လက်တွဲဖော်ကို နှလုံးသားနဲ့ရွေးချယ်ချင်တဲ့ မိန်းကလေးပါ

မိန်းကလေးဆိုတာကလေ အချစ်နဲ့ ပတ်သက်လာရင် တစ်ယောက်တည်းကို တစ်သက်လုံး ပုံအပ်ပြီး ချစ်ချင်ကြတာမျိုး

ချစ်တယ်ဆိုတဲ့စကားလုံးကို လွယ်လွယ်လေး ပြောချင်ကြတာမဟုတ်သလို အတင်းအကျပ်လုပ်ယူလို့ရတာမျိုးလဲ မဟုတ်ဘူးလေ

ကျွန်မလဲ မိန်းမသားထဲက မိန်းမ တစ်ယောက်ပါပဲ အချစ်ကို ကိုးကွယ်ချင်ခဲ့ဖူးပါတယ်

အချစ်က ကိုယ့်အပေါ် လုံခြုံမှုပေးနိုင်မယ်လို့ ထင်ခဲ့ဖူးပါတယ်ပြီးတော့ ယုံကြည်ကိုးစားခဲ့ဖူးတယ်

ရည်းစားများလိုက်တာဆိုတဲ့ ခေါင်းစဉ်မျိုး ကျွန်မ မလိုချင်ခဲ့ဘူး တစ်ယောက်တည်းကိုပဲ သေတဖန်သက်တစ်ဆုံးချစ်ချင်ခဲ့တာပါ

အချစ်နဲ့ ပတ်သက်လာရင် သာမန်ထက်ပိုပြီး အစွဲအလမ်းကြီးတတ်တာကလဲ ကျွန်မရဲ့ အားနည်းချက်တစ်ခုပါပဲ

ကိုယ်ချစ်သလို ပြန်ပြီး ချစ်စေလိုတဲ့ အတ္တ မိန်းမတိုင်းမှာ ရှိတယ် ကိုယ့်ထက်ပိုပြီး တခြားတစ်ယောက်ကို အရေးမပေးစေလိုတဲ့ အတ္တ မိန်းမတိုင်းမှာရှိတယ်

ချစ်မိရင် ဖြစ်တတ်တဲ့ အတ္တတွေပါ မယုံကြည်တာလားဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ပူတာပါလို့ ကျွန်မ ဖြေခဲ့ဖူးတယ်

မိန်းမသားတို့အတွက် ကျွန်မဘဝနှင့်ရင်းပြီးရခဲ့သော သင်ခန်းစာများ – သျှင်ယွန်း စာအုပ် City Mart နှင့် Ocean ဆိုင်တိုင်းတွင် ဝယ်ယူလို့ရပါပြီ

တကယ် စိတ်ပူတာပါ တစ်ခုခု ထိခိုက်နာကျင်သွားမှာက အစ ဖျားနာမှာအဆုံးပေါ့ ကျွန်မကြောင့် ကိုယ်ချစ်ရတဲ့ လူအပေါ် မနစ်နာစေချင်သလို ဘယ်သူ့ကြောင့်မှလဲ သူ့ကို မထိခိုက်စေချင်ခဲ့ဘူး

ဝမ်းနည်းတဲ့အခါ ဖြေသိမ့်ပေးဖို့ အသင့်ပါ ပျော်ရွှင်တဲ့အခါ အတူတူရယ်မောဖို့လဲ အသင့်ပါ ဘဝရဲ့လက်တွဲဖော်ကို ဥိးဏှောက်နဲ့ ရွေးချယ်တတ်တဲ့ မိန်းမတစ်ယောက်မဟုတ်ဘူး

နှလုံးသားနဲ့ ရွေးချယ်ချင်တဲ့ မိန်းမပါ ကိုယ့်ချစ်ရသူနဲ့အတူ ကောင်းတူဆိုးဖက် ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ခဲ့တာ

အယုံလွယ်တယ်လို့လဲ ဘယ်ဟုတ်ပါ့မလဲ ယုံကြည်ချင်တာအားကိုးချင်တာပါ ဒီလိုကြောင့်ပဲ ကျွန်မမှာ အချစ်နဲ့ ပတ်သက်ပြီး ဒဏ်ရာ ဒဏ်ချက်များတယ် ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

မိန္းကေလးဆိုတာကေလ အခ်စ္နဲ႔ ပတ္သက္လာရင္ တစ္ေယာက္တည္းကို တစ္သက္လုံး ပုံအပ္ၿပီး ခ်စ္ခ်င္ၾကတာမ်ိဳး

ခ်စ္တယ္ဆိုတဲ့စကားလုံးကို လြယ္လြယ္ေလး ေျပာခ်င္ၾကတာမဟုတ္သလို အတင္းအက်ပ္လုပ္ယူလို႔ရတာမ်ိဳးလဲ မဟုတ္ဘူးေလ

ကြၽန္မလဲ မိန္းမသားထဲက မိန္းမ တစ္ေယာက္ပါပဲ အခ်စ္ကို ကိုးကြယ္ခ်င္ခဲ့ဖူးပါတယ္

အခ်စ္က ကိုယ့္အေပၚ လုံၿခဳံမႈေပးႏိုင္မယ္လို႔ ထင္ခဲ့ဖူးပါတယ္ၿပီးေတာ့ ယုံၾကည္ကိုးစားခဲ့ဖူးတယ္

ရည္းစားမ်ားလိုက္တာဆိုတဲ့ ေခါင္းစဥ္မ်ိဳး ကြၽန္မ မလိုခ်င္ခဲ့ဘူး တစ္ေယာက္တည္းကိုပဲ ေသတဖန္သက္တစ္ဆုံးခ်စ္ခ်င္ခဲ့တာပါ

အခ်စ္နဲ႔ ပတ္သက္လာရင္ သာမန္ထက္ပိုၿပီး အစြဲအလမ္းႀကီးတတ္တာကလဲ ကြၽန္မရဲ႕ အားနည္းခ်က္တစ္ခုပါပဲ

ကိုယ္ခ်စ္သလို ျပန္ၿပီး ခ်စ္ေစလိုတဲ့ အတၱ မိန္းမတိုင္းမွာ ရွိတယ္ ကိုယ့္ထက္ပိုၿပီး တျခားတစ္ေယာက္ကို အေရးမေပးေစလိုတဲ့ အတၱ မိန္းမတိုင္းမွာရွိတယ္

ခ်စ္မိရင္ ျဖစ္တတ္တဲ့ အတၱေတြပါ မယုံၾကည္တာလားဆိုတဲ့ ေမးခြန္းတိုင္းကို စိတ္ပူတာပါလို႔ ကြၽန္မ ေျဖခဲ့ဖူးတယ္

မိန္းမသားတို႔အတြက္ ကၽြန္မဘ၀ႏွင့္ရင္းျပီးရခဲ့ေသာ သင္ခန္းစာမ်ား – သွ်င္ယြန္း စာအုပ္ City Mart ႏွင့္ Ocean ဆိုင္တုိင္းတြင္ ၀ယ္ယူလို႔ရပါျပီ

တကယ္ စိတ္ပူတာပါ တစ္ခုခု ထိခိုက္နာက်င္သြားမွာက အစ ဖ်ားနာမွာအဆုံးေပါ့ ကြၽန္မေၾကာင့္ ကိုယ္ခ်စ္ရတဲ့ လူအေပၚ မနစ္နာေစခ်င္သလို ဘယ္သူ႔ေၾကာင့္မွလဲ သူ႔ကို မထိခိုက္ေစခ်င္ခဲ့ဘူး

၀မ္းနည္းတဲ့အခါ ေျဖသိမ့္ေပးဖို႔ အသင့္ပါ ေပ်ာ္႐ႊင္တဲ့အခါ အတူတူရယ္ေမာဖို႔လဲ အသင့္ပါ ဘ၀ရဲ႕လက္တြဲေဖာ္ကို ဥိးေဏွာက္နဲ႔ ေ႐ြးခ်ယ္တတ္တဲ့ မိန္းမတစ္ေယာက္မဟုတ္ဘူး

ႏွလုံးသားနဲ႔ ေ႐ြးခ်ယ္ခ်င္တဲ့ မိန္းမပါ ကိုယ့္ခ်စ္ရသူနဲ႔အတူ ေကာင္းတူဆိုးဖက္ ဘ၀ကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျဖတ္သန္းခ်င္ခဲ့တာ

အယုံလြယ္တယ္လို႔လဲ ဘယ္ဟုတ္ပါ့မလဲ ယုံၾကည္ခ်င္တာအားကိုးခ်င္တာပါ ဒီလိုေၾကာင့္ပဲ ကြၽန္မမွာ အခ်စ္နဲ႔ ပတ္သက္ၿပီး ဒဏ္ရာ ဒဏ္ခ်က္မ်ားတယ္ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း