ကိုယ့်ကိုယ်ကိုယ်လဲ သနားပါဦး

နာကျင်စေမှန်းသိရဲ့နဲ့ မပြတ်မသားနဲ့ ဆက်ပြီးဆုတ်ကိုင်ထားတာ မပင်ပန်းလွန်းဘူးလား ဒဏ်ရာဒဏ်ချက်တွေကော ဘယ်လောက်များခဲ့ရပြီးပြီလဲ စိတ်မနာတတ်လို့များလား ခံနိုင်ရည်ပဲ သိပ်ရှိလွန်းနေတာလား တစ်ခါတစ်လေကျပြန်တော့လဲ ကိုယ့်ကိုယ်ကိုယ် မှန်ထဲကြည့်ပြီး ဘယ်လောက်သနားစရာကောင်းနေလဲဆိုတာ ပြန်ကြည့်ပါဦး ။

အပေါ်ယံတွေကို အတည်ကြီးတွေထင်ပြီး အနာဂတ်တွေအ ထိ စိတ်ကူးတွေထိုင်ယဉ်ခဲ့မိတာတွေ လိုချင်တာရှိလို့ ပြုံးရယ်ပြနေတာကို ကိုယ့်ကို လိုအပ်လွန်းနေတယ်လို့ အပိုတွေ တွေးထင်ခဲ့မိတာတွေ ကုန်ကုန်ပြောရရင် ကိုယ့်ကို လှည့်စားနေတာကို အချစ်စစ်လို့ ခေါင်းစဉ်တပ်မိတာတွေ သေချာပြန်စဉ်းစားကြည့်ပါဦး တစ်ဖန်ပြန်ပြီး ကိုယ့်ကိုကိုယ်လဲ သနားပါဦး ။

ကိုယ်မရှိရင် ဘယ်လိုများနေမလဲလို့ တွေးခဲ့သလို ဘယ်သူကမှ ကိုယ်ဘယ်လောက်များ ပင်ပန်းနေမလဲလို့ မတွေးခဲ့ကြပါဘူး ကိုယ့်အတွက် ကိုယ်ကိုယ်တိုင်ပဲ ပြန်လှည့်ကြရမှာလေ ကိုယ်လဲကျတဲ့အခါ ကိုယ်အဆင်မပြေတဲ့အခါ ဘယ်သူများရှိလို့လဲ ကိုယ်ကိုယ်တိုင်ပဲ ပြန်ရုန်းထရမှာလေ မဟုတ်ဘူးလား

မိန်းမသားတို့အတွက် ကျွန်မဘဝနှင့်ရင်းပြီးရခဲ့သော သင်ခန်းစာများ – သျှင်ယွန်း စာအုပ် City Mart နှင့် Ocean ဆိုင်တိုင်းတွင် ဝယ်ယူလို့ရပါပြီ

တစ်ကြိမ်တစ်ခါတည်းပါ တခြားသူဘဝတွေကိုပဲ စာနာပြီး တစ်ခြားသူတစ်ယောက်ကိုပဲ နားလည်ဖို့ ကြိုးစားရင်းနဲ့ အချိန်တွေ အများကြီး မဖြုန်းမိပါစေနဲ့

ကိုယ်ကိုယ်တိုင်လဲ မေးခွန်းလေးတစ်ခု မေးကြည့်ပါ ငါ ရော တကယ်ပျော်နေရဲ့လား ဆိုတဲ့မေးခွန်းမျိုးပေါ့ ။

မိန်းမသားတို့အတွက်

သျှင်ယွန်း

နာက်င္ေစမွန္းသိရဲ႕နဲ႔ မျပတ္မသားနဲ႔ ဆက္ၿပီးဆုတ္ကိုင္ထားတာ မပင္ပန္းလြန္းဘူးလား ဒဏ္ရာဒဏ္ခ်က္ေတြ​​ေကာ ဘယ္ေလာက္မ်ားခဲ့ရၿပီးၿပီလဲ စိတ္မနာတတ္လို႔မ်ားလား ခံႏိုင္ရည္ပဲ သိပ္ရွိလြန္းေနတာလား တစ္ခါတစ္ေလက်ျပန္ေတာ့လဲ ကိုယ့္ကိုယ္ကိုယ္ မွန္ထဲၾကည့္ၿပီး ဘယ္ေလာက္သနားစရာေကာင္းေနလဲဆိုတာ ျပန္ၾကည့္ပါဦး ။

အေပၚယံေတြကို အတည္ႀကီးေတြထင္ၿပီး အနာဂတ္ေတြအ ထိ စိတ္ကူးေတြထိုင္ယဥ္ခဲ့မိတာေတြ လိုခ်င္တာရွိလို႔ ၿပဳံးရယ္ျပေနတာကို ကိုယ့္ကို လိုအပ္လြန္းေနတယ္လို႔ အပိုေတြ ေတြးထင္ခဲ့မိတာေတြ ​ကုန္ကုန္ေျပာရရင္ ကိုယ့္ကို လွည့္စားေနတာကို အခ်စ္စစ္လို႔ ေခါင္းစဥ္တပ္မိတာေတြ ေသခ်ာျပန္စဥ္းစားၾကည့္ပါဦး တစ္ဖန္ျပန္ၿပီး ကိုယ့္ကိုကိုယ္လဲ သနားပါဦး ။

ကိုယ္မရွိရင္ ဘယ္လိုမ်ားေနမလဲလို႔ ေတြးခဲ့သလို ဘယ္သူကမွ ကိုယ္ဘယ္ေလာက္မ်ား ပင္ပန္းေနမလဲလို႔ မေတြးခဲ့ၾကပါဘူး ကိုယ့္အတြက္ ကိုယ္ကိုယ္တိုင္ပဲ ျပန္လွည့္ၾကရမွာေလ ကိုယ္လဲက်တဲ့အခါ ကိုယ္အဆင္မေျပတဲ့အခါ ဘယ္သူမ်ားရွိလို႔လဲ ကိုယ္ကိုယ္တိုင္ပဲ ျပန္႐ုန္းထရမွာေလ မဟုတ္ဘူးလား

မိန္းမသားတို႔အတြက္ ကၽြန္မဘ၀ႏွင့္ရင္းျပီးရခဲ့ေသာ သင္ခန္းစာမ်ား – သွ်င္ယြန္း စာအုပ္ City Mart ႏွင့္ Ocean ဆိုင္တုိင္းတြင္ ၀ယ္ယူလို႔ရပါျပီ

တစ္ႀကိမ္တစ္ခါတည္းပါ တျခားသူဘ၀ေတြကိုပဲ စာနာၿပီး တစ္ျခားသူတစ္ေယာက္ကိုပဲ နားလည္ဖို႔ ႀကိဳးစားရင္းနဲ႔ အခ်ိန္ေတြ အမ်ားႀကီး မျဖဳန္းမိပါေစနဲ႔

ကိုယ္ကိုယ္တိုင္လဲ ေမးခြန္းေလးတစ္ခု ေမးၾကည့္ပါ ငါ ေရာ တကယ္ေပ်ာ္ေနရဲ႕လား ဆိုတဲ့ေမးခြန္းမ်ိဳးေပါ့ ။

မိန္းမသားတို႔အတြက္

သွ်င္ယြန္း