တိတ်ဆိတ်ခြင်းတိုင်းဟာ ဝန်ခံခြင်းမဟုတ်ဘူး

တစ်ခါတစ်လေမှာ . . .ပြန်ပြောစရာမရှိလို့တိတ်ဆိတ်သွားတာမျိုးမဟုတ်ပဲ ပြန်ပြောနိုင်တဲ့အင်အားမရှိလို့တိတ်ဆိတ်သွားတဲ့ အခါမျိုးတွေ အများကြီးကြုံရ တွေ့ခဲ့ရဖူးပါတယ် ။

ကိုယ်ပြောချင်တဲ့အရာနဲ့ သူတွေးနေတဲ့အရာတက်တက်စင်အောင်လွဲနေတဲ့အခါ ကိုယ်ဘယ်လောက်ပဲ သိစေချင် သိစေချင် နားလည်နိုင်မှာမှ မဟုတ်တာဆိုတဲ့အတွေးနဲ့ ဆက်ပြီး မပြောဖြစ်တော့ဘူး ။

လူတွေက . . . .တိတ်ဆိတ်ခြင်းတွေက ဝန်ခံခြင်းလို့တရားသေကြီးတွက်ပစ်လိုက်ကြတာ အရမ်းကို မှားပါတယ် တိတ်ဆိတ်နေတိုင်း မှန်လို့မဟုတ်ပဲ စိတ်ပျက်သွားလို့လဲ တိတ်ဆိတ်သွားနိုင်ပါတယ်ဆိုတဲ့အကြောင်းလေးလဲ သိထားစေချင်တယ် တစ်ခါတစ်လေမှာ ပြောစရာတွေ အများကြီးရှိနေရဲ့သားနဲ့ နှုတ်က ဘယ်လိုပြောလို့ပြောရမှန်းမသိဖြစ်သွားတဲ့ အဖြစ်ပျက်မျိုးကြုံဖူးကြတဲ့သူမှသာ နားလည်နိုင်တာပါ ။

များသောအားဖြင့် ကိုယ်မဟုတ်ပဲ စွပ်စွဲခံရတဲ့အခါ ငါမှန်နေတာပဲ ဆိုပြီး သူငြင်းကိုယ်ငြင်းနဲ့ ပြိုင်ပြီးပြောခဲ့တာထက် ငါ ရှင်းပြလို့လဲ သူမှ လက်ခံနိုင်တဲ့ စိတ်မှ မရှိတာဆိုပြီး ကိုယ့်မှာ နှုတ်ဆိတ်နေခဲ့ဖူးတယ် နောက်တစ်ခု . . . စိတ်ပျက်သွားတဲ့အခါ . . .ဥပမာ-တစ်စုံတစ်ယောက်ကို ကိုယ်ပြုပြင်ပေးလို့ရကောင်းပါရဲ့ဆိုပြီးတွေးမိထားတဲ့အရာလေးတစ်ခုကို အရင်ကလို စားစား သွားသွား ဘယ်အရာကိုမဆို အရိပ်တကြည့်နဲ့ ဘယ်နေရာမှာမဆို ကိုယ့်က တတွတ်တွတ်နဲကပေါ့ နောက်ဆုံး ငါ ပြင်လို့မရပါဘူးဆိုတဲ့ စိတ်ကြီးဝင်သွားတဲ့အခါ သူ ဘာပဲလုပ်နေ လုပ်နေ ဘာကိုမှ ပြောချင်စိတ်မရှိတော့တာမျိုးပေါ့ ။

မိန်းမသားတို့အတွက် ကျွန်မဘဝနှင့်ရင်းပြီးရခဲ့သော သင်ခန်းစာများ – သျှင်ယွန်း စာအုပ် City Mart နှင့် Ocean ဆိုင်တိုင်းတွင် ဝယ်ယူလို့ရပါပြီ

အဲ့လို စိတ်ပျက်မှုတွေကြောင့်လဲ ပြောစရာတွေ ရှိပေမယ့် တိတ်ဆိတ်သွားတတ်ပါတယ် ။အဆိုးဆုံးသော တိတ်ဆိတ်ခြင်းကတော့ မိန်းကလေးတစ်ယောက်ရဲ့ တိတ်ဆိတ်ခြင်းပေါ့ ။ မိန်းကလေးဆိုတာမျိုးက တော်ရုံတန်ရုံနဲ့ ပါးစပ်ပိတ်ပြီး မနေတတ်ကြဘူးလေ ။

ချစ်တဲ့သူအပေါ်ဆို ပိုလို့တောင် ပြောတတ်ကြသေးတယ် အမှားတွေ မြင်လာတဲ့ တခြားသူတွေ အပြစ်တင်မှာစိုးတဲ့စိတ်နဲ့ အရင်ပိုပြီး ပြောတတ်ကြတာမျိုးလေ ။ ဒါပေမယ့် အဲ့လို မိန်းကလေးတစ်ယောက်တိတ်ဆိတ်သွားတဲ့အနောက်မှာ တော်ရုံတန်ရုံ ဒဏ်ရာမျိုးတော့ မဖြစ်နိုင်ပါဘူး အလုံးစုံစိတ်ပျက်သွားတဲ့အခါ ဒါမှမဟုတ် စွန့်လွှတ်ပစ်လိုက်ဖို့အဆင်သင့်ဖြစ်သွားတဲ့အခါမှသာ မိန်းကလေးတစ်ယောက်က တိတ်ဆိတ်သွားတတ်တာမျိုးပါ ။

အမြဲတမ်းတိတ်ဆိတ်ခြင်းတိုင်းက ဝန်ခံခြင်းပါပဲလို့မသတ်မှတ်ပါနဲ့ ပြောစကားတွေရှိရှိရဲ့နဲ့ တိတ်ဆိတ်သွားတဲ့ နှုတ်ခမ်းတွေမှ အများကြီးပါ ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

တစ္ခါတစ္ေလမွာ . . .ျပန္ေျပာစရာမရွိလို႔တိတ္ဆိတ္သြားတာမ်ိဳးမဟုတ္ပဲ ျပန္ေျပာႏိုင္တဲ့အင္အားမရွိလို႔တိတ္ဆိတ္သြားတဲ့ အခါမ်ိဳးေတြ အမ်ားႀကီးႀကဳံရ ေတြ႕ခဲ့ရဖူးပါတယ္ ။

ကိုယ္ေျပာခ်င္တဲ့အရာနဲ႔ သူေတြးေနတဲ့အရာတက္တက္စင္ေအာင္လြဲေနတဲ့အခါ ကိုယ္ဘယ္ေလာက္ပဲ သိေစခ်င္ သိေစခ်င္ နားလည္ႏိုင္မွာမွ မဟုတ္တာဆိုတဲ့အေတြးနဲ႔ ဆက္ၿပီး မေျပာျဖစ္ေတာ့ဘူး ။

လူေတြက . . . .တိတ္ဆိတ္ျခင္းေတြက ၀န္ခံျခင္းလို႔တရားေသႀကီးတြက္ပစ္လိုက္ၾကတာ အရမ္းကို မွားပါတယ္ တိတ္ဆိတ္ေနတိုင္း မွန္လို႔မဟုတ္ပဲ စိတ္ပ်က္သြားလို႔လဲ တိတ္ဆိတ္သြားႏိုင္ပါတယ္ဆိုတဲ့အေၾကာင္းေလးလဲ သိထားေစခ်င္တယ္ တစ္ခါတစ္ေလမွာ ေျပာစရာေတြ အမ်ားႀကီးရွိေနရဲ႕သားနဲ႔ ႏႈတ္က ဘယ္လိုေျပာလို႔ေျပာရမွန္းမသိျဖစ္သြားတဲ့ အျဖစ္ပ်က္မ်ိဳးႀကဳံဖူးၾကတဲ့သူမွသာ နားလည္ႏိုင္တာပါ ။

မ်ားေသာအားျဖင့္ ကိုယ္မဟုတ္ပဲ စြပ္စြဲခံရတဲ့အခါ ငါမွန္ေနတာပဲ ဆိုၿပီး သူျငင္းကိုယ္ျငင္းနဲ႔ ၿပိဳင္ၿပီးေျပာခဲ့တာထက္ ငါ ရွင္းျပလို႔လဲ သူမွ လက္ခံႏိုင္တဲ့ စိတ္မွ မရွိတာဆိုၿပီး ကိုယ့္မွာ ႏႈတ္ဆိတ္ေနခဲ့ဖူးတယ္ ေနာက္တစ္ခု . . . စိတ္ပ်က္သြားတဲ့အခါ . . .ဥပမာ-တစ္စုံတစ္ေယာက္ကို ကိုယ္ျပဳျပင္ေပးလို႔ရေကာင္းပါရဲ႕ဆိုၿပီးေတြးမိထားတဲ့အရာေလးတစ္ခုကို အရင္ကလို စားစား သြားသြား ဘယ္အရာကိုမဆို အရိပ္တၾကည့္နဲ႔ ဘယ္ေနရာမွာမဆို ကိုယ့္က တတြတ္တြတ္နဲကေပါ့ ေနာက္ဆုံး ငါ ျပင္လို႔မရပါဘူးဆိုတဲ့ စိတ္ႀကီး၀င္သြားတဲ့အခါ သူ ဘာပဲလုပ္ေန လုပ္ေန ဘာကိုမွ ေျပာခ်င္စိတ္မရွိေတာ့တာမ်ိဳးေပါ့ ။

မိန္းမသားတို႔အတြက္ ကၽြန္မဘ၀ႏွင့္ရင္းျပီးရခဲ့ေသာ သင္ခန္းစာမ်ား – သွ်င္ယြန္း စာအုပ္ City Mart ႏွင့္ Ocean ဆိုင္တုိင္းတြင္ ၀ယ္ယူလို႔ရပါျပီ

အဲ့လို စိတ္ပ်က္မႈေတြေၾကာင့္လဲ ေျပာစရာေတြ ရွိေပမယ့္ တိတ္ဆိတ္သြားတတ္ပါတယ္ ။အဆိုးဆုံးေသာ တိတ္ဆိတ္ျခင္းကေတာ့ မိန္းကေလးတစ္ေယာက္ရဲ႕ တိတ္ဆိတ္ျခင္းေပါ့ ။ မိန္းကေလးဆိုတာမ်ိဳးက ေတာ္႐ုံတန္႐ုံနဲ႔ ပါးစပ္ပိတ္ၿပီး မေနတတ္ၾကဘူးေလ ။ ခ်စ္တဲ့သူအေပၚဆို ပိုလို႔ေတာင္ ေျပာတတ္ၾကေသးတယ္ အမွားေတြ ျမင္လာတဲ့ တျခားသူေတြ အျပစ္တင္မွာစိုးတဲ့စိတ္နဲ႔ အရင္ပိုၿပီး ေျပာတတ္ၾကတာမ်ိဳးေလ ။ ဒါေပမယ့္ အဲ့လို မိန္းကေလးတစ္ေယာက္တိတ္ဆိတ္သြားတဲ့အေနာက္မွာ ေတာ္႐ုံတန္႐ုံ ဒဏ္ရာမ်ိဳးေတာ့ မျဖစ္ႏိုင္ပါဘူး အလုံးစုံစိတ္ပ်က္သြားတဲ့အခါ ဒါမွမဟုတ္ စြန္႔လႊတ္ပစ္လိုက္ဖို႔အဆင္သင့္ျဖစ္သြားတဲ့အခါမွသာ မိန္းကေလးတစ္ေယာက္က တိတ္ဆိတ္သြားတတ္တာမ်ိဳးပါ ။

အၿမဲတမ္းတိတ္ဆိတ္ျခင္းတိုင္းက ၀န္ခံျခင္းပါပဲလို႔မသတ္မွတ္ပါနဲ႔ ေျပာစကားေတြရွိရွိရဲ႕နဲ႔ တိတ္ဆိတ္သြားတဲ့ ႏႈတ္ခမ္းေတြမွ အမ်ားႀကီးပါ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း