဲ့ ပြန်ပြီး ဂရုစိုက်ခံချင်တဲ့စိတ်ကို နဲနဲလေးမှ မသိတတ်ခဲ့ဘူး ။ သူ့ဘက်အရင် သတိတရလေးဖုန်းခေါ်ဖို့လဲ ပျက်ကွက်ခဲ့တယ်လေ ။ အကြိမ်ကြိမ်အခါခါ ဖုန်းလေးကိုင်ပြီး မျက်ရည်တွေနဲ့ အိပ်ခဲ့ရတဲ့ ညတွေလဲ များပြီ

ကျွန်မသူ့ကို သိပ်ချစ်တာပေါ့ . . . ဒါပေမယ့် အချစ်တစ်ခုမှာ လူတစ်ယောက်တည်းကချည်း ချစ်နေရုံနဲ့ပြီးပြည့်စုံလာမှာမှ မဟုတ် နှစ်ဦးနှစ်ဖက် နားလည်မှုလေးတွေ အများကြီးလိုအပ်ပါတယ် ကျွန်မ သူ့ကိုစချစ်မိကတည်းက တစ်နေ့ ဒီလို လမ်းခွဲရလိမ့်မယ်လို့တွေးတောင် မတွေးရဲခဲ့ဖူးဘူး ကျွန်မကို ဒဏ်ရာတွေကပဲ သင်ပေးခဲ့တာပါ ။

သူသာ နဲနဲလေးသာ ပြန်ပြီး ငဲ့ကြည့်တတ်ခဲ့ရင် ကျွန်မ သူ့လက်ကို လွှတ်ဖို့တွေးခဲ့မှာမဟုတ်ဘူး သူသာ ကျွန်မ မျှော်နေတဲ့အချိန်မှာ ဖုန်းလေးတွေ ဆက်လေ့ဆက်ထ ရှိခဲ့ရင် ကျွန်မ သူ့ရဲ့အဝေးကို ပြေးနိုင်ခဲ့မှာ မဟုတ်ဘူး ကျွန်မ ဘာလို့လမ်းခွဲခဲ့လဲ တဲ့ ဒီမေးခွန်းကို ကျွန်မ ဖြေနိုင်ပြီ ထင်ပါတယ်

နှလုံးသားမှာ ဒဏ်ရာတွေချည်းပဲ ထပ်လာလို့ပါ သွေးမတိတ်တဲ့ ဒဏ်ရာတွေအပေါ် ထပ်ပြီး ဒဏ်ရာတွေပဲ တင်လာတော့ကျွန်မ တဖြေးဖြေးနဲ့ ခံနိုင်ရည်အင်အား မဲ့လာခဲ့တာ ပြီးတော့ကျွန်မ က သူ့အတွက် လူပိုလို့ပဲ မြင်လာခဲ့တယ်လေ တစ်ဖက်က မလိုအပ်ပဲ ကျွန်မကချည်း အတင်းတွယ်ကပ်နေသလို ဖြစ်နေလို့ကျွန်မ လှည့်ထွက်ခဲ့တာပါ သိပ်ချစ်ရဲ့နဲ့ပေါ့ ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

ခ်စ္လ်က္နဲ႔ ဘာလို႔လမ္းခြဲခဲ့တာလဲ တဲ့ ။

ကြၽန္မကို လူတခ်ိဳ႕ လာေမးၾကတယ္ နင္ဒီေလာက္ခ်စ္ေနတာပဲ သည္းခံလိုက္ေပါ့ အခ်ိန္တန္ေတာ့လဲ သူ အမွန္ျမင္လာပါဆိုၿပီး လာေျပာၾကတဲ့ လူေတြလဲရွိတယ္ ။ ကြၽန္မ ဘာဆို ဘာကို မွ မေျဖခဲ့ဘူး မေျဖခ်င္ခဲ့လို႔မဟုတ္ပဲ ဘာေၾကာင့္ဆိုတဲ့အေၾကာင္းအရာကို ေျပာျပဖို႔မဝံ့ရဲခဲ့တာပါ

ကြၽန္မ . . .သူ႔ကို သိပ္ခ်စ္တာေပ့ါ . .မာနသိပ္ႀကီးတဲ့မိန္းမက သူ႔အနားမွာေရာက္ရင္ အဆိပ္မရွိတဲ့ ေရေႁမြေလးလိုပဲ ။မာနေတြထားဖို႔သတိမရခဲ့ဘူး မာနေတြ ထုတ္ျပဖို႔လဲ မလိုဘူးလို႔ထင္ခဲ့တာပါ ။

ကြၽန္မ သူ႔ကို သိပ္ခ်စ္တာေပါ့ . .ပစ္ထားတဲ့အခါေတာင္ မအားလို႔ေနမွာပါလို႔ေတြးၿပီး မ်က္ရည္နဲ႔ အေဖာ္ျပဳခဲ့ရလည္း သူ႔အေပၚနည္းနည္းေလးမွ မၿငိဳျငင္ခဲ့ဖူးဘူး သူ႔ဘက္က ဖုန္းမဆက္တဲ့အခါ ကိုယ့္ဘက္က စၿပီးေခၚလိုက္တယ္ သူ႔ဘက္က မကိုင္တဲ့အခါ မ်က္ရည္က်တယ္ ဒီေလာက္နဲ႔ပဲ ၿပီးပါတယ္ အေနာက္မွာ စိတ္ဆိုးတာေတြ စိတ္ေကာက္တာေတြ ဘာတစ္ခုမွ မပါလာဘူး သူဖုန္းဆက္တယ္အခါ ကြၽန္မ အေျပးအလႊားကိုင္ဖို႔လဲ မရွက္ခဲ့မိဘူး

ကြၽန္မ သူ႔ကို သိပ္ခ်စ္တာေပါ့ . . .ကြၽန္မ လိုခ်င္တာရွိတဲ့အခါေတာင္ သူအဆင္မေျပမွာ စိုးတဲ့စိတ္နဲ႔ မပူဆာမိခဲ့ဘူး ပူလဲမပူဆာခဲ့ဖူးဘူး မ်က္ႏွာေလးညႇိဳးသြားမွာကိုက အစ အဆင္မေျပျဖစ္မွာအဆုံး ကြၽန္မ အားလုံးကို အရိပ္တၾကည့္ၾကည့္နဲ႔ ေနခဲ့တာပါ

မိန္းမသားတို႔အတြက္ ကၽြန္မဘ၀ႏွင့္ရင္းျပီးရခဲ့ေသာ သင္ခန္းစာမ်ား – သွ်င္ယြန္း စာအုပ္ City Mart ႏွင့္ Ocean ဆိုင္တုိင္းတြင္ ၀ယ္ယူလို႔ရပါျပီ

ဒါေပမယ့္ .. . . ကြၽန္မ ေပါေပါပဲပဲ ေပးခဲ့မိတဲ့အခ်စ္ေတြကို တန္ဖိုး ထားရေကာင္းမွန္းနားမလည္ဘူး ဂ႐ုစိုက္တတ္တဲ့သူရဲ႕ ျပန္ၿပီး ဂ႐ုစိုက္ခံခ်င္တဲ့စိတ္ကို နဲနဲေလးမွ မသိတတ္ခဲ့ဘူး ။ သူ႔ဘက္အရင္ သတိတရေလးဖုန္းေခၚဖို႔လဲ ပ်က္ကြက္ခဲ့တယ္ေလ ။ အႀကိမ္ႀကိမ္အခါခါ ဖုန္းေလးကိုင္ၿပီး မ်က္ရည္ေတြနဲ႔ အိပ္ခဲ့ရတဲ့ ညေတြလဲ မ်ားၿပီ

ကြၽန္မသူ႔ကို သိပ္ခ်စ္တာေပါ့ . . . ဒါေပမယ့္ အခ်စ္တစ္ခုမွာ လူတစ္ေယာက္တည္းကခ်ည္း ခ်စ္ေန႐ုံနဲ႔ၿပီးျပည့္စုံလာမွာမွ မဟုတ္ ႏွစ္ဦးႏွစ္ဖက္ နားလည္မႈေလးေတြ အမ်ားႀကီးလိုအပ္ပါတယ္ ကြၽန္မ သူ႔ကိုစခ်စ္မိကတည္းက တစ္ေန႔ ဒီလို လမ္းခြဲရလိမ့္မယ္လို႔ေတြးေတာင္ မေတြးရဲခဲ့ဖူးဘူး ကြၽန္မကို ဒဏ္ရာေတြကပဲ သင္ေပးခဲ့တာပါ ။

သူသာ နဲနဲေလးသာ ျပန္ၿပီး ငဲ့ၾကည့္တတ္ခဲ့ရင္ ကြၽန္မ သူ႔လက္ကို လႊတ္ဖို႔ေတြးခဲ့မွာမဟုတ္ဘူး သူသာ ကြၽန္မ ေမွ်ာ္ေနတဲ့အခ်ိန္မွာ ဖုန္းေလးေတြ ဆက္ေလ့ဆက္ထ ရွိခဲ့ရင္ ကြၽန္မ သူ႔ရဲ႕အေဝးကို ေျပးႏိုင္ခဲ့မွာ မဟုတ္ဘူး ကြၽန္မ ဘာလို႔လမ္းခြဲခဲ့လဲ တဲ့ ဒီေမးခြန္းကို ကြၽန္မ ေျဖႏိုင္ၿပီ ထင္ပါတယ္

ႏွလုံးသားမွာ ဒဏ္ရာေတြခ်ည္းပဲ ထပ္လာလို႔ပါ ေသြးမတိတ္တဲ့ ဒဏ္ရာေတြအေပၚ ထပ္ၿပီး ဒဏ္ရာေတြပဲ တင္လာေတာ့ကြၽန္မ တေျဖးေျဖးနဲ႔ ခံႏိုင္ရည္အင္အား မဲ့လာခဲ့တာ ၿပီးေတာ့ကြၽန္မ က သူ႔အတြက္ လူပိုလို႔ပဲ ျမင္လာခဲ့တယ္ေလ တစ္ဖက္က မလိုအပ္ပဲ ကြၽန္မကခ်ည္း အတင္းတြယ္ကပ္ေနသလို ျဖစ္ေနလို႔ကြၽန္မ လွည့္ထြက္ခဲ့တာပါ သိပ္ခ်စ္ရဲ႕နဲ႔ေပါ့ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း