ကျွန်မမျက်ရည်တွေနဲ့ရေးခဲ့သော ဖွင့်ဟဝန်ခံချက်

ကျွန်မ ဒီစာကို ရေးဖို့ မျက်ရည်တွေ အများကြီး ရင်းခဲ့ရတယ်

အချိန်တွေအများကြီး ရင်းခဲ့ရတယ် သင်ခန်းစာပဲယူယူ အပျင်းပြေပဲ ဖတ်ဖတ် ဒါ ကျွန်မရဲ့ ဖွင့်ဟ ဝန်ခံချက်တစ်ခုပါ

ခေါင်းစဉ်ထပ်တပ်ရရင် မိန်းမသားတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်ပေါ့

လူတစ်ယောက်ကို ချစ်မိတဲ့အခါ အဲ့ဒီလူရဲ့ အချစ်ကို အကုန်လိုချင်တယ် ဒါ မိန်းကလေးတစ်ယောက်ရဲ့ အတ္တပါ

ဂရုစိုက်တာ အလေးထားတာ အင်မတန်လိုချင်တယ် ဒါပေမယ့် ကိုယ်ပြောပြမှ လိုက်လုပ်ပေးတာမျိုးကျတော့ မလိုချင်ပြန်တော့ဘူး

ဒါကို အပြောင်းအလဲ မြန်တယ်လို့ ခေါင်းစဉ်တပ်ကြတယ် မဟုတ်ဘူး

မိန်းမသားတို့အတွက် ကျွန်မဘဝနှင့်ရင်းပြီးရခဲ့သော သင်ခန်းစာများ – သျှင်ယွန်း စာအုပ် City Mart နှင့် Ocean ဆိုင်တိုင်းတွင် ဝယ်ယူလို့ရပါပြီ

ငါ့ကို ဂရုစိုက်ပါလားဆိုတဲ့အသိနဲ့ ကြည်နူးချင်မိတဲ့ ဆန္ဒပါ ပြတ်စဲမယ် လမ်းခွဲမယ် မကြာခဏပြောတတ်တယ် ဒါ မချစ်လို့ မဟုတ်ဘူး

ကိုယ်အဲ့လိုပြောတဲ့အခါတောင် ဖက်တွယ်ထားပါလားဆိုတဲ့ ပျော်ရွှင်မှုလေး လိုချင်တာပါ

ကျွန်မ အလုပ်လုပ်ပါ ငွေရှာပါဆိုပြီး အမြဲတွန်းအားပေးနေတာ ကျွန်မ ငွေမက်လို့မဟုတ်ဘူး

ငါ့ချစ်သူ အဲ့လိုတော်တာဆိုပြီး ကြွားချင်တာ ကျွန်မ အသိုင်းအဝိုင်းမှာ ရှင့်ကို မျက်နှာ မငယ်စေချင်တာ

ကျွန်မအတွက် ငွေမလိုပါဘူး ရှင်ပဲ လိုပါတယ် ကျွန်မ အမှားသေးသေးလေးကအစ အပြစ်ရှာတယ်တဲ့ ကျွန်မ သိပ်ချစ်တဲ့ရှင့်ကို ကျွန်မကိုယ်တိုင်ပဲပြောမယ်

တခြားတစ်ယောက်ကပြောလာတဲ့အခါ ကျွန်မ မခံနိုင်ဘူး အဲ့တာကြောင့်ပဲ အမှားသေးသေးလေးကအစ ဆင်ခြင်စေချင်တာပါ ။

ဆေးလိပ်မသောက်ပါနဲ့ အရက်မသောက်ပါနဲ့ ညနက်ထိမနေပါနဲ့ ဒါတွေကို ချုပ်ခြယ်တယ်လို့ ထင်တယ်

ဆေးလိပ်အရက်သောက်တဲ့အခါ အသက်တိုစေတယ် တဲ့ကျွန်မက အနာဂတ်တွေအထိ ရှင့်လက်ကို ဆွဲချင်တာလေ

အိုအောင် မင်းအောင် ပေါင်းရပါစေဆိုတဲ့ ဆု ကျွန်မ ပြည့်ချင်ခဲ့လို့ ရှောင်စေချင်တာပါ ။

ကျွန်မရင်ထဲက အရှိကို အရှိအတိုင်းကို မခြွင်းမချန်ပဲ အမှန်အတိုင်းပြောပါတယ် နားလည်တာ နားမလည်တာတော့ ရှင့်အပိုင်းပေါ့ ။

ကျွန်မ ရှင့်ကို ချစ်တယ် ။

မိန်းမသားတို့အတွက်

သျှင်ယွန်း



















မိန်းမသားတို့အတွက်

သျှင်ယွန်း