မိန်းကလေးတစ်ယောက်ကို ချစ်ရင် စကားကို ပေါ့ပျက်ပျက် မပြောပါနဲ့

မိန်းကလေးတစ်ယောက်ကို ချစ်ရင် စကားကို ပေါ့ပျက်ပျက် မပြောပါနဲ့

မိန်းကလေးဆိုတာမျိုးက အတွေးများတယ် ဖြစ်မလာသေးတဲ့အရာတွေ ဖြစ်လာလိမ့်မယ်လို့ မသေချာတဲ့အရာတွေကိုတောင် ကြိုတွေးပြီး ပူပန်ချင် ပူပန်နေတတ်သေးတာ

စကားတစ်လုံးကြားတဲ့အခါ ပထမဦးဆုံး နှလုံးသားထဲ ထည့်လိုက်တယ် ပြီးရင် ခံစားတယ် နောက်ဆုံးကျတော့မှ စဉ်းစားတယ်

မိန်းကလေးတိုင်းလို့ မဆိုလိုပေမယ့် မိန်းကလေးတော်တော်များများပါ ကျွန်မ အပါအဝင်ပေါ့

မိန်းမသားတို့အတွက် ကျွန်မဘဝနှင့်ရင်းပြီးရခဲ့သော သင်ခန်းစာများ – သျှင်ယွန်း စာအုပ် City Mart နှင့် Ocean ဆိုင်တိုင်းတွင် ဝယ်ယူလို့ရပါပြီ

ဒါကြောင့် ဘာမဟုတ်တာလေးနဲ့ ဘာလို့ ဒီလောက်ဖြစ်သွားတာလဲလို့ အထင်မလွဲနဲ့ ပုံကြီးချဲ့လိုက်တာလို့ မစွပ်စွဲနဲ့

အဲ့ဒီဘာမဟုတ်တာလေးနဲ့ တစ်ညလုံး ငိုချင်ငိုနေတတ်တာလေ တစ်ခါတစ်ရံ သူငါ့ကို မချစ်တော့ဘူးလို့ အတွေးနဲ့ အလေးမထားတဲ့ ပုံစံတွေနဲ့ ထပ်တူကျသွားတဲ့အခါ တစ်ဖက်မိန်းကလေးမှာ ကမ္ဘာတွေ ပျက်ချင်ပျက်နေတတ်တာ

ဒါတွေကြောင့်မိန်းကလေးတစ်ယောက်ကို တကယ်ချစ်ရင် စကားကို ပေါ့ပျက်ပျက် မပြောနဲ့

အတတ်နိုင်ဆုံး အလေးအနက်ထားပေးပါ ကျွန်မကို ချစ်ရင်ပေါ့ ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

မိန္းကေလးတစ္ေယာက္ကို ခ်စ္ရင္ စကားကို ေပါ့ပ်က္ပ်က္ မေျပာပါနဲ႔

မိန္းကေလးဆိုတာမ်ိဳးက အေတြးမ်ားတယ္ ျဖစ္မလာေသးတဲ့အရာေတြ ျဖစ္လာလိမ့္မယ္လို႔ မေသခ်ာတဲ့အရာေတြကိုေတာင္ ႀကိဳေတြးၿပီး ပူပန္ခ်င္ ပူပန္ေနတတ္ေသးတာ

စကားတစ္လုံးၾကားတဲ့အခါ ပထမဦးဆုံး ႏွလုံးသားထဲ ထည့္လိုက္တယ္ ၿပီးရင္ ခံစားတယ္ ေနာက္ဆုံးက်ေတာ့မွ စဥ္းစားတယ္

မိန္းကေလးတိုင္းလို႔ မဆိုလိုေပမယ့္ မိန္းကေလးေတာ္ေတာ္မ်ားမ်ားပါ ကြၽန္မ အပါအ၀င္ေပါ့

မိန္းမသားတို႔အတြက္ ကၽြန္မဘ၀ႏွင့္ရင္းျပီးရခဲ့ေသာ သင္ခန္းစာမ်ား – သွ်င္ယြန္း စာအုပ္ City Mart ႏွင့္ Ocean ဆိုင္တုိင္းတြင္ ၀ယ္ယူလို႔ရပါျပီ

ဒါေၾကာင့္ ဘာမဟုတ္တာေလးနဲ႔ ဘာလို႔ ဒီေလာက္ျဖစ္သြားတာလဲလို႔ အထင္မလြဲနဲ႔ ပုံႀကီးခ်ဲ႕လိုက္တာလို႔ မစြပ္စြဲနဲ႔

အဲ့ဒီဘာမဟုတ္တာေလးနဲ႔ တစ္ညလုံး ငိုခ်င္ငိုေနတတ္တာေလ တစ္ခါတစ္ရံ သူငါ့ကို မခ်စ္ေတာ့ဘူးလို႔ အေတြးနဲ႔ အေလးမထားတဲ့ ပုံစံေတြနဲ႔ ထပ္တူက်သြားတဲ့အခါ တစ္ဖက္မိန္းကေလးမွာ ကမာၻေတြ ပ်က္ခ်င္ပ်က္ေနတတ္တာ

ဒါေတြေၾကာင့္မိန္းကေလးတစ္ေယာက္ကို တကယ္ခ်စ္ရင္ စကားကို ေပါ့ပ်က္ပ်က္ မေျပာနဲ႔

အတတ္ႏိုင္ဆုံး အေလးအနက္ထားေပးပါ ကြၽန္မကို ခ်စ္ရင္ေပါ့ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း