ကိုယ်နာကျင်ရသလို နာကျင်ရပါစေဆိုတဲ့ ဆု ဘယ်တော့မှ မတောင်းဘူး

ကိုယ်နာကျင်ရသလို နာကျင်ရပါစေဆိုတဲ့ ဆု ဘယ်တော့မှ မတောင်းဘူး

အပေါ်ကောင်းတဲ့လူတွေအပေါ် ကိုယ်က နှစ်ဆပြန်ကောင်းတယ် ကိုယ့်အပေါ်မကောင်းတဲ့အခါ လျစ်လျူရှုပစ်လိုက်တယ်

ဝဋ်ဆိုတာ သံသရာတစ်ပတ်ပြည့်စရာမလိုပါဘူး အချိန်တန်ရင် အော်တို လည်ပါတယ်

ကိုယ့်အပေါ် ယုတ်မာနိုင်တဲ့လူတွေလဲ ယုတ်မာပါ မကောင်းပြောတဲ့လူတွေလဲ ပြောပါစေ

သူ့ထိုက်နဲ့ သူ့ကံဆိုတာ သိတယ်မလား အဓိကက ကိုယ်အနေမှန်နေဖို့ပဲလိုတာ ဝဋ်ဆိုတာကို ပြန်ပြီးမလည်လာသေးလို့ ပြုံးပြီးနေနိုင်တာပါ

တစ်နေ့ ဝဋ်ပြန်လည်တဲ့အခါ ကိုယ့်နာမည်လေး အမှတ်ရနေပါစေ ကိုယ့်နည်းတူလဲ ခံနိုင်ရည်ရှိပါစေပေါ့

သူ့အကုသိုလ်ကို ကိုယ့်အကုသိုလ်မဖြစ်စေဖို့ပဲ လိုတာပါ မကောင်းကြံတဲ့လူက မကောင်းတဲ့ဒဏ်ပြန်ခံရမှာ သဘာဝပဲ

လျှာရှည်ပြီး ကျိန်စာတိုက်မနေနဲ့ သူ့အချိန်မတန်သေးလို့ မော်ကြွားနေနိုင်တာပါ သူ့အချိန်ရောက်လာတဲ့အခါ ရေသောက်ရင်းတောင် အဆိပ်ဖြစ်ချင်ဖြစ်နေတတ်တာလေ

ကိုယ့်လမ်းကိုယ်လျှောက် ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ကိုယ့်အပေါ် ကောင်းတဲ့လူတွေအပေါ် တန်ဖိုးထားပါ အချိန်ပေးပါ

မိန်းမသားတို့အတွက် ကျွန်မဘဝနှင့်ရင်းပြီးရခဲ့သော သင်ခန်းစာများ – သျှင်ယွန်း စာအုပ် City Mart နှင့် Ocean ဆိုင်တိုင်းတွင် ဝယ်ယူလို့ရပါပြီ

မုန်းနေတဲ့လူတစ်ယောက်အတွက် ကိုယ့်အချိန်တွေ အကုန်မခံနဲ့ ကိုယ့်အပြုံးတွေ မငြိုးသွားစေနဲ့

ဘဝက နေတတ်ရင် ကျေနပ်စရာဆိုပေမယ့် စိတ်လဲ ဖြေတတ်ဖို့ လိုသေးတယ်

မဟုတ်ရင် အရာရာကို ရင်ဘတ်ထဲ သွပ်သိပ်ထည့်ပြီး လေးကန်နေမှာပေါ့

ဘဝဆိုတာတိုတိုလေးပါ ကိုယ့်အပေါ် မုန်းတီးနေတဲ့လူတွေအတွက် အချိန်ကုန်မခံနဲ့

ကိုယ့်ကို ချစ်ခင်ကြင်နာသူတွေအတွက် အချိန်ပေးပါ အပင်ပန်းခံပြီး ကိုယ်နာကျင်ရသလို နာကျင်ပါစေဆိုတဲ့ဆု တောင်းနေဖို့မလိုဘူး

အချိန်တန်တဲ့အခါ ဝဋ်ဆိုတာကြီးက သူ့အလုပ်သူ လုပ်လိမ့်မယ် ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

















မိန်းမသားတို့အတွက်

သျှင်ယွန်း